Background
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ယောဒေသမှာ အလေ့ကျ ပေါက်တဲ့ဝဥကို နိုင်ငံခြားဝင်ငွေရရှိတာကြောင့် စနစ်တကျစိုက်ပျိုးလာ ကြပါတယ်။ မေလတတိယပတ်မှာ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်း ဝယ်ရေးဇုန်ကနေကန်ဒေါ် လာ သုည ဒသမ ၁၃၃ သန်းဖိုးရှိတဲ့ ဝဥ ခြောက် ၇၂ တန်နီးပါးကိုတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ဝဥပင်ဟာ တောထဲမှာအလေ့ကျပေါက်တဲ့အပင်ဖြစ်ကာ ဇွန်လမှာဝဥကိုစိုက်ပျိုး ပြီး နိုဝင်ဘာနဲ့ဒီဇင်ဘာလ မှာ ဖော်ကြပါတယ်။ ဝဥအစိုဈေး တစ် ပိသာကျပ် ၅၀၀ ထိရှိပြီး၊ ဝဥအစိုကိုသေသေချာချာလှီးကာ နေပူ နှစ်ရက် လှန်း၍သော်လည်းကောင်း၊ ပေါင်းခံပြီးအခြောက်ပြုလုပ်၍ သော်လည်းကောင်း ဈေးကွက်မှာရောင်းချကြပါတယ်။ တရုတ်နိုင်ငံ ကတော့ ဝဥဆို ရသလောက်ဝယ်ပေမဲ့ ဂျပန်နိုင်ငံကတော့ သန့်ရှင်းပြီး အရည်အသွေးမီမှ ဝယ်ကြတယ်လို့သိရပါတယ်။မော်မော်အောင် MIRT (DCCA)
မြဝတီမှ ပဲခူးသို့မောင်းနှင်နေတဲ့ Light Truck ယာဉ် ၈ဆ/xxxx အား မေ ၁၆ ရက်နေ့ ၂၃၀၀ ချိန်မှာစားသုံး သူအကာအကွယ်ပေးရေးနဲ့တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး အဖွဲ့ လရ-၂ အခြေပြု နေရာသို့ရောက်ရှိ လာပြီး စစ်ဆေးမှုကိုခံယူခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်။အ သင့် စုဖွဲ့အင်အားနဲ့လရ-၂မှ လိုက်လံ တားဆီးခဲ့ရာ ရန်ကုန်-မြဝတီ ဝေါမြို့ အနီး မိုင်တိုင် ၇၅/၆ နဲ့ ၇၅/၇ ကြား အဗျားဗိုလ်တဲ တိုက်ငါးလုံးကွေ့မှာ တား ဆီး နိုင်ခဲ့ပါတယ်။ တားဆီးတဲ့နေရာမှာ အကြမ်းဖျင်း စစ်ဆေး တွေ့ရှိချက်အရ တရားမဝင် အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ထားတာကိုတွေ့ရှိတဲ့အတွက် အခြေပြုနေရာသို့ ပြန်လည်ထိန်းသိမ်း ခေါ်ဆောင်ပြီး အဖွဲ့စုံနဲ့ ဖွင့်ဖောက်စစ် ဆေးခဲ့ရပါတယ်။ စစ်ဆေးတွေ့ရှိခဲ့ရတဲ့ ပစ္စည်းတွေကတော့ ကျပ် ၆၈ သိန်း တန်ဖိုးရှိ အလှကုန်ပစ္စည်းများနဲ့ ကျပ် ၁၁၇ သိန်းတန်ဖိုးရှိ စက်ခေါင်း၊ ရေစုပ် စက်၊ ဆပ်ပြာမှုန့်တို့ဖြစ်ကြပြီး စုစုပေါင်း အကောက်ခွန်မဲ့ပစ္စည်းတန်ဖိုးမှာ ကျပ် ၁၈၅သိန်းရှိပါတယ်။ အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့အညီအမှုတွဲဖွင့်လှစ် အရေးယူထားပြီးဖြစ်တယ်လို့ သိရပါ တယ်။Source: လရ-၂ MTN
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ် ရေးဇုန်မှ မေလ ၁၅ ရက်မှ ၂၁ ရက်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၄၄၄ သန်းဖိုးရှိတဲ့ စိန်တစ်လုံးနဲ့ ရွှေဟင်္သာသရက်သီးတန်ချိန် ၄၂၁၀ နဲ့ ချင်းရွှေဟော်မှ စိန်တစ်လုံးသီး ၁၈ တန်ခွဲကို ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှ ၃၇၃၇ တန်နဲ့ ချင်းရွှေဟော်မှ ၇ တန် တင်ပို့ခဲ့တာမို့ ယခုအပတ် သရက်သီး တင်ပို့မှု ၄၈၄ တန်ပိုမိုခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ စဉ့်ကိုင်၊ ပုသိမ်ကြီးမြို့နယ်တွေက ထွက်ရှိတဲ့သရက် သီးတွေကို ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မှတစ်ဆင့် တရုတ်ပြည် သို့ တင်ပို့ ရောင်းချလျက်ရှိရာ နေ့စဉ်ကားအစီး ၁၀၀ နီးပါးအတက် ရှိနေတယ် လို့သိရှိရပါတယ်။ မန္တလေးမှ တင်ပို့တဲ့ သရက်သီးများကို မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးပွဲရုံ များမှ တရုတ်ကုန်သည်တွေ အဝယ် သွက်နေပါတယ်။ အနံ့ အရသာနဲ့ပြည့်စုံတဲ့ သရက်သီးမျိုး များ ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်ရာမှာ အောင်မြင်ဖြစ်ထွန်းလာခြင်း အတွက် ပြည်တွင်းရှိ သရက်သီးစားသုံးမှုကို ဖူလုံတဲ့အပြင် အရည်အသွေး ပြည့်မီတဲ့ သရက်သီးများကို ပြည်ပကို တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိလာပြီး မြန်မာနိုင်ငံ အနှံ့အပြားရှိ သရက်စိုက် တောင်သူတွေလည်း ဝမ်းသာနေကြရပါတယ်။မော်မော်အောင် MIRT (DCCA)
မြဝတီ-ရန်ကုန်ကုန်သွယ် မှုလမ်းကြောင်းရှိ Mobile Team (လရ-၂)အဖွဲ့သည် စစ် တောင်းတံတားအသစ်တံတား အဟောင်း လမ်းဆုံအနီးတွင် ယာယီအခြေပြုပြီး တားဆီး ဆောင်ရွက်လျက် ရှိစဉ် မေလ ၈ရက် ၀၁း၃၀နာရီအချိန်တွင် မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် PE ယာဉ်အ မှတ်၇ဃ/xxxx အားစစ်ဆေး ရာတွင်ပီပါခွံများနှင့်ရာဘာထုပ် များအောက်တွင် သိုဝှက်သယ် ဆောင် လာသည့် ငရုတ်ဆီ၊ အိုဗာတင်းအပါ အဝင်စုစုပေါင်း စားသောက်ကုန် ပစ္စည်း ၅ မျိုး (ခန့်မှန်း တန်ဖိုး ၁၅၈၀၀၀၀ ကျပ်) ကို စစ်ဆေးတွေ့ရှိလို့ အကောက်ခွန်အမှုတွဲ ဖွင့်လှစ် ပြီးမလွဲမရှောင်သာသိမ်းဆည်း ခဲ့ရပါတယ်။
မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်း ကြောင်းပေါ်မှာ မေလ ၉ ရက်မှ ၁၅ ရက်ထိ ၇ ရက် တာကာလ အတွင်းမှာ တော့ ကျပ် ၄၈၀၀၀၀တန်ဖိုးရှိ ပုစွန် နှစ်ကောင် တံဆိပ်စားဆီတစ် လီတာ၊ နှစ်လီတာပုံးများ ပါတဲ့ဆီဖာ ၄၀ကိုသိမ်း ဆည်းရမိခဲ့တယ် လို့ Mobile Team ထံကသိရှိရပါတယ်။ သိမ်းဆည်းရမိ ပစ္စည်းများဟာ ပိုင်ရှင်မဲ့များဖြစ် နေပါ တယ်။ စားဆီများကိုယခင်က တင်သွင်း ခွင့်မပြုသော်လည်းယခုအခါ ဖြေလျော့ ပြီးတင်သွင်းခွင့်ပေး ထားပြီးဖြစ်ပါတယ်။ ကျန်းမာရေးဦးစီးဌာန၊အစားအ သောက်နဲ့ဆေးဝါးကွပ်ကဲ ရေးဌာနရဲ့ စားသုံးရန်သင့်ကြောင်း (Fit for Human Consumption) ထောက်ခံချက် ရရှိကတင်သွင်းခွင့်ပြုထား ပြီးဖြစ်သော် လည်းအခွန်ရှောင်ရန် အလို့ငှာအ ကောက်ခွန်မဲ့သယ်ယူ စီးပွားရှာနေမှု များရပ်တန့်သင့်ပြီဖြစ်ကြောင်း အသိ ပေးပြောကြားလိုပါတယ်။လရ-၂ MTN
ကုန်သွယ်မှုပမာဏတိုးတက် ရေးနဲ့ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေ ရေးတို့အတွက် ကုန်ပစ္စည်းလျှောက် ထားမှုများအားအဆင့်ဆင့် ဖြေလျော့ ခွင့်ပြုပေးခဲ့ရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အမိန့် ကြေညာစာအမှတ် ၁၆/၂၀၁၃ နဲ့ကုန် ပစ္စည်း၁၆၆မျိုးအားတင်သွင်းခွင့်လိုင် စင် လျှောက်ထားရန်မလိုအပ် တဲ့ ကုန် ပစ္စည်းများအဖြစ် ခွင့်ပြုသတ်မှတ်ခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကူးသန်း ရောင်းဝယ်ရေး စခန်းမှ မေလ ၁ ရက်မှ ၇ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၀၄သန်း တန်ဖိုးရှိတဲ့ စိန်တစ်လုံးသရက်သီး ၁၈ တန်ကို စတင် တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် ၁၀၅ မိုင်ကူးသန်း ရောင်းဝယ်ရေးဇုန် ကလည်း ယခုအပတ်မှာကန်ဒေါ်လာသုည ဒသမ ၇၁၇သန်း တန်ဖိုး ရှိတဲ့ ရွှေဟင်္သာ၊ စိန်တစ်လုံးနဲ့ သရက်သီးအကြမ်းသီးတွေကို ၂၁၄၉ တန်ကျော်တင်ပို့ခဲ့ပါတယ်။ သရက်သီး ရာသီချိန်ဖြစ်တာကြောင့် ယခုအပတ် ၁၁၂ တန်ကျော် ယခင်အပတ်ထက် ပိုမိုတင်ပို့လာနိုင် တာ တွေ့ရပါတယ်။သရက်သီးအကြမ်းသီး ၁ ကီလိုကို မူဆယ် ၁၀၅ မိုင်သစ် သီးဝလံကုန်စည်ဒိုင်မှာ ၂ ဒသမ ၆ ယွမ် - ၆ ယွမ် ဈေးပေါက် နေတယ်လို့သိရပါတယ်။ မော်မော်အောင် MIRT (DCCA)
ယခုရက်ပိုင်းဘင်္ဂလားဒေ့ရှ်မှ ငါးမြစ်ချင်း (ရေချိုငါး) များကို အဝယ်လိုက်လျက်ရှိပြီး၊ တစ်ပတ်အတွင်းကီလို ၂၃၇၅၀၀ ကျော်လောက် တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့အရွယ်အစားအများစုကတော့ ၁-၂ ကီလိုကြား၊ ၂-၃ ကီလိုကြား၊၃-၅ ကီလိုကြားတို့ဖြစ်ပါတယ်။ တစ်ဖက် နိုင်ငံမှာရတဲ့ဈေးကတော့ကောင်းဆိုလျှင်တစ်ကီလို ၁၇၀ တာကာ၊ သင့်ဆိုလျှင်တစ်ကီလိုကို ၁၅၀ တာကာနဲ့ အညံ့ဆိုလျှင် တစ်ကီလို ကို ၁၂၀ တာကာရကြောင်းသိရပါတယ်။ ရန်ကုန်မှခရီးရှည်ရေလမ်းခရီးဖြင့်သယ်ယူတင်ပို့နေရတာကြောင့် အရည်အသွေးမှာ "သင့်''အရည် အသွေးဖြင့်သာ အများဆုံး တင်ပို့ရတဲ့အနေထားမျိုးဖြစ်ပါတယ်။ အိန္ဒိယဘက်မှငါးမြစ်ချင်းများ ဘင်္ဂလားဒေ့ရှ်သို့ အဝင်ရှိနေသော် လည်း မြန်မာ့ရေချိုငါးဟာ အိန္ဒိယငါးထက်အရသာပိုမိုကောင်းမွန်တာကြောင့် မြန်မာ့ရေချိုငါးကို အဝယ်လိုက်နေခြင်းြ ဖစ်ပါတယ်။ ရှေ့ဆက်၍လည်း ပိုမိုတင်ပို့နိုင်မယ်လို့ မျှော်မှန်းလျက်ရှိပါတယ်။ SWM (စစ်တွေ)
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကူးသန်းရောင်းဝယ်ရေးစခန်းမှ မေလ ၁ ရက်မှ ၇ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၂၁၃ သန်းတန်ဖိုးရှိ ဝဥခြောက် ၁၁၅ တန်တင်ပို့ခဲ့ပါတယ်။ အလားတူ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၁၂၁ သန်းဖိုးရှိတဲ့ ဝဥခြောက် ၆၅ တန်ကျော် ကိုတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ယခင်အပတ်ကမူဆယ်မှသာ တန် ၂၀ ကျော်တင်ပို့နိုင်တာမို့ ယခုအပတ် ဝဥခြောကိုပိုမိုတင်ပို့လာပါတယ်။ "ဝဥ" ကို တရုတ်နိုင်ငံမှာ မုန့်၊ ခေါက်ဆွဲ၊ အသားတုလုပ်ရာမှာ အသုံးပြုကြသလို တိုင်းရင်းဆေးဝါးကုန်ကြမ်းအနေနဲ့လည်းသုံးကြတယ်လို့သိရပါတယ်။ မော်မော်အောင် MIRT (DCCA)
ဧပြီလ ၂၂ ရက်နဲ့ ၂၃ ရက်များကနောင်ချိုအေးရှား ဝေါလ်ဂိတ် အနီး လှုပ်ရှားစစ်ဆေးရေးအဖွဲ့ (၁) က ဖမ်းဆီးရ မိခဲ့တဲ့ ကျပ် ၁၃ ဒသမ ၈၇၃ သန်းတန်ဖိုးရှိ အေးခဲဘဲသား ၁၆၅၀ ကီလို၊ ကြက်အူ ချောင်းအစို ၅၀ ဖာ၊ အေးခဲကြက်သား ၂၅ ဖာ၊ ကြက်ဖင်ဆီဘူး ၂၆၂၅ ကီလိုဂရမ်၊ ပင်လယ်စာ ၂၄၇၅ ကီလိုဂရမ်အား အမှုတွဲ ဖွင့် ဆောင်ရွက်ခဲ့ပြီး ဧပြီလ ၂၆ ရက် ၁၄း၀၀ ချိန်မှာ ဒီဇယ်/ဓာတ်ဆီ များလောင်း၍ မီးရှို့ဖျက်ဆီးခဲ့တယ် လို့သတင်းရရှိပါတယ်။ Source:လရ-၁၊ MTN