Main menu

Background

မြန်မာနှင့် ထိုင်းနိုင်ငံသို့ ဗီဇာမလိုဘဲ ၁၄ ရက်အထိ ဝင်ရောက်လည်ပတ်နိုင်

Wed, 08/12/2015 - 21:21 -- journal_editor

   ထိုင်းနှင့်မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား ဗီဇာ လျှောက်ထားရန်မလိုဘဲ ၁၄ ရက်အထိ ဝင်ရောက်လည်ပတ်ခွင့်ပြုမည့် နှစ်နိုင်ငံ သဘောတူစာချုပ်ကို ဇူလိုင်လ ၂၈ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့ကြပါ သည်။ အဆိုပါ သဘောတူစာချုပ်ကို နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် ရည်ရွယ်၍ ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်မှုမြှင့်တင်ရန်ဖြစ်ကြောင်း ဇူလိုင်လ ၂၈ ရက်နေ့တွင် ချင်းမိုင်၌ ကျင်းပခဲ့ေ သာ နှစ်နိုင် ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေး၌ ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Mr.Tanasak ကပြောကြားခဲ့ပါသည်။ ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ခြင်းသည် နှစ်နိုင်ငံပိုမိုပူးပေါင်းဆောင် ရွက်မှုရှိလာသည်ကို ထင်ဟပ်ပြသနေကြောင်းလည်း Mr.Tanasak က ပြောကြားခဲ့ပါသည်။
     သို့ရာတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ ရောက်ရှိလာသော ခရီးသည်များသာ ဗီဇာကင်းလွတ်ခွင့်ရမည် ဖြစ်ဖြစ်ကြောင်း၊ သဘောတူညီချက် သို့မဟုတ် ဗီဇာကင်းလွတ်ခွင့်သည် သြဂုတ်လ ၁၁ ရက်နေ့မှစ၍ အကျိုး သက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။          

 

ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့