Main menu

Background

မြို့ပြ စိုက်ပျိုးရေးက ကမ္ဘာတစ်ဝန်းရေပန်းစားလာ

Thu, 02/18/2016 - 10:12 -- journal_editor

အဆောက်အအုံ  ခေါင်မိုးတွေပေါ်မှာ သီးပင်စားပင်တွေ စိုက်ပျိုးတာ၊ အထပ်မြင့် အဆောက်အအုံကြီးတွေကြားမှာ ဟင်းသီး ရွက်ဟင်းသီးတွေ စိုက်ပျိုးတာတွေကို ယခင်ခေတ် အခါကမူ စိတ်ကူးယဉ်ဆန်တဲ့ လုပ်ရပ်တစ်ခုအ ဖြစ်ရှုမြင်ထားကြပါတယ်။ ဒါပေမဲ့ ယခုအချိန်မှာ ထိုသို့မဟုတ်တော့ပါ။ပေကျင်း၊ ဆစ်ဒနီ၊ တိုကျိုနဲ့ စင်ကာပူစတဲ့ ဒေသတွေမှာ မြို့ပြစိုက်ပျိုးရေး (Urban Farming) က မြို့တစ်မြို့ရဲ့ရူခင်းအစိတ်အပိုင်းတစ်ခုလို ဖြစ်လာခဲ့ပါ တယ်။ ဒီလို ရှုခင်းမျိုးကအာရှမှာသာမက ကမ္ဘာတစ်လွှားမှာပါ တွေ့မြင်လာရပြီ ဖြစ်ပါတယ်။ယခုအခါမှာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ခန့်က မြို့ပြတွေပေါ်မှာ နေထိုင်လာကြပြီဖြစ်တဲ့ အတွက် ပုံစံအမျိုးမျိုးနဲ့တည်ရှိနေတဲ့ မြို့ပြ စိုက် ပျိုးရေးက ကမ္ဘာမှာ  အမှန်တကယ်ဖြစ်ထွန်းလာ ခဲ့ပြီဖြစ်ကြောင်း မဲလ်ဘုန်းမြို့မှ ဘန်လေးတက္ကသိုလ် ရဲ့ မြို့ပြပန်းမန်စိုက်ပျိုးရေးပါမောက္ခခရစ်ဝီလျံကပြောပါတယ်။ဒီလိုစိုက်ပျိုးရေးလုပ်ကိုင်တဲ့ လုပ်ငန်းကယခုရာစုနှစ်  အလယ်လောက်ရောက်ရင် ၇၀ ရာခိုင်နှုန်းအထိ  တိုးတက်လာနိုင်ကြောင်း ကုလသမဂ္ဂကလည်း ခန့်မှန်းထားပါတယ်။မြို့ပြထူထောင်မှုလျင်မြန်စွာဖွံ့ ဖြိုးလာတဲ့ အတွက် တစ်ချိန်က မြို့ပြဝန်းကျင်မှာ ဝန်းရံ တည်ရှိနေခဲ့တဲ့စိုက် ပျိုးခြံတွေက ကွန်ကရစ်တွေနဲ့ ကတ္တရာလမ်းတွေ အောက်ကိုရောက်ရှိကုန်ပြီ ဖြစ်ကြောင်း ဝီလျံကပြောပါတယ်။ဖွံ့ဖြိုးပြီးနိုင်ငံ တွေမှာဖြစ်စေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဖြစ်စေ ယနေ့ ခေတ်မှာ မြို့ ပြစိုက်ပျိုးရေးဆိုတဲ့စကားလုံးကမြို့ ပြစီမံကိန်းရေးဆွဲသူတွေရဲ့ နှုတ်ဖျားမှာရေပန်းစားလျက်ရှိပါတယ်။မနီလာ၊ ဗန်ကောက်နဲ့ ဂျကာတာစတဲ့မြို့ ကြီးတွေမှာ နေ့စဉ်စားသောက်ရေးအတွက် လူတွေကရသမျှမြေလွတ်မြေရိုင်းတွေမှာဟင်းသီးဟင်းရွက်တွေကိုစိုက်ပျိုး ကြပါတယ်။ တိုကျိုမြို့ မှာဆိုရင် အဆင့်မြင့်နည်းပညာကိုသုံးပြီး ထောင် လိုက်စိုက်ပျိုးရေးကို စီးပွားဖြစ်စိုက်ပျိုးလာကြတာ ကိုတွေ့ရပါတယ်။ဒါပေမယ့် မြို့ပြစိုက်ပျိုးရေးနဲ့ပတ် သက်တဲ့ အမြင်က အမျိုးမျိုးကွာခြားမှုရှိကြောင်း ဝီလျံကပြောပါတယ်။ ''ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆောင်ရွက်ကြတဲ့မြို့ပြစိုက်ပျိုးရေးက အများကြီးကွဲပြားခြားနားမှုရှိပါတယ်''လို့ သူကပြောပါတယ်။ဖနွမ်းပင်နဲ့ ဟိုချီမင်းလို မြို့တွေမှာမြို့ပြစိုက်ပျိုးရေးက ဆင်းရဲသားတွေ အသက်ရှင်ရပ် တည်ဖို့ဖြစ်ပြီး စင်ကာပူလိုနေရာမျိုးမှာတော့ အမျိုးသားအစားအစာဖူလုံရေးအတွက် ဖြစ် ကြောင်းသူကပြောပါတယ်။အခြားရေနံထုတ်လုပ်တဲ့နိုင်ငံ တွေကို အယ်လ်ပီနိုသွားရောက်ခဲ့တဲ့ ခရီးစဉ် ကိစ္စနဲ့ အပြည်ပြည်ဆိုင်ရာ ရေနံဈေး ကွက် တည်ငြိမ်ရေးအတွက် အခြားနိုင်ငံ တွေနဲ့ပူးပေါင်းရန်အတွက် သူဆွေးနွေးခဲ့ တဲ့ရလဒ်တွေကို ဝန်ကြီးနှစ်ဦးက ဆွေး နွေးကြကြောင်း ှဏဗ မှာဖော်ပြပါတယ်။ ဒါပေမယ့် ကမ္ဘာမှာရေနံ အများဆုံး ထုတ်လုပ်နေတဲ့ ဆော်ဒီအာရေးဘီး ယားရဲ့ဝေဖန်ပြောကြားချက်တွေကို ကြည့်ရင် မူဝါဒ အပြောင်းအလဲလုပ်ဖို့ အရိပ်အယောင်မတွေ့ရသေးကြောင်း တချို့အိုပက်ကိုယ်စားလှယ်တွေကပြောပါတယ်။