Main menu

Background

တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီးနဲ့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးတို့ စီးပွားရေးအထောက်အကူပေးဖို့ ပူးပေါင်းဆောင်ရွက်မည်

Thu, 07/31/2014 - 08:28 -- ydnar

တောင်ကိုရီးယားရဲ့ စီးပွားရေးဖွံ့ ဖြိုးရေးအတွက် အထောက်အကူပေးဖို့ အတွက်ပူးပေါင်းဆောင်ရွက်ကြရန် တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး ချွိုင်ကျွန်းဝှမ်းနဲ့ တောင်ကိုရီးယားဗဟိုဘဏ်အုပ်ချုပ်ရေးမှူးလီဂျူယောတို့ဇူလိုင်၂၁ရက်ကသဘောတူခဲ့ကြ ကြာင်း ယွန်ဟပ်သတင်းဌာနကပြော ပါတယ်။

 

ယခုအကြိမ်တွေ့ဆုံမှုက ပထမ ဆုံးအကြိမ်ဖြစ်ပြီး ဧပြီကဖယ်ရီသင်္ဘော ှနတသူ နစ်မြုပ်မှုကြောင့် တောင်ကိုရီး ယားစီးပွားရေးဖွံ့ဖြိုးမှုနှုန်းကျဆင်းမယ့်အန္တရာယ်ကြီးနဲ့ရင်ဆိုင်နေရကြောင်းနှစ်ဦးစလုံးကအမြင်ချင်းတူညီခဲ့ကြတယ်လို့အဖွဲ့အစည်းနှစ်ခုရဲ့ပူး တွဲ  ကြေညာ ချက်မှာဖော်ပြထားပါတယ်။

ပြည်တွင်းဝယ်လိုအားနဲ့ ပို့ကုန် လုပ်ငန်းမှာ ချိန်သားမကိုက်ညီမှုအပါ အဝင် နိုင်ငံစီးပွားရေးမှာဖြစ်နေတဲ့ ဖွဲ့ စည်းတည်ဆောက် မှု ဆိုင်ရာ ပြဿနာ များအတွက် ဖြစ်ပေါ်နေတဲ့ စိုးရိမ်စိတ်ကို နှစ်ဦးစလုံးကထိန်းချုပ်ပေးနိုင်ခဲ့ပါတယ်။ တည်ငြိမ်တဲ့ ဖွံ့ဖြိုးမှုကိုရရှိေ အာင် ဆောင်ရွက်ဖို့အတွက်စီးပွားရေးနဲ့ငွေ ကြေးမူဝါဒတွေစည်းဝါးကိုက်ညီမှုရှိရမယ်ဆိုတဲ့အချက်ကိုနှစ်ဦးစလုံးလက်ခံ အတည်ပြု  တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားဖယ်ရီသင်္ဘောSewol  ဟာဧပြီ၁၆ရက်က တောင်ကိုရီး ယားအရှေ့တောင်ဘက် ပင်လယ်ကမ်း ခြေတွ င်နစ်ြ မုပ်ခဲ့ပြီး တန်းမြင့်ကျောင်း သားငယ်အများစုပါဝင်တဲ့ လူ ၃၀၀ခန့် ပျောက်ဆုံးသို့မဟုတ် သေဆုံးခဲ့ရပါ တယ်။