Main menu

Background

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပရဆေးကုန်ကြမ်း ၈၈၆ တန်ကျော် တင်ပို့

Tue, 05/27/2014 - 08:08 -- ydnar

 

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မေလ ၁၀ ရက်မှ၁၆ရက်တာကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၃၄၃ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၈၈၆ တန်ကျော်တင်ပို့ ခဲ့ပါ တယ်။ယခုအပတ်မှာမူဆယ် ၁၀၅ မိုင်မှ ပရဆေး ကုန် ကြမ်းအမယ်ပေါင်း(၁၈) မျိုးတင်ပို့နိုင်ခဲ့ပါတယ်။

ချင်းရွှေဟော် စခန်းမှေ တာ့ ကန်ဒေါ်လာသုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ဒရင်ကောက်မြစ် ၂၃ တန်ခန့်တစ်မျိုးတည်းတင်ပို့ခဲ့ပါတယ်။ ယခင်အပတ် ကထက်ပရဆေးတင်ပို့မှု ၇၆၈ တန်ကျော် လျော့ နည်းခဲ့ပါတယ်။ လျော့နည်းရခြင်းမှာ ယခုအပတ်အတွင်း မူဆယ် (၁၀၅) မိုင်မှ မိကျောင်းကွမ်းဖတ်စေ့၊ ဝဥခြောက်၊ စကားပန်းပွင့်ခြောက်၊ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ ချဉ် ပေါင်ဖာလာ (အခွံပါ)၊ မာလာဥခေါင်း တင်ပို့မှုပမာဏများ လျော့နည်းခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ ယခုအပတ်မှာ ကွမ်း သီးခွံ၊ ဆီးဆံ၊ နေလဲစေ့၊ နနွင်းတက်၊ ကွမ်းစားဂမုန်းနဲ့ မာလာ ဥများ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းနဲ့ ယခင်အပတ်က တင်ပို့မှု မရှိတဲ့ကြောင်ပန်းစေ့၊ ရွေးရွက်၊ သီဟိုစေ့ (အခွံမပါ) နဲ့ ကြောင် လျာစေ့များလည်း ယခုအပတ်မှာ တင်ပို့ခဲ့ကြောင်း သိရပါ တယ်။