Main menu

Background

ပြည်မြို့ဒေသထွက်ကုန်များ

Tue, 06/03/2025 - 11:12 -- journal_editor

သရက်သီး
ပြည်မြို့၏ သစ်သီးဝလံဈေးကွက်အတွင်း ရာသီစာအသီးမျိုးစုံ ရောင်းဝယ်လျက်ရှိသည်။ စိန်တလုံးသရက်သီးမှာ ဒေသတွင်းမှ ထွက်ရှိ သကဲ့သို့ မန္တလေးဘက်မှလည်း ဝင်ရောက်လျက်ရှိ သည်။ ပြည်ဒေသမှထွက်သော မြကျောက်သရက် သီးသည် အရောင်းအဝယ်  အသွက်ဆုံးဖြစ်သည်။ ယခုကာလတွင် ဒေသထွက် လက်ဆောင်ပေးရန် အကောင်းဆုံး သရက်သီးမျိုးဖြစ်သည်။ မေလဆန်း ပိုင်းတွင် မြကျောက်သရက်သီးတစ်လုံးလျှင် ကျပ် ၇၀ဝ-၈၀ဝ အထိ အလုံးအရွယ်အစားပေါ်မူတည် ၍ ဝယ်ယူကြရသည်။ 
ယခုအခါ သရက်သီးများ အထွက်လှိုင်လာ ပြီဖြစ်သည့်အတွက်  မြကျောက်သရက်သီးနှင့် စိန်တလုံးသရက်သီး တစ်လုံးလျှင် ကျပ် ၅၀ဝ-၃၀ဝ ဖြင့် ရောင်းဝယ်ကြရပြီး  ကျန်သရက်သီးအမျိုး အစားများမှာ တစ်လုံးလျှင် ကျပ် ၂၀ဝ မှစ၍ အမျိုး အစားအလိုက် အရွယ်အစားလိုက် ဈေးကွာခြားမှု ရှိကြောင်းသိရသည်။ 
မြေပဲ
မေလကုန်ပိုင်းတွင်  မြေပဲဆန်ဈေးနှုန်းများ အနေဖြင့် ဆီဆန် (အဖြူ)တစ်ပိဿာလျှင် ကျပ် ၈၈၀ဝ၊ ဆီဆန်(အနီ) တစ်ပိဿာလျှင် ကျပ် ၈၅၀ဝ နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ၊ လုံးဆန် (အနီ)တစ်ပိဿာလျှင် ကျပ်  ၉၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ဆန်စပါး
ပြည်မြို့တွင် နွေစပါးမှာ ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၂၀ဝ၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်ပြီး နွေဆန်များမှာ နွေစပါးလှိုင်လှိုင်ပေါ်သော ဒေသများမှတစ်ဆင့်  ဝယ်ယူရောင်းချရသည်။ ပြည်ဈေးကွက်အတွင်းရှိ နွေစပါးမှာ အင်းမရဲဘော် ရိုးရိုး  တစ်တင်းဈေး ကျပ် ၆၃၀ဝ၀၊ အင်းမဆူပါ ကျပ် ၆၅၀ဝ၀၊ ကရင်မဆန် ကျပ် ၅၄၀ဝ၀၊ ဆင်း သွယ်အသစ်တစ်အိတ်လျှင် ကျပ် ၆၃၀ဝ၀၊ မှော်ဘီ တစ်အိတ်လျှင် ကျပ် ၇၂၀ဝ၀ ဈေးဖြင့် အရောင်း အဝယ်ရှိသည်။ 
အင်ဥ
မြန်မာနိုင်ငံတွင် ပဲခူးရိုးမတစ်ကြော အင် တိုင်းမြေများတွင် မိုးဦးကာလ မေ၊ ဇွန်လများတွင် အင်ဥများ ပေါများစွာ တွေ့ရတတ်သည်။ တစ်နှစ် ပတ်လုံးတွင် တစ်ကြိမ်တည်းသာ တွေ့ရှိရပြီး ရက် အတိအကျ မသိနိုင်ဘဲ ယေဘူယျအားဖြင့် မိုးမှန် စပြုချိန်တွင် တွေ့ရလေ့ရှိကြောင်း သိရသည်။
အင်ဥမှာ မှိုမျိုးနွယ်ဝင်မြေအောင်း မှိုတစ်မျိုး ဖြစ်သောကြောင့် မှိုများကဲ့သို့ပင် ကျန်းမာရေး အတွက် အထောက်အကူဖြစ်စေသည့် အာဟာရ ဓာတ်များ ပါဝင်သည်။  မှိုနှင့် ဓာတ်မတည့်သူများ အနေဖြင့် အင်ဥကို ဆင်ခြင်စားသုံးသင့်ပြီး သွေး တိုးရောဂါ၊ ဂေါက်ရောဂါ၊ လေးဘက်နာရောဂါ ရှိသူနှင့် အဆစ်အမြစ်နာကျင်ကိုက်ခဲတတ်သူများ အနေနှင့်လည်း ချင့်ချိန်စားသုံးသင့်သည်။ တစ်နှစ် လျှင် တစ်ကြိမ်သာပေါ်သော ရာသီစာအင်ဥကို  မေလစတုတ္ထပတ်တွင် အင်ဥနို့ဆီဘူး တစ်ဘူးလျှင် ကျပ် ၄၅၀ဝ ဖြင့် ဈေးကောင်းရပြီး အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
စားတော်ပဲ
ပြည်မြို့တွင် စားတော်ပဲသီးနှံကို လက်လီ အရောင်းအဝယ်သာရှိပြီး   တစ်ခါတစ်ရံမှသာ လှောင်သမားများ အဝယ်ရှိသည်။ စားတော်ပဲမှာ မြို့တွင်းစားသုံးမှုသာရှိပြီး ပဲစတင်ပေါ်စအချိန် မတ်လတွင်   စားတော်ပဲ  တစ်တင်းလျှင် ကျပ် ၁၂၅၀ဝ၀ ဖြင့် ဈေးစတင်ဖွင့်ခဲ့သည်။ 
မေလတွင် စားတော်ပဲဈေး  တက်လာပြီး အဝင်လည်း နည်းနေပြီဖြစ်၍ တစ်တင်းလျှင် ကျပ် ၁၅၅၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၂၅-၅၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 
ပဲကြီး
ယခင်နှစ်   မေလစတုတ္ထပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ၊ ကုန်းပဲ တစ်တင်းလျှင် ကျပ် ၈၅၀ဝ၀ ဖြင့် မြို့တွင်းပဲကြော် သမားများနှင့် နယ်စုံ အဝယ်တစ်ရက်လျှင် အိတ် ၂၀ဝ-၃၀ဝ ခန့်ရှိသည်။
ယခုနှစ်မေလစတုတ္ထပတ်တွင် ယခင်နှစ် ထက် ဈေးထက်ကျနေပြီး ပဲကြီး(ရွှေကျွန်း)တစ် တင်းလျှင် ကျပ် ၈၈၀ဝ၀၊ ကုန်းပဲတစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ ဖြင့် မြို့တွင်း  ပဲကြော်သမားများက အဝယ် တစ်ရက်လျှင် အိတ် ၂၅၀ ခန့်ရှိသည်။ 
ကြက်သွန်နီ
ပြည်ဈေးကွက်အတွင်း ကြက်သွန်နီမှာ ယခင်ပတ်များမှ  အဝင်များထားသဖြင့် ပစ္စည်း လက်ကျန်များနေသည့်အတွက် ယခု မေလကုန် တွင် အဝင်နည်းလျက်ရှိနေသည်။ မကွေးတိုင်း ဆိပ်ဖြူနှင့် အောင်လံမြို့နယ်တို့မှသာ အဝင်ရှိနေ ပြီး တစ်ရက်လျှင် ပိဿာချိန် ၇၀ဝ၀ခန့်သာ အဝင် ရှိနေသည်။   ယခင်ပတ်များက တစ်ရက်လျှင် ပိဿာချိန် ၁၃၀ဝ၀ ခန့် အဝင်ရှိခဲ့သဖြင့် ယခုမေလ ကုန်တွင် ထက်ဝက်ခန့် အဝင်နည်းသွားကြောင်း သိရသည်။ အရောင်းအဝယ်အေးလျက်ရှိနေပြီး ပုံမှန်ဝယ်လက်များ    အိတ်ဆွဲဝယ်ရောင်းသမား များနှင့်သာ ရောင်းဝယ်မှုရှိနေသည်။ ဈေးနှုန်းမှာ အရည်အသွေးပေါ်မူတည်ပြီး ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ်၁၂၀ဝ-၁၄၀ဝ-၁၅၀ဝ-၁၆၀ဝ နှုန်းတို့ရှိပြီး လက်လီ တစ် ပိဿာလျှင် ကျပ် ၁၇၀ဝ-၁၈၀ဝ-၂၀ဝ၀-၂၁၀ဝ နှုန်းဖြင့်  အသီးသီး  ရောင်းဝယ်မှုရှိနေကြောင်း သိရသည်။

 

အိအိခိုင်၊ မိမိအေး၊ ဝင်းလဲ့ဝါ၊ လွင်လွင်ဆန်း၊ ဝေဝေမင်း၊ နွယ်နွယ်လှိုင်(ပြည်)