၀ါးပင်သည် မြန်မာလူမျိုးတို့ အသုံးများ သောအပင်တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိသည်။မြန်မာ နိုင်ငံသည် ကမ္ဘာပေါ်တွင် ဝါးပေါက်ရောက်မှု တတိယအများဆုံးနိုင်ငံဟုသိရသည်။ ဝါးကို ရှေး ယခင်ကတည်းကယနေ့အချိန်အထိ အသုံးပြုနေ ကြဆဲဖြစ်သည်။ ဝါးကို လူသုံးကုန်ပစ္စည်းအမျိုး မျိုးအဖြစ်လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းများ အဖြစ်လည်းကောင်း၊ ဝါးလက်မှု ထုတ်ကုန်များ အဖြစ်လည်းကောင်း ပြုလုပ်အသုံးပြုနေကြသည်။ကမ္ဘာပေါ်တွင် ဝါးပင်သည် အရေးပါသော အပင် တစ်မျိုးဖြစ်သည်။
ဝါးမျိုးစိတ်နှင့် ဝါးပင်၏ သဘာဝ
ကမ္ဘာပေါ်တွင် ဝါးမျိုးစိတ် ၁၂၅၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် ဝါးမျိုးစိတ် ၁၀ဝ ကျော်ခန့် အလေ့ ကျ ပေါက်ရောက်ရှင်သန်ကြသည်။
သဘာဝပတ်ဝန်းကျင်နှင့်ဝါးပင်
ဝါးပင်သည်သဘာဝပတ်ဝန်းကျင်ကို များ စွာအကျိုးပြုသည်။ လေထုကိုညစ်ညမ်းစေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး သက်ရှိတို့ အတွက် အောက်ဆီဂျင်ကိုပြန်လည်ထုတ်လွှတ် ပေးသည်။ ပတ်ဝန်းကျင်အစိုဓာတ်ရှိနေချိန်တွင် ထိုအစိုဓာတ်ကို စုပ်ယူထားပြီး ပတ်ဝန်းကျင်ခြောက် သွေ့နေချိန်တွင် စုပ်ယူထားသော အစိုဓာတ်ကို ပြန်လည်ထုတ်လွှတ်ပေးသည်။ ရေမှုန့်လေးများကို ထုတ်ပေးကြောင်းလည်းသိရသည်။ ဝါး ၂ ဒသမ ၄၇၁ဧကရှိသော ဝါးစိုက်ခင်းတစ်ခင်းသည် လေထု ကိုညစ်ညမ်းစေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ကာဗွန် ၆၂ တန်အထိနှစ်စဉ် စုပ်ယူပေး နိုင်သည်။ တချို့က ၁၂ တန်ဟုဆိုကြသည်။ မည် သို့ပင်ဆိုစေ ဝါးပင်သည် ပတ်ဝန်းကျင်ကို အကျိုး ပြုသည်ကတော့ အမှန်ဖြစ်သည်။ အခြားသော အပင်၂ ဒသမ ၄၇၁ ဧကသည် နှစ်စဉ် ကာဗွန် ၁၅ တန်ခန့်သာ စုပ်ယူနိုင်သည်။ ထို့ပြင်ဝါးပင်သည် အမြစ်ဖွဲ့စည်းမှုသည် အခြားအပင်များနှင့်မတူ အမြစ်ကျစ်လျစ်သည်။ ထို့ကြောင့်မြေဆီလွှာကို ရေတိုက်စားမှုမှ ကာကွယ်ပေးသည်။ ဝါးပင်သည် အစိုဓာတ်ကို ထုတ်လွှတ်ပေးသလို ရာသီဥတုပူနွေး မှုကိုလည်း လျှော့ချပေးနိုင်သည်။ အကြောင်းမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူမှုများသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးသည့်ဝါးပင်ကို တိုးချဲ့စိုက်ပျိုးသင့် သလို ဝါးပင်များကို လည်းထိန်းသိမ်းပေးသင့်သည်။ ထိုကဲ့သို့ အရေးပါသော ဝါးပင်ကို လေးစားဂရုပြု သည့်အနေဖြင့် နှစ်စဉ် စက်တင်ဘာလ ၁၈ ရက် နေ့ကို ကမ္ဘာ့ဝါးပင်များနေ့အဖြစ်သတ်မှတ်ထား ကြသည်။ ထို့ပြင် ဝါးပင်သည် ဂေဟဗေဒစနစ်ဖြင့် ကိုက်ညီသည့်အချက်များရှိသည်။ လျင်မြန်စွာ ကြီး ထွားခြင်း၊ ထွက်ရှိနှုန်းများခြင်း၊ ဝါးနှင့် ပတ်သက် သော အသက်မွေးမှုရှိခြင်း၊ မြေဆီလွှာကိုကာကွယ် ပေးခြင်း၊ လေထုကို သန့်စင်ပေးခြင် းစသည်တို့ဖြစ် သည်။
စီးပွားဖြစ်စိုက်ပျိုးသင့်သော မြန်မာတို့၏ဝါး
ဝါးကို ယခုအခါစနစ်တကျစိုက်ပျိုးလာကြ သည်။ ဝါးစိုက်ပျိုးရာတွင် မျိုးပွားစိုက်ပျိုးနည်း နှင့်အစေ့မှလည်း မျိုးပွားယူကြသည့်ဟုသိရသည်။စီးပွားဖြစ်ဝါးစိုက်ပျိုးမည်ဆိုပါက ဝါးပင်ကြိုက်နှစ် သက်သော မြေ၊ ရာသီဥတုအပြင် သင့်လျော်သော ဝါးမျိုးစိတ်ကို ရွေးချယ်စိုက်ပျိုးရန်လည်းလိုသည်။ ဝါးစိုက်ပျိုးမည့်မြေကို ရွေးချယ်မည်ဆိုပါက ဝါး စိုက်မြေကို လမ်းပန်းဆက်သွယ်ရေးကောင်းသည့် မြေနေရာမျိုး ဝါးထုတ်ကုန်များ ထုတ်လုပ်သည့် နေရာနှင့်နီးသော နေရာမျိုးကိုလည်း ရွေးချယ် စိုက်ပျိုးသင့်ပါသည်။ ထိုအခါ သယ်ယူစရိတ်သက် သာမည်ဖြစ်သည်။ ဝါးကိုအများအားဖြင့် အမြစ် ဆုံမှ ပျိုးပွားစိုက်ပျိုးနည်းနှင့်အဆစ်မှ မျိုးပွား စိုက်ပျိုးနည်းဟူ၍ နှစ်မျိုးရှိသည်။
မြန်မာ့စီးပွားရေးနှင့်ဝါးထုတ်ကုန်
ဝါးကို လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ ဝါး လက်မှုပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းချကြ သည်။ ဝါးလက်မှုပစ္စည်းများမှာ ဝါးခမောက်၊ ဝါးပုလွေ၊ ဝါးပတ္တလား၊ ဝါးလက်ခုပ်၊ စပါးထည့် သည့် ဝါးပုတ်၊ငါးဖမ်းရာတွင် အသုံးပြုသည့် ယင်း၊ ဝါးမြှုံးအမျိုးမျိုး၊ ဆန်ကော၊ ဆန်ခါ၊ ပုသိမ်ထီး၊ နှီး ကြောဖျာ၊ မြန်မာ့ယွန်းထည်နှင့် ဝါးကုလားထိုင် အမျိုးမျိုးတို့ဖြစ်သည်။ မြန်မာ့ပုသိမ်ထီးနှင့် မြန်မာ့ ယွန်းထည်ဆိုလျှင် ကမ္ဘာသိ မြန်မာ့ဝါးလက်မှု အနု ပညာ ယဉ်ကျေးမှုပင်ဖြစ်သည်။ ဝါးပင်သည် ကုန် ကြမ်းသာဖြစ်သည်။ အဆိုပါဝါးကို လက်မှုပစ္စည်း များဖြစ်သည့် ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရန် လိုအပ်သည်။ မြန်မာ့ယွန်းထည်နှင့် မြန်မာ့ရိုးရာ ပုသိမ်ထီးဆိုလျှင် ကမ္ဘာသိဝါး လက်မှုကုန်ချော ပစ္စည်းဖြစ်သည်။ ထိုကဲ့သို့ ဝါးလက်မှုအခြေခံထုတ် ကုန်များ ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်က လည်းအားပေးလျက်ရှိသည်။ ဝါးလက်မှုထုတ်ကုန် များ ဖွံ့ဖြိုးတိုးတက်လာပါက လူမှုစီးပွားရေးလည်း တောင့်တင်းခိုင်မာလာမည်ဖြစ်သည်။ နိုင်ငံတော် အနေဖြင့်လည်း ဝါးအပါအဝင် စိုက်ပျိုးရေးလုပ်ငန်း များနှင့် ြှနြ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာ စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းအနှီးများ ထုတ်ပေးပြီး အားပေးဆောင်ရွက် လျက်ရှိသည်။ ဒေသအသီးသီးမှာလည်း ြှနြ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး လိုအပ်ချက်များ ကိုဖြည့်ဆည်း ပေးလျက်ရှိကြောင်း တွေ့ရသည်။
ထို့ကြောင့် ယခုအခါ စိုက်ပျိုးရေးတောင်သူ များအနေဖြင့် မြေကြီးက ရွှေသီးဟုဆိုရမည့်အချိန် ပင်ဖြစ်သည်။ အဆိုပါစိုက်ပျိုးရေးလုပ်ငန်းအသီးသီးတွင် ဝါးစိုက်ပျိုးရေးသည်လည်း ပါဝင်သည်။ ဝါးသည် ယဉ်ကျေးမှုအရလည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင်အရလည်းကောင်း၊ြှနြ အသေး စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအရ လည်းကောင်း ဘက်စုံ အသုံးဝင်သော အပင်ဖြစ် သည်။ ထို့ကြောင့်ဘက်စုံအသုံးဝင်သည့် ဝါးပင်ကို စိုက်ပျိုးသင့်သလို အစဉ်ထိန်းသိမ်းသင့်ပါကြောင်း ရေးသားလိုက်ပါသည်။
ကိုကျော်စွာ (ကျိုက်ပိ)