Main menu

Background

Friday, 21 Aug 2015

    မြဝတီ-ရန်ကုန်လမ်းကြောင်း ပေါ်ရှိ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးနဲ့ စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိတဲ့ Mobile Team လရ-၂အဖွဲ့သည် သြဂုတ်လ ၅ ရက်နေ့တွင် ရန်ကုန် -ဘားအံ-မြဝတီ ပြေးဆွဲနေတဲ့ ပြည့် အားမာန်  ခရီးသည်တင်မှန်လုံယာဉ် အမှတ် 9B/xxxx  ယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ  ခရီးသည်၊ ခရီးသွား များအသွင်သဏ္ဌာန်မတူခြင်း၊ ခရီးသည် ပစ္စည်းတင် တန်းပေါ်တွင် ခရီးေ ဆာင်အိတ်များ တင်ဆောင်လာခြင်းမရှိဘဲ ရှင်းလင်းနေကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရသဖြင့် အသေးစိတ်ဖွင့်ဖောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

Friday, 21 Aug 2015

     မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှု မြှင့်တင်နိုင်ရန် တရားမဝင်အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ တရားဝင်လမ်း ကြောင်းမှန်ပေါ်သို့ ရောက်ရှိအောင် ဆောင်ရွက်နိုင်ရန်အတွက် အုပ်ချုပ်ရေး အဖွဲ့အစ ည်းများ၊ OSS အဖွဲ့ဝင်ဌာနများ၊ မိတ်ဖက်ဌာနများ၊ ဒေသခံကုန်သည်လုပ်ငန်းရှင်များနဲ့ ဇူလိုင်လ ၂၇ ရက်နေ့ ၁၃း၀၀ နာရီအချိန်တွင် မြဝတီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမှာ  ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။

Thursday, 13 Aug 2015

  မူဆယ်-မန္တလေး လမ်းကြောင်းတစ်လျှောက်ရှိ Mobile Team လရ-၁ အဖွဲ့ သည် ဇူလိုင် ၂၃ ရက် နေ့တွင်  မန္တလေး-မူဆယ် လမ်းကြောင်းအတိုင်း ဝင်ရောက် စစ်ဆေးခံတဲ့ Honda CR-V ယာဉ်အမှတ် IE/xxxx  အားစစ်ဆေးရာ ယာဉ်ပေါ်မှ စပယ်ယာဘီးခွက်အတွင်း တရားမဝင်သိုဝှက်တင်ဆောင်လာတဲ့ ကျောက်စိမ်းဟုယူဆရတဲ့ ကျောက်တုံးအသေး ၁၈ တုံးအား ဖမ်းဆီးသိမ်းဆည်းရမိခဲ့ပါတယ်။ ယာဉ်အား အဖွဲ့စုံဖြင့် အသေးစိတ်စစ်ဆေးစဉ် ယာဉ်မောင်း မှာ ထွက်ပြေးတိမ်း ရှောင်သွားခဲ့တယ်လို့သိရပါတယ်။ ယာဉ်ပေါ်မှ သိမ်းဆည်းရမိ ကျောက်စိမ်းဟုယူဆရတဲ့ ကျောက်တုံးများနဲ့ မော်တော်ယာဉ်အား အကောက်ခွန်အမှုတွဲ ဖွင့်လှစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင် ရွက်သွားမယ်လို့သိရပါတယ်။

Wednesday, 17 Jun 2015

  မောတောင်နယ်စပ်ဂိတ်အား မေလ ၈ ရက်နေ့က တရားဝင်ဖွင့်လှစ် ထားခဲ့ပြီး တစ်ဖက်နိုင်ငံ ဆင်ခွန်ဂိတ် အား မေလ ၂၃ ရက်နေ့က အထူးယာယီ နယ်စပ်ဂိတ်အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။    ယခင်က ယာယီဂိတ်ဖြစ်တဲ့အတွက် လူဝင် လူ ထွက်မှာ တရားဝင်မဟုတ်သော်လည်း အထူးယာယီ နယ်စပ်ဂိတ်အဖြစ် အဆင့် တိုးမြှင့်ဖွင့်လှစ်လိုက်တဲ့အတွက် လူဝင် လူထွက်သွားလာမှု တရားဝင်ဖြစ်လာပြီ ဖြစ်ပါတယ်။ ကုန်ပစ္စည်းဝင်ထွက် သွား လာမှုများကိုလည်း ယခင်ကထက် ပိုမိုတင်ပို့တင်သွင်းလာတော့မှာဖြစ်ရာ မော်တော်ယာဉ်လိုင်းများလည်း စနစ် တကျလုပ်ဆောင် ကြရန်လိုအပ်ကြောင်း၊ ထိုင်းနံပါတ်ပါ မော်တော်ယာဉ်များအား မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း အထိ သွားလာခွင့်ပြု

Pages