Main menu

Background

့်မြန်မာကုန်သွယ်မှုဗဟိုဌာန (Myanamr Trade Center) ဖွင့်ပွဲအခမ်းအနားကျင်းပ

Thu, 06/26/2014 - 08:06 -- ydnar

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မြန်မာ ကုန်သွယ် မှုဗဟိုဌာန (Myanmar Trade Center) ဖွင့်ပွဲအခမ်းအနားအား  ရန်ကုန်မြို့ကမ်းနားလမ်းနှင့် ရွှေဘုံသာ လမ်းထောင့်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယထပ် တွင် ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်

စုဝန်ကြီးဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ နိုင်ငံ တော်သမ္မတ၏ အကြံပေး ပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်း သက် ၊ ပြည် ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်း အောင်နှင့် ဒုတိယဥက္ကဋ္ဌများ၊ နိုင်ငံတ ကာသံရုံးများနှင့် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ ညီနောင်အသင်း များမှဥက္ကဋ္ဌများ၊ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ အလှူရှင်များ တက် ရောက် ကြ သည်။
ဖွင့်ပွဲတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးဝင်းမြင့်မှ ကုန်သွယ်မှု မြှင့် တင်ရေးဦးစီးဌာန အနေနဲ့ နိုင်ငံတော်ရဲ့ ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် ပင်မစီမံချက် (Master Plan) တစ်ရပ် ရေးဆွဲအေ ကာင်အထည်ဖော်လျက်ရှိရာ မှာ ကုန်သွယ်မှုမြှင့်တင်နိုင်မယ့် မဟာ ဗျူဟာလုပ်ငန်းစဉ်တစ်ရပ်ကတော့ ရန် ကုန်မြို့နှင့် တိုင်းေ ဒသကြီး၊ ပြည်နယ် တွေမှာရှိတဲ့မြို့ကြီးများမှာ ကုန်သွယ်မှု ဗဟိုဌာနများဖွင့်လှစ်ဖို့ဖြစ်ပါကြောင်း၊ ကုန်သွယ်မှု ဗဟိုဌာန ဖွင့်လှစ် ရတဲ့အဓိက ဦးတည်ချက်ကတော့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို ကုန်သွယ်မှုသတင်း အချက်အလက် စုဆောင်းဖြန့်ေ ဝပေးရန် နှင့် ကုန်သွယ်မှုမြှင့်တင်ရေးဝန်ဆောင် မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းများ အကောင်အထည်ဖော် ဖို့ဖြစ်ပါကြော င်း။မြန်မာကုန်သွယ်မှုဗဟိုဌာနကို ဖွင့်လှစ် နိုင်ခြင်းအားဖြင့် မြန်မာ့စီးပွားရေးမှာ လိုအပ်နေတဲ့ အဓိက ကွက်လပ် တစ်ခု ဖြစ်တဲ့ သတင်းအချက်အလက်များဖြည့် ဆည်းပေးခြင်း၊ အစိုးရရဲ့ မူဝါဒလုပ်ထုံး လုပ်နည်းများကို ပွင့်လင်းမြင် သာစွာ အလွယ်တကူ သိရှိနိုင်ခြင်း၊ ပို့ကုန်မြှင့် တင်ရေးအတွက် ကြိုးပမ်းလျက်ရှိတဲ့ လုပ်ငန်းရှင်များကို ကူညီပံ့ပိုးပေးနို င် ခြင်း စတဲ့ အရေးကြီးတဲ့ တိုးတက်မှုတွေ ကို ဖော်ဆောင်နိုင်မှာဖြစ်ပါကြောင်း၊ ဒါကြောင့် မြန်မာကုန်သွယ်မှုဗဟိုဌာန ကို အသုံးချြ ခင်း အားဖြင့် မြန်မာနို င်ငံ ရဲ့ ကုန်သွယ်မှုနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို အဆင့်သစ်တစ်ရပ်သို့ တက်လှမ်း နိုင် မယ်လို့ ယုံကြည်ပါေ ကြာင်း၊ သက် ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များက လည်းပူးပေါင်းဆောင်ရွက်ကြဖို့ တိုက် တွန်းပြော ကြားခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံးရဲ့ ဗဟိုအချက်အချာ ဖြစ်တဲ့ ရန်ကုန်မြို့မှာMyanmar Trade Center ဖွင့်လှစ်လိုက်တဲ့ မြန်မာ ကုန်သွယ်မှု ဗဟိုဌာနက စီးပွားရေးလုပ် ငန်းရှင်များနှင့် အသေးစား အလတ် စား လုပ်ငန်းရှင်များကို စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များမေးမြန်းစုံစမ်းမှုကို ဖြေကြား ပေးခြင်း၊ စာကြည့်တိုက်ဖွင့်လှစ်ထားရှိ ခြင်း၊ အီလက်ထရောနစ် သတ င်း အချက် အလက်များ လေ့လာနိုင်ရန် စီစဉ်ပေး ခြင်း၊ ကုန်သွယ်မှုဆိုင်ရာစာအုပ်၊ စာ စောင်နှင့်  CD  များထုတ်လုပ်ဖြန့် ချိြ ခင်း မြန်မာ့ပို့ကုန်ပြခန်းဖွင့်လှစ်ထားရှိခြင်း၊ ပို့ကုန် ကြော်ငြာခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကုန်စည်ပြပွဲ ဝန် ဆောင်မှုေ ပးခြင်း၊ စီးပွားရေးနှင့် ကုန် သွယ်မှုဆိုင်ရာ ဆွေးနွေးတိုင်ပင်ရန် စီ စဉ်ပေးခြင်း၊ စီးပွားရေးပညာေ ပးဆွေး နွေးပွဲ များစီစဉ်ပေးခြင်း၊ ကုန်သွယ်မှု ပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊  လေ့လာရေးခရီးစဉ်များ စီစဉ်ပေးခြင်း၊ စီးပွားရေးတွေ့ ဆုံညှိနှိုင်းပွဲ များစီစ ဉ်ပေး ခြင်းနှင့် အမှတ်တရပို့ကုန်ပစ္စည်းများ ရောင်းချခြင်းစတဲ့ ဝန်ဆောင်မှုလုပ်ငန်း တွေကို ကူညီဆောင်ရွက်ပေးလျက် ရှိေြ ကာင်း သိရသည်။
အဆိုပါပို့ကုန်ပြခန်းတွင် ပြည်နယ် နှင့် တိုင်းအလိုက်ဒေသ ထွက်ကုန်များ၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းနှင့် အလား အလာရှိ တဲ့ ထုတ်ကုန်များ ကဏ္ဍကို လည်း ပြသထားကြောင်း သတင်းရရှိ သည်။