Main menu

Background

နိုင်ငံတကာ ရေနံစိမ်းဝယ်လိုအား တိုးတက်သည့် လက္ခဏာများက ရေနံစိမ်းဈေးနှုန်းကို မြင့်မားစေ

Mon, 02/18/2013 - 08:44 -- ydnar

တရုတ်နှစ်သစ်ကူးပွဲတော်နဲ့ အာရှနိုင်ငံများစွာရဲ့ နှစ်သစ်ကူးပွဲတော် အား လပ်ရက်တွေကြောင့် ဖေဖော်ဝါရီ ၁၁ ရက် WTO oil   ရေနံစိမ်းဈေးနှုန်းများ အနည်းငယ် ကျဆင်းလာတယ်။ မတ်လအရောက်ပို့ရမယ့် ရေနံစိမ်း (WTI oil) က တစ်စည်ကို ၇ ဆင့်ကျဆင်းကာ ၉၅ ဒသမ ၆၅ ဒေါ်လာနဲ့ နယူး ယောက်ကုန်စည်ရောင်းဝယ်ရေးမှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်။

မတ်လငွေချေရမယ့် ဘရန့်အမျိုးအစား ရေနံစိမ်းမှာလည်း  တစ်စည်ကို ၂၉ ဆင့်ကျဆင်းကာ ၁၁၈ ဒသမ ၆၁ ဒေါ်လာနဲ့ လန်ဒန်အခြေစိုက်  ICE Futures Europe Exchange  မှာ ဖေဖော်ဝါရီ ၁၁ ရက် စင်ကာပူစံတော်ချိန် နေ့ခင်း ၄း၀၃ နာရီမှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ ၎င်းင်းနေ့မတိုင်မီ ဖေဖော် ဝါရီ ၈ ရက်က တစ်စည်ကို ၁၁၈ ဒသမ ၉၀ ဒေါ်လာအထိ ရောက်ရှိခဲ့ရာ ၂၀၁၂ ခုနှစ် မေ ၁  ရက်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်တယ်လို့ သိရတယ်။ နိုင်ငံတကာ ရေနံစိမ်းဝယ်လိုအားတိုးတက်တဲ့ လက္ခဏာများက ရေနံစိမ်းဈေး နှုန်းကို မြင့်မားစေတယ်လို့ သိရတယ်။     Source:Bloomberg  ၊ ပပ