Main menu

Background

ပြည်တွင်းထုတ်ကုန်ကဏ္ဍ

Wed, 11/23/2022 - 10:23 -- journal_editor

ယခုတစ်ပတ် ပြည်တွင်းထုတ်ကုန်ကဏ္ဍတွင် Delous Co.,Ltd. က ထုတ်လုပ်သော စိန်တံဆိပ် ငရုတ်ဆီ၊ ငရုတ်နှစ်တို့အကြောင်း မိတ်ဆက်လိုက်ပါသည်။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ၊ အသုပ်ဆိုင်၊ ကြေးအိုးဆိုင်နှင့် တုတ်ထိုးဆိုင်တို့အတွက် ရည်ရွယ်၍ အရောင်လိုက်ခွဲခြားကာ ချိုကဲ၊ ချဉ်ကဲ၊ 2 in 1၊ All in one၊ Red Chilli  နှင့် မြန်မာ့ရိုးရာ ကြက်သွန်ဖြူဟူ၍ အရသာခြောက်မျိုးဖြင့် သန့်ရှင်း သပ်ရပ်စွာ ထုတ်လုပ်ထားပါသည်။
ငရုတ်ဆီကို စားသုံးသူများ နိုင်ငံတကာအဆင့်မီ စားသုံးနိုင်ရန် ရည်ရွယ်၍ ယခင်က ငရုတ်ဆီအသား အတွက် ဆန်နှင့် ငရုတ်သီးကို အဓိကထားသုံးစွဲရာမှ ယခုအခါ ပြောင်းမှုန့်၊ ကော်မှုန့်နှင့် ငရုတ်သီးတို့ကို အသုံးပြု၍ ပြုပြင်ထုတ်လုပ်ထားသောကြောင့် ငရုတ်နံ့ပို၍ သင်းပျံ့လာမည် ဖြစ်ပါသည်။စားသောက်ကုန် သုံး Food grade colour ကို သတ်မှတ်ပမာဏအတိုင်း အသုံးပြုထားသောကြောင့် အရောင်ပိုင်းတွင် ကြည်လင်တောက်ပပြီး သဘာဝငရုတ်သီးအရောင် ပေါ်လွင်လာပါသည်။ ယခင်က ငရုတ်ဆီကို မိရိုးဖလာ နည်းဖြင့် ထုတ်လုပ်ရာမှ ယခုအခါ  Production line များဖြင့် စနစ်တကျ ထုတ်လုပ်ထားပါသည်။ အလွယ် တကူ သယ်ယူနိုင်ရန် ပလတ်စတစ်အိတ်ဖြင့် ထုတ်လုပ်ခဲ့ပြီး ယခုအခါ ဆိုင်သုံးအပြင် အိမ်သုံးအတွက် ရည်ရွယ်၍ ပုလင်းများဖြင့် ထုတ်လုပ်လျက်ရှိပါသည်။ အစားအသောက်နှင့် ဆေးဝါးထောက်ခံချက် (FDA) လက်မှတ်ကို ပထမဆုံးရရှိထားသည့် ငရုတ်ဆီလုပ်ငန်းဖြစ်ပါသည်။
နောက်ထပ်ပြည်တွင်းထုတ်ကုန်ဖြစ်သည့် Food Crop Co.,Ltd. က ထုတ်လုပ်သော ကိတ်စို၊ ကိတ် ခြောက်၊ ဆီကိတ်နှင့် ကွတ်ကီးများအကြောင်း မိတ်ဆက်ပေးလိုက်ပါသည်။ ကုမ္ပဏီကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကုန်ပစ္စည်း ၁၃ မျိုးကို ဈေးကွက်သို့ ဖြန့်ချိလျက်ရှိပါသည်။
လက်ဖက်စိမ်း၊ ချောကလက်နှင့် သီဟိုဠ် ကွတ်ကီးအရသာ သုံးမျိုးကို  Premier Market အတွက် ရည်ရွယ်ပြီး ချို၍မွသော ကွတ်ကီး အရသာပေါ်အောင် ထုတ်လုပ်ထားပါသည်။ မုန့်ပြုလုပ်ရာတွင် အရည် အသွေးမြင့် ဂျုံမှုန့်နှင့် နယူးဇီလန် ထောပတ်စစ်စစ်တို့ကို အခြေခံ၍ ထုတ်လုပ်ထားသောကြောင့် Premium  Homemade အရည်အသွေးကို ခံစားနိုင်ပါသည်။ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်များကို စားသုံးနိုင်ရန်နှင့် ပြည်ပနိုင်ငံများသို့ အရည်အသွေးမီ မြန်မာ့ထုတ်ကုန်များ တင်ပို့နိုင်ရန် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ အစားအသောက်နှင့် ဆေးဝါးထောက်ခံချက် (FDA) နှင့် အိုလမာအဖွဲ့၏ Halal အသိအမှတ်ပြုလက်မှတ်များ ရရှိထားသောကြောင့် လူမျိုးဘာသာမရွေး သုံးဆောင်နိုင်ပါသည်။
(MMS)