Main menu

Background

တရုတ်နယ်စပ်မှ အချိုမှုန့် ၁၀၂ တန်ကျော် ပိုမိုတင်သွင်း

Fri, 02/01/2013 - 06:25 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ် လာ သုည ဒသမ ၈၃၄ သန်းတန်ဖိုး ရှိ အချိုမှုန့် ၈၃၃ တန်ကျော်ကို ဇန်န ဝါရီ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလ အတွင်းမှာ တင်သွင်းခဲ့ပါတယ်။ မူဆယ် မှ ၁၈၂ တန်နဲ့ ချင်းရွှေဟော်မှ ၆၅၁ တန်ကျော် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မှာ အချိုမှုန့် ၁၀၂ တန် ကျော် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ပြည် တွင်းမှစားသုံးမှုများပြီး ဝယ်လိုအားအမြဲ ကောင်းနေတဲ့  အိမ်ရှင်မတို့အကြိုက် ပစ္စည်းအမယ်တစ်မျိုး ဖြစ်တာကြောင့် လည်း သွင်းအားကောင်းနေတာ ဖြစ်ပါ တယ်။

မူဆယ်နယ်စပ်မှ မိမိဘက်နဲ့ တစ် ဖက်နိုင်ငံ ၁ ကီလို မြေပြင်ပေါက်ဈေး များကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါ တယ်-                 ကျပ်/ကီလို
မူဆယ်    ရွှေလီ
၁၁၅၀     ၁၁၆၈
တင်တင်ထွန်း