Main menu

Background

နယူးဇီလန်နိုင်ငံ၏နို့ထွက်ပစ္စည်းဈေးနှုန်းစံချိန်တင်မြင့်တက်

Thu, 09/04/2025 - 15:49 -- journal_editor

နယူးဇီလန်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လအထိတွင် စားသောက်ကုန်ဈေးနှုန်း ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ 
နို့ထွက်ပစ္စည်းများ  ဈေးနှုန်းမြင့်တက်မှုကြောင့် စားသောက်ကုန်မျိုးစုံတို့သည် ၅ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ နို့ ၁၆ ရာခိုင်နှုန်း၊ ထောပတ် ၄၂ ဒသမ ၂ ရာခိုင်နှုန်း၊ ချိစ် ၂၉ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းStats NZ  က ပြောကြားခဲ့သည်။၂၀၂၀ ပြည့်နှစ် ဇူလိုင်လကတည်းက နို့ဈေးနှုန်း ၃၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
အသားနှင့် ငါးဈေးနှုန်းများ ၇ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမဲသားအကင် ၂၄ ဒသမ ၆ ရာခိုင်နှုန်းနှင့် ခုတ်ဖြတ်ပြီးအသား ၁၉ ဒသမ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အသီးနှင့် ဟင်းသီး ဟင်းရွက်များ ၇ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အရက်မပါသော အချိုရည် ၄ ဒသမ ၄ ရာခိုင်နှုန်း နှင့် စားသောက်ဆိုင် အစားအစာ ၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
အိမ်ငှားခဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်  ဇူလိုင်လအထိ ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၎င်းတိုးတက်မှုသည် ၂၀၁၁ ခုနှစ်ကတည်းက အနှေးဆုံး  တိုးတက်နှုန်းဖြစ်ကြောင်းStats NZ က ပြောကြားခဲ့ကြောင်း သိရသည်။
Source: Xinhua

 

ကျော်မြင့်ဦး၊ DOCA (ရန်ကုန်)