Main menu

Background

ပြည်တွင်းထုတ်ကုန်ကဏ္ဍ

Thu, 10/13/2022 - 10:36 -- journal_editor

ယခုတစ်ပတ်တွင် ပြည်တွင်းထုတ်ကုန်ကဏ္ဍအနေဖြင့် ဂျပန်နည်းပညာဖြင့် ထုတ်လုပ်ထားသည့်  NNK Top Myanmar Co,Ltd.နှင့် Miyako Food Myanmar Co,Ltd. တို့မှ နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ထားသည့် သစ်သီးခြောက်နှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး၊  နှမ်းဦးရည်ဆီနှင့် နှမ်းလှော်ဆီ မွှေးများအကြောင်း ဖော်ပြပေးလိုက်ပါသည်။NNK Top Myanmar Co,Ltd.   မှ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်တွင် ရာနှုန်းပြည့် ပြည်တွင်းကုန်ကြမ်းများကို  အသုံးပြုပြီး  ပိန္နဲသီးခြောက်၊ သရက်သီးခြောက်၊  ပိန်းဥခြောက်နှင့် ရွှေဖရုံသီးခြောက်များကို ထုတ်လုပ်လျက်ရှိသည်။Miyako Food Myanmar Co,Ltd မှလည်း မကွေးတိုင်းဒေသကြီးမှ နှမ်းများကို အသုံးပြုပြီး နှမ်းဦးရည်ဆီနှင့် နှမ်းလှော်ဆီမွှေးများကို လှပသေသပ်သည့် ပုလင်းများဖြင့်ထုပ်ပိုးပြီး ဂျပန်ဈေးကွက်၊ ပြည်တွင်းဈေးကွက်သို့ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ပြည်တွင်းတွင် ယခင်က မိရိုးဖလာထုတ်လုပ် ထားသည့်  နှမ်းဆီကို သုံးစွဲခဲ့ပြီး စားသောက်ဆိုင် နှင့်  အိမ်သုံးရန်အတွက်   နှမ်းလှော်ဆီမွှေးကို   ထိုင်းနှင့် စင်ကာပူနိုင်ငံတို့မှ  တင်သွင်းခဲ့ရသည်။  ယခုအခါ သွင်းကုန်အစားထိုး  (Import Substitution)  ကုန်ပစ္စည်းတစ်ခုအနေဖြင့် ပြည်တွင်း၌  တွင်ကျယ်စွာ ထုတ်လုပ်လာခြင်းကြောင့်  နိုင်ငံခြားငွေယိုစီးမှုကို  ကာကွယ်စေရုံသာမက  နှမ်းစိုက် တောင်သူများထံမှလည်း ဈေးကောင်းပေး၍ ဝယ်ယူနိုင်မည်ဖြစ်သည်။
 CJ