Main menu

Background

ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ် ပထမ သုံးလပတ်အတွင်း ပြည်ပဆန်တင်ပို့မှု ၃၀ ရာခိုင်နှုန်း ကျဆင်းလျက်ရှိ

Mon, 05/05/2025 - 11:59 -- journal_editor

ထိုင်းနိုင်ငံ၏  ဆန်တင်ပို့မှုသည် ယခုနှစ် ပထမသုံးလပတ်တွင် မက်ထရစ်တန် ၂ဒသမ၁ သန်းအထိရှိပြီး ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်း  ကျဆင်းသွားခဲ့ကြောင်း ထိုင်းနိုင်ငံ စက်မှုအသင်းမှ ပြောကြားခဲ့သည်။
ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူး ဆောင်ဥက္ကဋ္ဌ Chookiat Ophaswongseက အိန္ဒိယ နိုင်ငံသည်  ဆန်ဖြူတင်ပို့မှု ပြန်လည်စတင်ခြင်း၊ အဓိကဆန်တင်သွင်းသည့် အင်ဒိုနီးရှားနိုင်ငံသည် ဆန်တင်သွင်းမှုဆိုင်ရာ  အမှာစာများကို ခေတ္တ ဆိုင်းငံ့ထားခြင်းနှင့် အခြားနိုင်ငံများ၏ ဝယ်ယူမှု နှောင့်နှေးခြင်းတို့ကြောင့်   ယခုကဲ့သို့ ထိုင်းဆန် တင်ပို့မှု ကျဆင်းသွားရခြင်းဖြစ်သည်ဟု ဆို သည်။
ထိုင်း ဆန်ဖြူတင်ပို့မှုပမာဏ ၅၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သော်လည်း ထိုင်း jasmine  ဆန် နှင့်parboiled  ဆန်များ တင်ပို့မှုမှာ တိုးတက်မှုရှိခဲ့ သည်။ ယခုနှစ်တွင် ဆန်အဓိက တင်သွင်းနိုင်ငံ ဖြစ်သည့်  အင်ဒိုနီးရှားနိုင်ငံသည် ဆန်တန်ချိန် တစ် သန်းအောက် တင်သွင်းရန် မျှော်မှန်းထားပြီး ယခုနှစ်  နှောင်းပိုင်းတွင် တင်သွင်းမှု ပြန်လည် စတင်နိုင်ဖွယ်ရှိကြောင်း  သိရသည်။ ထိုင်းနိုင်ငံ သည် ယခင်နှစ်က ဘတ်ငွေ ၂၂၅ ဒသမ  ၆၅ ဘီလီယံတန်ဖိုးရှိ ဆန် တန်ချိန် ၉ဒသမ၉၄ သန်းကို တင်ပို့ခဲ့ပြီး တင်ပို့မှု ပမာဏအရ အမေရိကန်နိုင်ငံ သည် ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံးဈေးကွက် ဖြစ်ခဲ့သည်။
ထို့ကြောင့် မစ္စတာ Chookiat သည် ထိုင်း ကုန်ပစ္စည်းများအပေါ် တင်သွင်းအခွန်ကို ယခင် သုည  ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ တိုးမြှင့် ကောက်ခံသည့်  အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၏  မူဝါဒကို  အနီးကပ် စောင့်ကြည့်ရန် အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့သည်။ အပြန်အလှန်အကောက်ခွန် ၃၆ ရာခိုင်နှုန်း ပြဋ္ဌာန်း ရန် ရက် ၉၀ ကြာ ကြန့်ကြာမှုကြောင့် ပထမသုံးလ ပတ်တွင် ထိုင်jasmineဆန်ဝယ်လိုအား ပိုမိုတိုး မြှင့်လာစေပြီး တန်ချိန် ၂၀ဝ၀ဝ၀ ကျော် တင်ပို့နိုင် ခဲ့သည်။
ထိုင်းJasmine ဆန်၏ အကြီးဆုံးဈေးကွက် ဖြစ်သည့် အမေရိကန်နိုင်ငံအနေဖြင့် တင်သွင်း အခွန် စည်းကြပ်မှုအား ၂၀ မှ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည်ဆိုပါက ထိုင်းJasmine  ဆန် တင်ပို့မှုအပေါ် များစွာ ထိခိုက်စေနိုင်သည်ဟု မြ. ဃ့သသုငအေ က ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် အခွန် ၂၅ ရာခိုင် နှုန်း စည်းကြပ်မည်ဆိုပါက တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၁၀ဝ၀ ဝန်းကျင်ရှိသော ျောဲငညန ဆန်၏ လက်ရှိပို့ကုန်ဈေးနှုန်းသည် အမေရိကန် ဒေါ်လာ ၁၂၅၀ ဝန်းကျင်အထိ မြင့်တက်လာနိုင် သည်ဟုMr. Chookiat က ပြောသည်။ ထိုကဲ့သို့ ဈေးနှုန်းမြင့်တက်ခြင်းကို အမေရိကန် စားသုံးသူ များက လက်ခံခြင်းမပြုပါက ထိုင်းနိုင်ငံ၏ ဆန် တင်ပို့ မှု များစွာလျော့နည်းဖွယ်ရှိသည်ဟု အသင်း အဖွဲ့မှ ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ်တွင်  ထိုင်းနိုင်ငံမှ အမေ ရိကန်နိုင်ငံသို့ ဆန်တန်ချိန် ၈၃၀ဝ၀ဝ တင်ပို့ခဲ့ပြီး ျြောငညန ဆန်တန်ချိန် ၆၃၀ဝ၀ဝ နှင့် ထိုင်းဆန်မွှေး တန်ချိန် ၁၂၀ဝ၀ဝ တို့ပါဝင်သည်။ ထိုင်းနိုင်ငံသည် နှစ်စဉ် ကမ္ဘာ့ဈေးကွက်သို့ ျြောငညန ဆန်တန်ချိန် ၁ ဒသမ ၃ မှ ၁ ဒသမ ၄ သန်း တင်ပို့ခဲ့သည်။
ပထမသုံးလပတ်တွင် ဗီယက်နမ်နိုင်ငံသည် ဆန်တင်ပို့မှု စုစုပေါင်းတန်ချိန် ၂ ဒသမ ၃ သန်း ဖြင့် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုထက် ပိုမိုခဲ့သည်။ အကယ်၍ ထိုင်းသည် အမေရိကန်ရှိ ျြောငညန ဆန် ဈေးကွက်ဝေစုကို ဆုံးရှုံးသွားပါက ကမ္ဘာပေါ်ရှိ ဒုတိယအကြီးဆုံး    ဆန်တင်ပို့သူနိုင်ငံအဖြစ်မှ တတိယနေရာသို့ ကျဆင်းနိုင်ခြေရှိသည်။
စိန်ခေါ်မှုများ ရှိနေသော်လည်း အသင်း အနေဖြင့် ၂၀၂၅ ခုနှစ်အတွက် ပို့ကုန်တန်ချိန် ၇ ဒသမ ၅ သန်းကို ဆက်လက်လျာထားပြီး ဤလျာ ထားချက်ကို နှစ်လယ်ပိုင်းတွင် ပြန်လည်အကဲ ဖြတ်ရန် စီစဉ်ထားသည်။ 
နောက်ထပ်စိုးရိမ်စရာမှာ  ထိုင်းနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေ သည့်  ဘတ်ငွေ၏ မတည်ငြိမ်သော ငွေလဲနှုန်းဖြစ် သည်။ ထိုင်းဆန် ပို့ကုန်ဈေးနှုန်းကို အခြားနိုင်ငံများ နှင့်  နှိုင်းယှဉ်လေ့လာမည်ဆိုပါက လက်ရှိတွင် ထိုင်း ၁၅ ရာခိုင်နှုန်း ဆန်ဖြူအတွက် တင်ပို့ဈေးနှုန်း မှာ တစ်တန်လျှင် ဒေါ်လာ ၄၀ဝ မှ ၄၀၅ ခန့်ရှိပြီး ဗီယက်နမ်နိုင်ငံတွင် ဒေါ်လာ ၃၈၅ နှင့် အိန္ဒိယ နိုင်ငံတွင် ဒေါ်လာ ၃၆၅ ရှိသဖြင့် ထိုင်းပို့ကုန်ဆန် ဈေး ပိုမိုများနေသည်ကို တွေ့ရမည်ဖြစ်သည်။
တရုတ်သင်္ဘောများ  ပို့ဆောင်သည့် ကုန် စည်များအပေါ် အခွန်စည်းကြပ်မှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၏ ကြေညာချက်သည် ထိုင်းဆန် တင်ပို့မှုကုန်ကျစရိတ်  တစ်တန်လျှင် ၆ ဒေါ်လာ ထပ်တိုးလာနိုင်ကြောင်းနှင့် ဤမူဝါဒသည် အောက် တိုဘာလတွင် အကျုံးဝင်လာမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ  Charoen Laothammatas  က ပြော ကြားခဲ့သည်။                

 Source: Bangkok Post

မြိတ်ကုန်သွယ်ရေးစခန်း