၀ါးကို ဒေသရိုးရာအဖြစ် အဆောက်အအုံဆောက်ခြင်း၊ ခြံစည်းရိုးကာခြင်း အပါအဝင် လူ့အသုံးဆောင်အမျိုးမျိုး ထုတ် လုပ်သုံးစွဲခြင်းဖြင့် အသုံးဝင်ပြီး ထိုလုပ်ငန်းများကြောင့် ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေနိုင်သည်။
ဝါးပင်များမှ ဝါးပန်းပု၊ ဝါးမီးသွေး၊ ဝါးဆပ်ပြာ၊ အပင်ပိုးသတ် ဆေး၊ အလှကုန်နှင့် ကျန်းမာရေးသုံး ပစ္စည်းများ၊ ဝါးကြမ်းခင်း၊ ယင်းလိပ်၊ စားပွဲတင်ဖျာ၊ ထိုင်ခုံနောက်မှီအခင်းပြား စသည့် ဝါးပရိ ဘောဂများ၊ နှီးဖြာ၍ ထုတ် လုပ်ရသော တန်ဖိုးမြှင့်ဝါးလက်မှုပစ္စည်း အမျိုးမျိုး၊ သွားကြားထိုးတံ၊ တူ၊ အသားကင်ဝါးချောင်းများ စသည့် ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည်။ ဝါးပင် နှစ်နှစ်သားခန့်တွင် နှီးဖျာအဖြစ် ရက်လုပ်နိုင်ပြီး ငါးနှစ်သားခန့်တွင် ဝါးလုံး၊ ဝါးကပ်၊ ထရံ၊ ကုလားထိုင်၊ အိမ်အမိုးအကာ၊ တိုင်၊ ငြမ်းအသုံးပြုခြင်းဖြင့် အလွန် အသုံးဝင်သည်။ ဝါးဖြင့် ဖန်တီးပြုလုပ်လျက်ရှိသော နိုင်ငံတကာအဆင့်မီ အိမ်သုံးပရိဘောဂပစ္စည်း အသုံးအဆောင်များကိုလည်း ထုတ်လုပ် နိုင်သည်။ ဝါးပင်ပေါက်ကို စားစရာမျှစ်အဖြစ် အသုံးဝင်သည့်အပြင် မျှစ်ချဉ်၊ မျှစ်ခြောက်များအဖြစ် တာရှည်ခံအောင် တန်ဖိုးမြှင့်ဆောင် ရွက်ခြင်း၊ ပို့ကုန်အမယ်သစ်အဖြစ် မျှစ်စည်သွတ်ဘူး ထုတ်လုပ်ခြင်းကို လည်း အားပေးနိုင်သည်။ ပြည်ပသွင်းကုန် အစားထိုးစက္ကူအမျိုးမျိုး ထုတ်လုပ်နိုင်ရေးကိုလည်း အားပေးလျက်ရှိသည်။
မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယနိုင်ငံပြီးလျှင် ကမ္ဘာပေါ် တွင် တတိယဝါးသယံဇာတပေါများသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော် လည်း ဝါးအချောထည် ထုတ်ကုန်ပစ္စည်း တင်ပို့မှု အနည်းငယ်သာ ရှိကြောင်း သိရသည်။ အရည်အသွေးကောင်းမွန်သော ဝါးကုန်ကြမ်း များကို ပြည်ပနိုင်ငံများမှလည်း ဝယ်ယူလေ့ရှိသဖြင့် အဆင့်မြင့်နည်း ပညာများနှင့် အရည်အသွေးမြင့်စေသော ဝါးမျိုးများ စိုက်ပျိုးထုတ် လုပ်နိုင်ပါက ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် များစွာအသုံးဝင်သော ဝါးပင်များကို ခုတ်ယူသုံးစွဲမှုများပြီး ပြန်လည် ပြုစုပျိုးထောင် စိုက်ပျိုးခြင်း မရှိသဖြင့် ယခင်က တောစပ်များတွင် ခုတ်ယူနိုင်သော ဝါးများကို တောအတွင်းပိုင်းအထိ ဝင်ရောက်ခုတ်ယူ နေရခြင်းကြောင့် သယ်ယူစရိတ်များ ပိုမိုကုန်ကျကာ ဝါးဈေးများ မြင့်တက်လာခြင်း၊ ဝါး အသုံးပြုရသည့် ပစ္စည်းများ ဈေးတက်ခြင်းများ ဖြစ်ပေါ်လာသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ဝါးသယံဇာတ အရင်းအမြစ်များနှင့် သဘာဝ၀ါးတောများ ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ် အသုံး ချနိုင်ရန်၊ ဝါးကုန်ကြမ်းများကို သဘာဝတောမှအပြင် ဝါးစိုက်ခင်း များမှ စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရန်၊ ဝါးအချောထည် ထုတ်ကုန် ပစ္စည်းများထုတ်လုပ်မှု တိုးတက်လာစေရန်အတွက် နိုင်ငံတော် အကြီးအကဲက ဝါးစိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ရေး၊ ဝါးစိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာရေး လမ်းညွှန်ထားသည်။
အဆိုပါလမ်းညွှန်ချက်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး သစ်တော ဦးစီးဌာနအနေဖြင့် ဝါးပျိုးပင် ၇၇၅၀ဝ ပင် ပျိုးထောင်ထားရှိပြီး ၂၀၂၃ ခုနှစ် မိုးရာသီတွင် တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းဝန်းများ၌ ဖြန့်ဝေစိုက် ပျိုးသွားရန် စီစဉ်ထားကြောင်း သိရသည်။ ပုဂ္ဂလိက ဝါးစိုက်ခင်း တည်ထောင်ခွင့်အတွက် စိစစ်ခွင့်ပြုပေးလျက်ရှိရာ ၂၀၂၀ ခုနှစ် စိုက် ပျိုးပြီးအပါအဝင် ကနီမြို့နယ်နှင့် ကောလင်းမြို့နယ်မှ လုပ်ငန်းရှင် ရှစ်ဦးအား ဧက ၄၀ဝ ကို ပုဂ္ဂလိကဝါးစိုက်ခင်းများအဖြစ် တည်ထောင် ခွင့်ပြုထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ဝါးထုတ်လုပ်မှုမှာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ဝါးလုံးရေထောင်ပေါင်း ၁၂၉၀ဝ ကျော် ထုတ်ပြီး၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ဝါးလုံးရေထောင်ပေါင်း ၉၆၀ဝ ကျော် ထုတ်ခဲ့ကြောင်း သိရသည်။ နှစ်စဉ် ဝါးလုံးရေပေါင်း ၁၈၆၀ဝ ခန့် ထုတ်ရန် လျာထားရာ ကလေးခရိုင်၊ ယင်းမာပင်ခရိုင်၊ ကန့်ဘလူ ခရိုင်နှင့် ကသာခရိုင်တို့သည် ဝါးထွက်ရှိမှုအများဆုံး ဒေသများဖြစ် သည်။ ဝါးဈေးနှုန်းအနေဖြင့် ရိုးရိုးဝါး ၁၀ တောင်အရှည်ခန့် တစ်လုံး လျှင် ကျပ် ၉၀ဝ၊ ၁၂ တောင်အရှည်ခန့်မှာ ကျပ် ၁၃၀ဝ နှင့် လွှာရက် သုံးနိုင်သော တင်းဝါးတစ်လုံးလျှင် ကျပ် ၂၀ဝ၀ ဖြစ်ကြောင်း မုံရွာမြို့ ရှိ ဝါးဆိုင်မှသိရသည်။
ဝါးရုံသည် မြေဆီလွှာနှင့် ရေတိုက်စားမှုကို ကာကွယ်ပေးနိုင် ခြင်း၊ ဝါးပင်များသည် ကမ္ဘာကြီး ပူနွေးမှုနှင့် ရာသီဥတုပြောင်းလဲမှု ကိုဖြစ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို သစ်ပင်များ ထက် ပိုမိုစုပ်ယူပေးထားနိုင်ခြင်း၊ ဝါးရွကြွေ်ကများသည် အလွယ်တကူ ဆွေးမြည့်နိုင်ပြီး မြေဆီလွှာအာဟာရကို ဖြည့်တင်းပေးခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအတွက်လည်း အသုံးဝင်သည်။ ဝါးသယံဇာတများကို လေးစားတန်ဖိုးထားတတ်ကြစေရန် ရည်ရွယ် ၍ စက်တင်ဘာ ၁၈ ရက်ကို ျွှသမိူ ြောဘသသ ီပေ အဖြစ် သတ်မှတ် ထားရာ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးထုတ်လုပ်သူများအသင်းက ဝါးချစ် သူများ စုဝေး၍ အသိပညာဖြန့်ဝေခြင်းများ ဆောင်ရွက်မှုရှိကြောင်း သိရသည်။
အချို့ဝါးခုတ်သူများသည် ဝါးပင်များအား ပြန်လည်အစားထိုး စိုက်ပျိုးလေ့မရှိသကဲ့သို့ စိုက်ပျိုးရေး နည်းစနစ်များကိုလည်း သေချာစွာ သိရှိသူနည်းပါးကြောင်း တွေ့ရသည်။ ဝါးပျိုးထောင်မှု နည်း(၄)နည်းမှာ ဝါးဘေးကိုင်းတက် အသုံးပြု မျိုးပွားခြင်းနည်း၊ ဝါးအဆစ်ဖြတ်ပိုင်းများ အသုံးချမျိုးပွားနည်း၊ ပင်ပွားခွဲ၍မျိုးပွားနည်း နှင့် တစ်နှစ်သား ဝါးအမြစ်ဆုံကို အသုံးပြုမျိုးပွားနည်းများ ဖြစ်သည်။ ဝါးများကို မေလနှင့်ဇွန်လများတွင် မျိုးပွားပျိုးထောင်ရကာ တည် ထောင်ပြီး ၅-၇ နှစ်အတွင်း စီးပွားဖြစ်ဝါးထုတ်ယူနိုင်မည်ဖြစ်သည်။ ဝါးသယံဇာတများ ရေရှည်တည်တံ့ပြီး အရည်အသွေးမီဝါးများ စဉ် ဆက်မပြတ် ထုတ်ယူနိုင်ရန် စနစ်ကျသောဝါးခုတ်ယူမှုကို ဆောင်ရွက် သင့်ပါသည်။ ဝါးရုံများအား အရုံလိုက် အပြောင်ခုတ်လှဲခြင်း မပြုဘဲ ဝါးရုံသန်စွမ်းမှုအတွက် ချန်လှပ်ထိန်းသိမ်းထားရပါမည်။ မုတ်သုံမိုး ကျပြီး ဇွန်၊ ဇူလိုင်လ မျှစ်ထွက်ချိန်နှင့် ဝါးပင်ကြီးထွားရာသီ ဇွန်လမှ အောက်တိုဘာလ ကြားကာလအတွင်း ဝါးခုတ်ယူမှု မပြုသင့်သေးဘဲ နိုဝင်ဘာလမှစ၍ မေလအထိ ဝါးထုတ်ယူပါက ဝါးတွင်းအချိုဓာတ် ကျဆင်းချိန်ဖြစ်၍ အသုံးပြုရာတွင်လည်း တာရှည်ခံနိုင်မည် ဖြစ် သည်။
ဝါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး ရေးကို စနစ်တကျလုပ်ဆောင်နိုင်ပါက ပြည်ပပို့ကုန်အဖြစ် အားထားနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်း များကိုလည်း တိုးပွားစေမည်ဖြစ်သည်။ ရေရှည်တည်တံ့မှုကို စဉ်းစား ပြီး သစ်ပင်ကဲ့သို့ နှစ်စဉ်ထွက်ရှိနိုင်မည့် ပမာဏထက် မကျော်ဘဲ ထုတ်လုပ်သွားနိုင်စေရန်အတွက် ဝါးကို သစ်ပင်အမျိုးအစားအဖြစ် ထည့်သွင်းထားပြီး စီမံဆောင်ရွက်ကြောင်း သိရသည်။ ဝါးစိုက်ခင်း များ ယခုထက် ပိုမိုဆောင်ရွက်လာနိုင်ရန်၊ ဝါးအခြေခံသည့် ကုန် ထုတ်လုပ်ငန်းများ တိုးတက်လာစေရန် သက်ဆိုင်ရာဌာနများက နည်းပညာများ ပံ့ပိုးပေးခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင် ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံခြင်း၊ ဝါးစိုက်တောင်သူများက ပူးပေါင်းပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ဝါးအခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ နိုင်မည်ဖြစ်ပါသည်။
ရီလင်းထွဋ် (မုံရွာ)