အင်ဒိုနီးရှား စားအုန်းဆီအသင်း (GAPKI) က စားအုန်းဆီ တင်ပို့မှုအပေါ် ကောက်ခံသည့် အခွန်စည်းကြပ်မှု အစီအစဉ်ကို ဆိုင်းငံ့ထားရန် အစိုးရထံ မေ ၁၆ ရက်တွင် တိုက်တွန်းခဲ့ပြီး အမေ ရိကန်၏ အခွန်စည်းကြပ်မှုနှင့် ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် ကမ္ဘာ့ကုန်သွယ်ရေး မရေရာမှုများကြားတွင် ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေနိုင်သည်ဟု သတိပေးပြောကြားခဲ့ကြောင်းReuters သတင်းဌာနက ဖော်ပြသည်။
အင်ဒိုနီးရှားအစိုးရသည် စားအုန်းဆီကို အချိုးအစားအလိုက် ရောစပ်အသုံးပြုသည့် ဇီဝဒီဇယ် အသုံးပြုခွင့်အပြင် ဆီအုန်းပင်များ ပြန်လည်စိုက်ပျိုးရေး အစီအစဉ်ကို ရန်ပုံငွေထောက်ပံ့ရန်အတွက် ၎င်း၏ စားအုန်းဆီ ပို့ကုန်အခွန်ကို ၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက်မှ စတင်၍ ၄ ဒသမ ၇၅ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်းကြား တိုးမြှင့် ကောက်ခံမည်ဖြစ်ပြီး မူလပို့ကုန်အခွန်စည်းကြပ်မှုနှုန်းမှာ ၃ ရာခိုင် နှုန်းမှ ၇ ဒသမ ၅ ရာခိုင်နှုန်းအထိသာရှိကြောင်း သိရသည်။
လက်ရှိအခြေအနေသည် မသေချာမရေရာမှုများ ပြည့်နှက် နေသည့်အတွက် အင်ဒိုနီးရှား စားအုန်းဆီတင်ပို့မှု၏ ယှဉ်ပြိုင်နိုင် စွမ်းအားကို ထိခိုက်စေနိုင်မည့် မူဝါဒအား အကောင်အထည်ဖော်စေ သည်မှာ ကြီးမားသည့် ဆိုးကျိုးတစ်ခုဖြစ်စေမည်ဖြစ်ကြောင်း အင်ဒို နီးရှား ဘဏ္ဍာရေးဝန်ကြီးMs. Sri Mulyani Indrawati ထံ လိပ်မူထား သည့် စာတစ်စောင်၌ အင်ဒိုနီးရှား စားအုန်းဆီအသင်း (GAPKI) က ပြောကြားခဲ့သည်။
စားအုန်းဆီရန်ပုံငွေအတွက် ပို့ကုန်အခွန်စည်းကြပ်ကောက်ခံ ခြင်းနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကGAPKI၏တောင်းဆိုချက်အပေါ် လာမည့်သီတင်းပတ်တွင် အစိုးရဝန်ကြီးဌာန များ၏ အစည်းအဝေး၌ ဆွေးနွေးမည်ဖြစ်ပြီးGAPKI ၏ တောင်းဆို ချက်ကို ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်း ရေးဝန်ကြီးဌာနတို့က သဘောထားမှတ်ချက် ပြန်လည်ဖြေကြားခြင်း မရှိသေးကြောင်း သိရသည်။
ကမ္ဘာ့စားအုန်းဆီ အများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှားသည် အမေရိကန်နိုင်ငံ၏ အကောက်ခွန် ၃၂ ရာခိုင်နှုန်း တိုးမြှင့်မည့် အဆို ပြုချက်နှင့် ရင်ဆိုင်နေရချိန်တွင် ဒုတိယအများဆုံး စားအုန်းဆီထုတ် လုပ်သည့် မလေးရှားသည် အကောက်ခွန် ၂၄ ရာခိုင်နှုန်းသာ တိုးမြှင့် ခံရမည့် အခြေအနေရှိကြောင်းနှင့် အမေရိကန်နိုင်ငံသည် ထိုသို့ သွင်းကုန်အခွန် တိုးမြှင့်ကောက်ခံခြင်းကို ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ဆိုင်းငံ့ထားကြောင်း သိရသည်။
အင်ဒိုနီးရှား၏ စားအုန်းဆီတင်ပို့မှုသည် မလေးရှားနှင့် ယှဉ် ပြိုင်ပါက ပြိုင်ဆိုင်မှု ပြင်းထန်လာမည်ကို စိုးရိမ်လျက်ရှိပြီး အထူး သဖြင့် အင်ဒိုနီးရှားက လက်ရှိကြီးစိုးထားသည့် အမေရိကန်ဈေးကွက် အတွက် စိုးရိမ်ပါကြောင်း အဆိုပါစားအုန်းဆီအသင်းက ပြောကြား ခဲ့သည်။
မလေးရှားနိုင်ငံ အစိုးရအနေဖြင့် စားအုန်းဆီဈေးနှုန်းပေါ် မူတည်၍ စားအုန်းဆီပို့ကုန်အခွန်ကို ၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း အထိ ကောက်ခံလျက်ရှိပြီး မေလအတွက် ပို့ကုန်အခွန်ကို ၁၀ ရာခိုင် နှုန်း သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။ အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးMs. Sri Mulyani Indrawati က အမေရိကန်၏ သွင်းကုန်အခွန် တိုးမြှင့်မည့် အခြေအနေကြောင့် အင်ဒိုနီးရှား စားအုန်းဆီ ပို့ကုန်လုပ်ငန်းရှင်များအပေါ် ဝန်ထုပ် ဝန်ပိုး မဖြစ်စေရန် စားအုန်းဆီကြမ်းတင်ပို့မှုအပေါ် အခွန်စည်း ကြပ်မှုအား ချိန်ညှိမည်ဖြစ်ကြောင်း ယခင်က ပြောကြားထားခဲ့သည်။ လက်ရှိကာလတွင် အဓိကစားအုန်းဆီ ဝယ်ယူသည့်နိုင်ငံများဖြစ်သော အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား တင်းမာမှုမြင့်တက်လာ ခြင်းက ဝယ်လိုအား လျော့ကျစေနိုင်မည့် စိုးရိမ်မှုဖြစ်ပေါ်စေကြောင်း နှင့် အိန္ဒိယနှင့် ပါကစ္စတန်ကြား ရာသက်ပန် အပစ်အခတ် ရပ်စဲခြင်း မရှိသေးသည့်အတွက် နှစ်နိုင်ငံလုံး၏ စားအုန်းဆီကြမ်းနှင့် ဆက်စပ် ပစ္စည်းဝယ်ယူမှုကို နှောင့်နှေးကြန့်ကြာစေခဲ့ကြောင်းဖြင့်GAPKI စားအုန်းဆီအသင်းက ပြောကြားခဲ့ကြောင်း သိရသည်။
Source: Reuters, 17th May 2025
D Thi, DOCA