Main menu

Background

Wednesday, 19 Oct 2016

အကောက်ခွန်ဦးစီးဌာနသည် ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးထားသည့် သွင်းကုန်လိုင်စင်ခွင့်ပြုချက်၊ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးထားသည့် သွင်းကုန်ကြေညာလွှာတို့တွင် ပါရှိသည့် အချက်များနှင့် ကွဲလွဲ တင် သွင်းလာခြင်းနှင့် ပိုမို တင် သွင်းလာခြင်းတို့အား စစ်ဆေးတွေ့ရှိခဲ့ရသည့်  CMPပစ္စည်းများအား တင်သွင်းလာသည့် ကုမ္ပဏီနှစ်ခုအား စစ်ဆေးအရေးယူလျက်ရှိ ကြောင်း အကောက်ခွန်ဦးစီး ဌာန၏ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါကုမ္ပဏီနှစ်ခုမှာ East Growth Garment Co., Ltd. နှင့် Tek Nay Wunn Ni Manufacturing Co., Ltd. တို့ဖြစ်ကြောင်း သိရသည်။ East Growth Garment Co., Ltd.

Wednesday, 19 Oct 2016

         မြိတ်ကုန်သွယ်ရေးစခန်းရဲ့ စက်တင်ဘာလအတွင်းလျာထားချက်မှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၀ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာသုံး သန်းရှိခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃ သန်း ဖြစ် ပြီး ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉၈၆ သန်း၊ သွင်းကုန်အမေရိကန် ဒေါ်လာ ၃ ဒသမ ၈၀၂ သန်းအထိ ရရှိအောင် ဆောင်ရွက်နိုင်တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇၈၈ သန်းဆောင်ရွက်ခဲ့ပါတယ်။ လျာထားချက်အပေါ်ဆောင်ရွက်နိုင်မှုမှာ ၁၁၃ ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်တဲ့အတွက် မြိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် လျာထားချက်ထက်ကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မြိတ်ကုန်သွယ်ရေး စခန်းရဲ့စက်တင်ဘာလကုန်သွယ်မှုကို

Wednesday, 19 Oct 2016

         မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းအနေဖြင့် မြန်မာနိုင်ငံဘက်ရောဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ပါ လူဝင်လူထွက်များ ပိတ်ထားခြင်း၊ညမထွက်ရအမိန့်လည်း ထုတ်ထားခြင်းတို့ကြောင့် ကျောင်း များလည်း ပိတ်ထားကြောင်း၊ ကုန်သွယ်မှုပြုလုပ်ခြင်းကို ကုန်သည်လုပ်ငန်းရှင် များအနေဖြင့် ခေတ္တရပ်နားထားကြောင်း၊ မောင်တောတွင် အနယ်နယ် အရပ်ရပ်မှလာရောက် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနက် မိမိနေရပ်ဒေသများသို့ ပြန်ကြသောဝန်ထမ်းများလည်း ရှိသ ကဲ့သို့စစ်တွေမြို့သို့လည်းသွားရောက်နေထိုင် ကြသည့် ဝန်ထမ်းများလည်း ရှိကြောင်းသတင်း ရရှိပါသည်။

 

မော်မော်အောင်

Tuesday, 11 Oct 2016

          စက်တင်ဘာ နောက်ဆုံးပတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ  ၁၂၂၂၅၀ သန်း တန်ဖိုးရှိ ကြက်သွန်နီ တန်၇၅၀ ကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ  မြဝတီ ကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၃၆၅၁၅ တန်ဖိုးရှိ ကြက်သွန်နီ ၄၆၅ တန်ကျော်ကိုလည်းကောင်း တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်တစ်ပတ်မှာ မူဆယ်မှ ၆၂၈တန်နဲ့ မြဝတီမှ ၃၁၄တန် တင်ပို့ ခဲ့လို့ ယခုတစ်ပတ် မူဆယ်နဲ့ မြ ဝတီမှ ကြက်သွန်နီ ပိုမိုတင်ပို့လာ တာ တွေ့ရပါတယ်။

Thursday, 6 Oct 2016

       စက်တင်ဘာ   ၁၇ရက်မှ ၂၃ ရက်သီတင်းပတ် အတွင်း မြန်မာ-အိန္ဒိယနယ်စပ် မှ အိန္ဒိယနိုင်ငံသို့ အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၂၃၀ သန်းတန်ဖိုးရှိ ကွမ်းသီးတန် ၁၂၀၀ကျော်ကို တင်ပို့ခဲ့ပါတယ်။ စက်တင်ဘာ ဒုတိယ ပတ်က ကွမ်းသီးတန် ၆၈၈ ကျော်သာ တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်မှာ တန် ၆၀၀ ပိုမိုတင်ပို့နိုင်တယ်လို့ ကုန် သွယ်ရေးစခန်းမှသိရပါတယ်။ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၈၅ သန်း တန်ဖိုးရှိ ကွမ်းသီးတန် ၆၀၀ ကျော်နဲ့ ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၄၅ သန်းတန်ဖိုးရှိ  ကွမ်းသီးတန် ၆၀၀ အသီးသီး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် မှာ တမူးကုန်သွယ်ရေးစခန်းမှရော  ရိဒ်ကုန်သွယ်ရေး စခန်းကပါ ပိုမိ

Thursday, 6 Oct 2016

       စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက် အထိ သီတင်းပတ်အတွင်း စစ်တွေ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၇၃ သန်းတန်ဖိုးရှိ ရေချိုငါးမြစ် ချင်း တန် ၇၀ ခန့် တင်ပို့ခဲ့ပါတယ်။ စ က်တင်ဘာလဆန်းပိုင်းမှစပြီး တင်ပို့ ခဲ့ခြင်းမရှိတဲ့ ရေချိုငါးမြစ်ချင်းများကို စက်တင်ဘာ တတိယပတ်မှသာ ပြန် လည်တင်ပို့နိုင်တာတွေ့ရပါတယ်။ ပြီးခဲ့ တဲ့ သြဂုတ်လတစ်လလုံးမှာ ရေချိုငါးမြစ်ချင်းတန် ၃၀၀ ကျော် တင်ပို့ခဲ့တယ် လို့ ကုန်သွယ်ရေးစခန်းမှ သိရပါတယ်။

Thursday, 6 Oct 2016

         မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၂၂၄ သန်းတန်ဖိုးရှိ ရေထွက်ကုန်ပစ္စည်း ၁၀၄၃ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၉၈ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၁၁၅၂ တန်ကျော် တင်ပို့ခဲ့တာ ကြောင့် ယခုတစ်ပတ်မှာ ရေထွက်ကုန်တန်ချိန်အနေနဲ့ ၁၀၉ တန်လျော့နည်းပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၂၆ သန်း ပိုမိုလာတာတွေ့ရပါတယ်။

Thursday, 6 Oct 2016

     တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ITC)ဖြင့်ကုန်သွယ်မှုကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စပြီး တမူး ကုန်သွယ်ရေးစခန်းမှ စတင်၍ ခွင့်ပြုခဲ့ပါတယ်။ ကျန် ကုန်သွယ်ရေး စခန်းများတွင်လည်း ITC ကတ်နဲ့ ကုန်သွယ်မှု ဆောင်ရွက်ခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင် ဘာ ၉ ရက်အထိ ITC ကတ် ၅၅ ကတ်ထုတ်ပေးခဲ့ပါ တယ်။ ကုန်သွယ်ရေးစခန်းများ၌ ITCကတ်ကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် တွင် ၂၉၂ ကတ်၊၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ၂၆၁ ကတ်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၃၁၅ ကတ် ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၄၆ကတ် စုစုပေါင်း ITC ၁၀၇၀ ကတ် ခွင့်ပြု ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

Tuesday, 4 Oct 2016

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လက်ရှိပြောင်းလဲတိုးတက်လာသော အခြေအနေအရ နိုင်ငံခြားသား ဝင်ရောက်မှုများပြားလာခြင်း၊ ပြည်တွင်းဈေးကွက် လိုအပ်ချက်ရှိခြင်း တို့ကြောင့် နိုင်ငံခြား ဖြစ် ဝိုင်အမျိုးမျိုးကို တင်သွင်းခွင့်ပြုခဲ့ပါသည်။

Friday, 30 Sep 2016

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၈၈ သန်းတန်ဖိုး ရှိ ပရဆေးကုန်ကြမ်းအမယ် ၁၄ မျိုးကို တန် ၅၀၀ နီးပါး တင်ပို့ ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့  တောချင်း၊ တောဂျူးမြစ်၊ ကွမ်းသီးခွံ၊ ကွမ်းစားဂမုန်း၊  ဆီးဆန်၊ နေလဲစေ့၊ ကြောင်လျှာစေ့၊  ကြောင်ပန်းစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက်၊ ချင်းခြောက်၊ နနွင်းတက်၊  ချဉ်ပေါင် ဖာလာနဲ့ တောင်လုံးကျော် တို့ဖြစ်ပါတယ်။

Pages