Main menu

Background

ကာဗွန်ထုတ်လွှတ်မှု အနည်းငယ်ဖြင့် ထုတ်လုပ်ထားသော ဆန်များကို ဗီယက်နမ်မှ ဂျပန်သို့ ပထမဆုံးအကြိမ် တင်ပို့

Tue, 06/03/2025 - 11:35 -- journal_editor

ဗီယက်နမ်နိုင်ငံအနေဖြင့်   ၂၀၂၅ ခုနှစ် မေလတွင် ကာဗွန်ထုတ်လုပ်မှုနည်းပါးစွာ ထုတ် လုပ်ထားသောဆန်များကို ဂျပန်နိုင်ငံသို့ ပထမ ဆုံးအကြိမ် တင်ပို့သွားမည်ဖြစ်ပြီး အဆိုပါတင်ပို့မှု သည် နိုင်ငံ၏ ခြေလှမ်းအသစ်ဖြစ်ကြောင်းSaigon Giai Phong  သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။
အထက်တွင်  ဖော်ပြထားသည့် အချက် အလက်သည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရာတွင် ဆန်ထုတ်လုပ်မှု၏  အခန်းကဏ္ဍနှင့် ဆန်ထုတ်လုပ်နိုင်စွမ်းကို အကဲဖြတ်ရန် ၂၀၂၅ ခုနှစ်၊   မေ ၁၉ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်း မြို့၌  ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတကာ အလုပ်ရုံ ဆွေးနွေးပွဲမှ ဆွေးနွေးချက်ဖြစ်ကြောင်း၊ အဆိုပါ  အလုပ်ရုံဆွေးနွေးပွဲကို အပြည်ပြည်ဆိုင်ရာ  ဆန် စပါးသုတေသနဗဟိုဌာန   (IRRI))နှင့် ဂျာမနီ အပြည်ပြည်ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ GIZ)တို့ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ် ကြောင်း သိရှိရသည်။
ယခုကဲ့သို့ စွမ်းဆောင်နိုင်မှုသည် ဗီယက်နမ် နိုင်ငံ၏ ရေရှည်တည်တံ့သော စိုက်ပျိုးရေးပြောင်း လဲမှုစီမံကိန်း (VnSA) နှင့် မဲခေါင်မြစ်ဝကျွန်း ပေါ်ဒေသ၌ ကာဗွန်ထုတ်လွှတ်မှုနည်းပါးစွာ ထုတ် လုပ်ထားသော ဆန်စပါးစိုက်ပျိုးရေး အစီအစဉ် ကဲ့သို့ ထိရောက်သည့် အစီအစဉ်များမှတစ်ဆင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချသည့် ရေရှည်တည်တံ့သော အလေ့အကျင့်များကို ကျင့် သုံးရန် ဗီယက်နမ်မှ သိသာထင်ရှားသော ကြိုးပမ်း မှုများ၏ တန်ပြန်ရလဒ်ဖြစ်ကြောင်း၊ ယင်းအောင် မြင်မှုသည် နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ရေရှည်တည် တံ့မှုအတွက် အဓိကကျသည့် အလျင်အမြန် တိုး တက်ပြောင်းလဲမှုတစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။
မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသCan Tho  မြို့ရှိTrung An High-Tech Agriculture Joint Stock  ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ Pham Thai Binh က ၎င်းတို့ကုမ္ပဏီသည် အထူးသဖြင့် ၂၀၂၅ ခုနှစ်၊ မေလတွင် တန်ချိန် ၅၀ဝ ရှိ Japonica ဆန်ကို ဂျပန်သို့ တင်ပို့ရန် လုပ်ငန်းစဉ်များ ဆောင်ရွက် ပြီးစီးကြောင်း၊ အဆိုပါဆန်သည် ကမ္ဘာ့ဝယ်လို အားအများဆုံး ဈေးကွက်များအနက် တစ်ခုဖြစ် သည့် ဂျပန်နိုင်ငံ၏  တင်းကျပ်သော နည်းပညာ စံနှုန်းများနှင့်အညီ ဗီယက်နမ်နိုင်ငံ၏ ကာဗွန်ထုတ် လွှတ်မှုနည်းပါးစွာ ထုတ်လုပ်ထားသည့် ပထမဦး ဆုံး ဆန်ဖြစ်ကြောင်း၊ ၎င်းဆန်စပါး  ထွက်ရှိမှု ပမာဏမှာ  များပြားခြင်းမရှိသော်လည်း သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကို  လျော့နည်းစေသော ထုတ်ကုန်များ ဝယ်ယူသည့်ခေတ်တွင် ဗီယက်နမ် ဆန်၏  အလားအလာကို ဖော်ပြခြင်းအားဖြင့် သိသာထင်ရှားသော     အောင်မြင်မှုတစ်ခုဖြစ် ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ  အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံ တကာ ကျွမ်းကျင်ပညာရှင်များ ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှုပုံစံများကို ပို၍ရေရှည်တည်တံ့ ကာ ကာဗွန်ထုတ်လွှတ်မှုနည်းပါးစွာ ထုတ်လုပ်မှု ပုံစံသို့ အောင်မြင်စွာ ကူးပြောင်းနိုင်မှုကို ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။IRRI Asia ၏ ဒေသဆိုင်ရာ ဒါရိုက်တာဖြစ်သူJongsoo Shin က ဗီယက်နမ် နိုင်ငံသည် ဆန်လုပ်ငန်းအား ရေရှည်တည်တံ့ခိုင် မြဲ၍ သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီကာ အား လုံးပါဝင်သော ပြောင်းလဲမှုဆီသို့ ဦးတည်လျက် ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။
စိုက်ပျိုးရေးနှင့်     သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဗျူဟာနှင့် မူဝါဒအဖွဲ့ (ISPAE) ၏ ညွှန် ကြားရေးမှူးTran Cong Thang  က လက်ရှိအချိန် တွင် ဆန်လုပ်ငန်းသည် စိုက်ပျိုးရေးကဏ္ဍမှ စုစု ပေါင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၄၈ ရာခိုင်နှုန်း ပါဝင်နေကြောင်း ထောက်ပြခဲ့သည်။ 
ဗီယက်နမ်နိုင်ငံသည်  ကမ္ဘာ့ဆန်တန်ဖိုး ကွင်းဆက်တွင်  ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်း လိုပါက ကာဗွန်ထုတ်လွှတ်မှုနည်းပါးစွာ ထုတ်လုပ် ထားသော ဆန်ထုတ်လုပ်ရေးကို ဖွံ့ဖြိုးတိုးတက် စေခြင်းသည် အရေးပါသော ဦးတည်ချက်တစ်ခု ဖြစ်ကြောင်းTran Cong Thang က  အလေးအနက် ပြောကြားခဲ့သည်။
Source: Saigon Giai Phong New, 
20 May 2025
DPTM, DOCA