Main menu

Background

Tuesday, 14 Mar 2017

 မြန်မာ -အိန္ဒိယနယ်စပ်ရှိ ကုန် သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၈ သန်းတန်ဖိုးရှိ  ကွမ်းသီး ၆၄၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ၅၃၃ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၁၅ တန်ပိုမိုတင်ပို့နိုင် တယ်လို့ သိရပါတယ်။
တင်ပို့မှုကိုကြည့်ပါက တမူးကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၁ သန်းတန်ဖိုးရှိ ကွမ်း သီး ၁၂ တန်နဲ့ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၇ သန်းတန်ဖိုးရှိ ကွမ်းသီး ၆၃၆ တန်ကို တင်ပို့နိုင်တယ်လို့ သိရပါတယ်။

Thursday, 9 Mar 2017

 မြန်မာ -အိန္ဒိယနယ်စပ်ရှိ ကုန် သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၈ သန်းတန်ဖိုးရှိ  ကွမ်းသီး ၆၄၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ၅၃၃ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၁၅ တန်ပိုမိုတင်ပို့နိုင် တယ်လို့ သိရပါတယ်။
တင်ပို့မှုကိုကြည့်ပါက တမူးကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၁ သန်းတန်ဖိုးရှိ ကွမ်း သီး ၁၂ တန်နဲ့ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၇ သန်းတန်ဖိုးရှိ ကွမ်းသီး ၆၃၆ တန်ကို တင်ပို့နိုင်တယ်လို့ သိရပါတယ်။

Thursday, 9 Mar 2017

ဖေဖော်ဝါရီ ၁၉ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း မန်ကျည်း ၇၉၆ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ် ပတ်မှာတော့ ပါကစ္စတန်နိုင်ငံသို့ ၅၉၈ တန်၊ စင်ကာပူနိုင်ငံသို့ ၂၃ ဒသမ ၅ တန် ထိုင်းနိုင်ငံသို့ တန်ချိန် ၁၀၀ နဲ့ ဗီယက်နမ်နိုင်ငံသို့ ၇၅ တန် တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ တန်ချိန် ၂၇၅တန်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၅၂၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်   မန်ကျည်း တင်ပို့မှုမှ ကန်ဒေါ်လာ ၂၅၇၇၀၆ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။
သီတာဝင်း(DOT)

Thursday, 9 Mar 2017

ပင်လယ်ရေကြောင်း ကုန်သွယ် မှုလမ်းမှ ဖေဖော်ဝါရီ ၁၉  ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း နနွင်း ၉၇ တန် တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် နနွင်း(ရှမ်းစ) ၂၂ တန်ကို စင်ကာပူနိုင်ငံ သို့လည်းကောင်း၊  နနွင်း(ရှမ်းစ) ၇၅ တန်ကို   မလေးရှားနိုင်ငံသို့   လည်း ကောင်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် တင်ပို့တန်ချိန် ၁၂၆ တန်ကျော်နဲ့နှိုင်းယှဉ်ရင် ၂၉တန်ကျော် တင်ပို့မှု လျော့ခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၆၇၀၁၅ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။
သီတာဝင်း(DOT)

 

Wednesday, 8 Mar 2017

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ကန်ပိုက်တီ စခန်းစုံမှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၈၀၅ သန်းတန်ဖိုးရှိ ဖရဲသီး ၂၉၁၇၂ တန်ခွဲကို တရုတ်နိုင်ငံသို့  တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ ၂၇၅၈၀ တန်၊ လွယ်ဂျယ်မှ  ၃၆၄ တန်၊ ချင်းရွှေဟော်မှ ၁၈ တန်ခွဲနဲ့ ကန်ပိုက်တီမှ ၁၂၁၀ တန်  ဖြစ်ပါတယ်။ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ သုည ဒသမ ၈၂၂ သန်းတန်ဖိုးရှိ သခွားမွှေး ၄၀၃၀ တန်ကိုလည်း တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က အဆိုပါစခန်းလေးခုပေါင်းမှ ဖရဲသီး ၂၆၆၂၆ တန်ခွဲနဲ့ သခွားမွှေး ၁၁၅၀ တန် သာတင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ဖရဲသီး ၂၅၄၆

Wednesday, 8 Mar 2017

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅၈၅၄၂၀ တန်ဖိုးရှိ ငွေချည်-၆-ဝါဂွမ်း ၂၆၆ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ်က ၁၁၂ တန်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မူဆယ်မှ တရုတ်နိုင်ငံ သို့ ဝါဂွမ်းတန် ၁၅၀ ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။
စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နဲ့ ပခုက္ကူခရိုင်တွေမှာ လစဉ် သရုပ်ပြပွဲများ၊ ဝါအကြောင်း သိကောင်းစရာများ၊ စိုက်ပျိုးနည်းစနစ်များ ရှင်းလင်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
မော်မော်အောင်

Wednesday, 8 Mar 2017

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၁၀၀၀ တန်ဖိုးရှိ ပျားရည် တန်ချိန် ၃၀ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၃၂ တန်တင်ပို့ခဲ့တဲ့အတွက် မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပျားရည်ပုံမှန် တင်ပို့နေတယ်လို့ သိရပါတယ်။

Wednesday, 8 Mar 2017

ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ ရက်သတ္တပတ် အတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၁၇၉၀၁ တန်ဖိုးရှိ လက်ဖက် ခြောက် ၄၆ တန်နီးပါးကို  ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က အပို့မရှိဘဲ ဖေဖော်ဝါရီလဆန်းက ၇၅ တန်နီးပါး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ လက်ဖက်အခါးခြောက်ကို ဂျာမနီနိုင်ငံသို့ တင်ပို့ရောင်းချကြောင်းလည်း သိရပါတယ်။ ရှမ်းပြည်နယ်ရှိ စံပြလက်ဖက်ခြောက် စက်ရုံတွင် အခြောက်ခံ ၍ ထွက်ရှိတဲ့ လက်ဖက်ခြောက်ကို စံချိန်စံညွှန်းမီသဖြင့် ဂျာမနီနိုင်ငံမှ ဝယ်ယူခြင်းဖြစ်ကြောင်း သိရပါတယ်။
မော်မော်အောင်

Wednesday, 8 Mar 2017

  ကလေး၊ တမူးဒေသထွက် မျောက်ငိုသီးများ အထွက် လှိုင်နေပြီဖြစ်၍ တမူးနန့်ဖါလုံဈေးသို့နေ့စဉ်ဆိုင်ကယ်စီးရေ ၃၀ ခန့် ပုံမှန်တင်ပို့နေပြီဖြစ်ကြောင်း ဒေသခံခြံရှင်များထံမှ သိရပါတယ်။ မျောက်ငိုပင်သည် စိန်ပန်းပင်နှင့် သဏ္ဌာန် တူပြီး အသီးကအခိုင်လိုက်ကိုင်းများမှာ သီးပါတယ်။ ပင်စည် ချောကာ သစ်ပင်တက်ကျွမ်းကျင်သော မျောက်များပင်တက် ရန်ခက်ခဲ၍ ဒေသခေါ်မျောက်ငိုပင်လို့  လူသိများပါတယ်။ အိန္ဒိယကသည်းလူမျိုးများ နှစ်ခြိုက်စွာ စားသုံးပြီး၊ မျောက်ငို သီးစားပွဲတော်များပင် နှစ်စဉ်ကျင်းပလေ့ရှိကြောင်း သိရပါ တယ်။

Wednesday, 1 Mar 2017

ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၂ ရက်အတွင်း ကယားပြည်နယ် လွိုင်ကော်မြို့မှ မူဆယ်ဈေးကွက်သို့ တစ်ရက် လျှင် ပြောင်းတန်ချိန် ၁၀၀ ခန့်တင်ပို့လျက်ရှိရာ ယခု တစ်ပတ်အတွင်း တန်ချိန်ပေါင်း ၅၉၉ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

Pages