Main menu

Background

ဒူဘိုင်းမြို့တော်တွင်ပစ္စည်းအတုများ ဖမ်းဆီးရမိ

Thu, 03/12/2015 - 20:59 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

အာရပ်စော်ဘွားများသမ္မတနိုင်ငံ၊ ဒူဘိုင်းမြို့ရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနမှ သိုလှောင်ရုံတစ်ရုံအား ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာတွင် အလှကုန်ပစ္စည်းအတုများဖြစ်သည့် ရေမွှေးနှင့် တစ်ကိုယ်ရေအလှပြင် ပစ္စည်း ဒူဘိုင်းငွေတန်ဖိုး ၄ ဒသမ ၆၄ သန်းခန့်ရှိသော ပစ္စည်းပေါင်း ၅၄၉၀၀၀ ခန့်ကို ဖမ်းဆီးရမိခဲ့ပါသည်။ အဆိုပါဦးစီးဌာနမှ ဉာဏပစ္စည်း အကာအကွယ်ပေးမှုဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ  အီဘရာဟင် ဘီဇတ်က ဖော်ပြပါ အလှကုန်ပစ္စည်းအတုများသည် သုံးစွဲသူများအား ကျန်းမာရေး အန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ နိုင်ငံ၏စီးပွားရေးနှင့် ကုန်သည်များ၊ စားသုံးသူများ၏ အကျိုးစီးပွားကိုလည်း ပျက်စီးစေနိုင် ကြောင်း ပြောကြားခဲ့ပါသည်။ ဖမ်းဆီးရမိ ခဲ့သောအလှကုန်ပစ္စည်းများတွင် နာမည်ကျော်နိုင်ငံတကာ အမှတ်တံဆိပ်ပေါင်း ၂၃ မျိုးခန့်ပါဝင်ပြီး ပစ္စည်း ၁၂၆၀၀၀ ခန့်မှာ ရေမွှေးအတုများဖြစ်ကာ ၄၂၃ ၀၀၀ ခန့်မှာအလှကုန် ပစ္စည်းများ ဖြစ်ကြပါသည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနသည် ကုန်သွယ်မှုအမှတ်တံဆိပ် ပိုင်ရှင်များ သို့မဟုတ် ၎င်းင်းတို့၏ ကိုယ်စားလှယ်များက တိုင်တန်းလာပါက ဒူဘိုင်းရှိသိုလှောင်ရုံများကို ဝင်ရောက်ဖမ်းဆီးလေ့ရှိပြီး ယခုဖမ်းဆီးမှု သည်လည်း အဆိုပါဦးစီးဌာန လက်အောက်ရှိ Óဏပစ္စည်းအကာအကွယ် ပေးမှုဌာန၊ စီးပွားရေးစေ့စပ်ညှိှနှိုင်းမှု နှင့် စားသုံးသူအကာအကွယ်ပေးရေး ဌာနခွဲမှ အမှတ်တံဆိပ်ပိုင်ဆိုင်သူများ၏ အခွင့်အလမ်းကို ကာကွယ် စောင့်ရှောက်ပေးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနသည် ကုန်သွယ်ရေးလိမ်လည်မှုများနှင့် ကုန်ပစ္စည်းအတု များတိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှှင့်လျက် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ဒူဘိုင်းဈေးကွက်အား ပစ္စည်းအတုအပများမှ ကင်း ဝေးရန် ကြိုးပမ်းအားထုတ်နေသည့် ကုန်သွယ်မှုအမှတ်တံဆိပ်ပိုင်ရှင်များ ၏ ကြိုးပမ်းအားထုတ်မှုကိုလည်း ဌာနမှ ချီးမွမ်းပြောကြားခဲ့ပါသည်။
အရည်အသွေးမြင့်ပစ္စည်းအတုများသည်မူလပစ္စည်းအစစ်အမှန် များနှင့်ထပ်တူနီးပါး ဆင်တူကြောင်း၊   အတုအပပစ္စည်း   ရောင်းချသည့် ကုန်သည်များသည် ၎င်းင်းတို့၏ပစ္စည်းများ ရောင်းချရာတွင် ငွေလက်ခံပြေစာ ပေးအပ်လေ့မရှိကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းများဝယ်ယူ ရာတွင် ငွေလက်ခံပြေစာတောင်းဆို သင့်ကြောင်း နှင့် အာမခံလက်မှတ်ကို လည်း ရယူသင့်ကြောင်း ဌာနမှပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပစ္စည်းအတုများသည် ဈေးနှုန်းချိုသာသော်လည်း အန္တရာယ်များကြောင်း၊ အလှကုန်ပစ္စည်းအတုများသည် လူ့ကျန်းမာရေး ကိုထိခိုက်စေပြီး မော်တော်ကားအပိုပစ္စည်းအတုများသည်လည်း ယာဉ် မတော်တဆမှုများဖြစ်စေကြောင်း၊ ဆေးအတုများသည်လည်း လူ့အသက် ကို အန္တရာယ်ဖြစ်စေပြီး လျှပ်စစ်ပစ္စည်းအတုများသည်လည်း   မတော် တဆမှုများ ဖြစ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ တရားဝင်ရောင်းချခြင်းမရှိသော အတုအပပစ္စည်းများကို ဝယ်ယူမှုမပြုသင့်ကြောင်း ဌာနမှ ပြောကြားခဲ့ပါ သည်။
မျိုးမျိုးထိုက်၊ စားသုံးသူရေးရာဌာနခွဲ