Main menu

Background

ငွေလဲစင်တာများတွင် ဒေါ်လာများ ရောင်းစရာမရှိ၍ အရောင်းကောင်တာများ ပိတ်ထားခဲ့ရ

Mon, 04/08/2013 - 10:47 -- ydnar

အမေရိကန်ဒေါ်လာနှင့် မြန်မာငွေလဲလှယ်နှုန်းများ ရုတ်ချည်းမြင့်တက်ခဲ့သဖြင့် ငွေလဲစင်တာများတွင် ဒေါ်လာများ အရောင်းပိတ်ခဲ့ရသည်အထိ ဖြစ်ခဲ့ရကြောင်း သိရသည်။

"ကျွန်တော်တို့ဘဏ်မှာ ဒေါ်လာကလက်ကျန်မရှိတော့ဘူး။ဒါကြောင့် အရောင်း ကိုပိတ်ထားတာပါ။ အဝယ်ကတော့ ကျပ် ၈၈၀ နဲ့ ဝယ်ပါတယ်။ မနေ့ကဆို နံနက် ပိုင်းရော ညနေပိုင်းပါ ရောင်းနေရတာ၊ ဘဏ်ရဲ့လက်ကျန်ကို ကြည့်ပြီးရောင်းရ တာဖြစ်တော့ ဒီနေ့ဆိုရင် အရောင်းစာရင်းကိုတောင်မဖွင့် တော့ဘဲ အရောင်းကိုပါ ပိတ်ထားတာပါ။ အဝယ်ကိုတော့ဖွင့်ထားပေမယ့် လာပြီးရောင်းတဲ့သူက မရှိသ လောက်ဖြစ်နေတယ်"ဟု သမဝါယမဘဏ် ငွေလဲကောင် တာမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။ ပြင်ပငွေလဲဈေးကွက်တွင် လည်း ဒေါ်လာဈေးမှာ ရောင်းဈေး ကျပ် ၉၀၀ အထိရောက်ရှိခဲ့ရာ ဒေါ်လာဈေးကွက်အတွင်း လှုပ်ခတ်မှုများရှိလာခဲ့သည်။
"ဒေါ်လာဈေးတက်လာတာ အကြောင်းကတော့ အမျိုးမျိုးပဲ။ အခု အပြင်မှာ ပြောနေကြတာ။ ဟိုတလောက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ငွေလဲ နှုန်းကို အစိုးရကမျက်ကွယ်ပြုနေသလား ဆိုတဲ့ မေးခွန်း ကို ပြောသွားတော့ ဒေါ်လာ ဈေးတက်တော့မယ်ဆိုတာ သိနေကြတယ်။ နောက်ပြီး ဒီရက်ပိုင်းမှာ ရွှေဈေးက လည်း ကျရိပ်ပြနေတော့ ရွှေသမားတွေက ဒေါ်လာဘက်ကိုလှည့်လာတယ်။ နိုင်ငံ တကာမှာက ဒေါ်လာဈေး ကလည်းမြင့်လာတယ်။ ရွှေကိုမဝယ်တော့ဘဲ စတော့ကို ဝယ်ကြတဲ့အတွက် ဒေါ်လာက ခိုင်မာလာတယ်။ အဲဒါကြောင့်လို့ ထင်တာပဲ"ဟု  ပြင်ပငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အမေရိကန်ဒေါ်လာဈေးသည် ငွေလဲစင်တာများတွင် မတ် ၁၁ ရက်က ရောင်း ဈေး ၈၇၀ ကျပ်၊ ဝယ်ဈေး ၈၆၄ ကျပ်ရှိခဲ့ပြီး မတ် ၁၃ ရက်တွင် ရောင်းဈေး ၈၇၅ ကျပ်၊ ဝယ်ဈေး ၈၆၈ ကျပ်သို့မြင့်တက်ခဲ့သည်။ ထို့နေ့တွင် တချို့ငွေလဲစင်တာများ တွင် အရောင်းကောင်တာများ စောစီးစွာပိတ်ခဲ့ရကြောင်း သိရသည်။
ထို့နောက် မတ် ၁၄ ရက်တွင် ရောင်းဈေး ၈၇၉ ကျပ်၊ ဝယ်ဈေး ၈၇၂ ကျပ် ရှိခဲ့ရာမှ မတ် ၁၅ ရက်တွင် ရောင်းဈေး ၈၈၅ ကျပ်၊ ဝယ်ဈေး ၈၈၀ ကျပ်ရှိခဲ့ကြောင်း သိရသည်။ ပြင်ပငွေဈေးကွက်တွင် မတ် ၁၅ ရက်က ရောင်းဈေး ၈၉၁ ကျပ် ဝယ်ဈေး ၈၈၈ ကျပ်ရှိခဲ့ကြောင်း သိရသည်။                        မယ်သီတာ