
အမေရိကန် အလုပ်သမားဈေး ကွက်အခြေအနေက ယခင်စစ်တမ်း များမှာ ဖော်ပြခဲ့တဲ့ အခြေအနေထက် ပိုမို ခိုင်မာမှု ရှိ/မရှိ သိရှိနိုင်ဖို့အတွက် ထုတ်ပြန်တော့မယ့် အမေရိကန်ပြည် ထောင်စုရဲ့အလုပ် အကိုင် ကိန်းဂဏန်း တွေကို ရင်းနှီးမြှုပ်နှံသူတွေက စောင့် ကြည့်နေတဲ့အတွက် ဇူလိုင် ၈ ရက်က အာရှဈေးကွက်ရှိ အဓိကငွေကြေးများနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုး ကျဆင်း ခဲ့ပါတယ်။ ဒါပေမယ် ရက်သတ္တပတ် အလိုက် နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ မြင့်တက်နိုင်မယ့် အလားအလာတွေရှိ နေပါတယ်။ယခု ရက်သတ္တပတ်အတွင်းမှာ လူမည်းနှစ်ဦးကို အမေရိကန်ပြည် ထောင်စုရဲတပ်ဖွဲ့က ပစ်သတ်မှုနဲ့ပတ် သက်ပြီး ဒါးလက်မြို့မှာကန့်ကွက်ဆန္ဒ ပြပွဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါ ဆန္ဒပြပွဲမှာရဲအရာရှိလေးဦး သေနတ် နဲ့ ပစ်သတ်ခံရပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ ပါတယ်။ ဒါကြောင့် ဂျပန်ယန်းငွေ တန်ဖိုး မြင့်တက်လာပြီး ဒေါ်လာကို ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု ကျ ဆင်းခဲ့ပါတယ်။
တရုတ်ယွမ်
အီးယူမှ ဗြိတိန်နိုင်ငံ နုတ်ထွက်မှု ကို အခွင့်ကောင်းယူပြီး ပို့ကုန်လုပ်ငန်း မြှင့်တင်နိုင်ရန်အတွက် တရုတ်နိုင်ငံက ယွမ်ငွေကြေးတန်ဖိုးကို ချထားခဲ့ပါ တယ်။ ဒါကြောင့်ယွမ်ငွေ ကြေးတန်ဖိုး က ဇူလိုင် ၈
ရက်နေ့ နံနက်က ရှန်ဟဲမှာ ဒေါ်လာနဲ့ ဖလှယ်တဲ့အခါ တန်ဖိုးကျ ဆင်းခဲ့ပါတယ်။ ဘလွမ်းဘတ်က ပြုစု ထားတဲ့ ကိန်းဂဏန်းများအရ ဇူလိုင် ၈ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်မှာ ဥည ျ့သမန
ယွမ်ငွေကြေးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ အမေရိကန် တစ်ဒေါ်လာ ကို ၆ ဒသမ ၆၈၄၇ ယွမ်နှုန်းရှိတဲ့အတွက် ယခင်နေ့နဲ့ နှိုင်းယှဉ် ရင် သုည ဒသမ ၀၈ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခဲ့ပါ တယ်။ ဒါပေမယ့်
ဟောင်ကောင်ရှိ ဉ်ျ့သမန ယွမ်တန်ဖိုးက အမေရိကန် တစ်ဒေါ်လာကို ၆ ဒသမ ၆၉၈၂ ယွမ် ရှိပြီး သုညဒသမ ၀၄ ရာခိုင်နှုန်း တန်ဖိုး မြင့်တက်ခဲ့ပါတယ်။
အိန္ဒိယရူပီး
ပြည်ပရန်ပုံငွေများ ပြန်လည် စီးထွက်သွားချိန်မှာ သွင်းကုန်လုပ်ငန်း ရှင်များရဲ့ အမေရိကန်ဒေါ်လာ ဝယ် လိုအား မြင့်တက်လာခဲ့တဲ့အတွက် ဇူလိုင် ၈ ရက်က အမေရိကန်ဒေါ်လာ နဲ့ဖလှယ်ရာမှာ ၁၀
ရူပီးနှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၆၇ ဒသမ ၄၉ ရူပီးနှုန်း ရှိခဲ့ ပါတယ်။
ဒါပေမယ့် ကမ္ဘာ့အဓိကငွေကြေး တွေနဲ့ ဖလှယ်ရာမှာ အမေရိကန် ဒေါ်လာတန်ဖိုး ကျဆင်းမှုက ရူပီးတန် ဖိုးကျဆင်းမှုကို သက်သာစေခဲ့ကြောင်း ဝယ်ရောင်းသမားတွေက ပြောပါတယ်။
ဂျပန်ယန်း
အမေရိကန် ဒေါ်လာတန်ဖိုးက ယန်းငွေနဲ့ ဖလှယ်ရာမှာ တစ်ဒေါ်လာ ကို ၁၀၀ ဒသမ ၅ ယန်းအထက်မှာ ရှိခဲ့ ပါတယ်။ ငွေကြေးနှစ်ခုဖလှယ်နှုန်းက ဇူလိုင် ၇ ရက် ညနေ ၅ နာရီက နယူး ယောက် ဈေးကွက်
မှာ တစ်ဒေါ်လာကို ၁၀၀ ဒသမ ၆၅ ယန်းနဲ့ တိုကျိုဈေးကွက် မှာ တစ်ဒေါ်လာကို ၁၀၁ ဒသမ ၀၂ ယန်းနှုန်းရှိခဲ့ရာမှ ဇူလိုင် ၈ ရက်နံနက် ၉ နာရီမှာ တစ်ဒေါ်လာကို ၁၀၀ ဒသမ ၇၆ ယန်းနှုန်း ရှိခဲ့ပါတယ်။
ယူရိုတန်ဖိုးက ဇူလိုင် ၇ ရက် ညနေက နယူးယောက်ဈေးကွက်မှာ တစ်ယူရိုကို ၁ ဒသမ ၁၀၅၉ ဒေါ်လာနဲ့ ၁၁၁ ဒသမ ၄၀ ယန်းနှုန်းဖြင့် လည်း ကောင်း၊ တိုကျိုဈေးကွက်မှာ တစ်ယူရို ကို ၁ ဒသမ ၁၀၆၂
ဒေါ်လာနဲ့ ၁၁၁ ဒသမ ၇၅ ယန်းဖြင့် လည်းကောင်းရှိခဲ့ ရာမှ နောက်တစ်နေ့နံနက် တိုကျိုဈေး ကွက်မှာ တစ်ယူရိုကို ၁ ဒသမ ၁၀၆၄ ဒေါ်လာနဲ့ ၁၁၁ ဒသမ ၄၉ ယန်းနှုန်းရှိခဲ့ ပါတယ်။
မလေးရှားရင်းဂစ်
အမေရိကန်ဒေါ်လာတန်ဖိုး ပြန် လည်မြင့်တက်လာတဲ့အတွက် ဇူလိုင် ၈ ရက်က ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုး ကျဆင်းခဲ့ကြောင်း ဝယ် ရောင်းသမားများက ပြောပါတယ်။
ဇူလိုင် ၇ ရက်ညနေက ငွေကြေး ဖလှယ်နှုန်းက အမေရိကန်တစ်ဒေါ်လာ ကို ၄ ဒသမ ၀၂ ရင်းဂစ်နှုန်း ရှိခဲ့ရာမှ နောက်တစ်နေ့ နံနက် ၉ နာရီ ၁၆ မိနစ်မှာ တစ်ဒေါ်လာကို ၄ ဒသမ ၀၃ ရင်းဂစ်နှုန်းအထိ
ရင်းဂစ်တန်ဖိုး ကျ ဆင်းခဲ့ပါတယ်။ ဇူလိုင် ၆ ရက်နဲ့ ၇ ရက် မှာ အစ်ပွဲတော်အတွက် ဈေးတွေပိတ် ထားတာကြောင့် အရောင်းအဝယ်ပါးပါ တယ်။ တခြားငွေကြေးတွေနဲ့ ဖလှယ် ရာမှာ ရင်းဂစ်တန်ဖိုးက အတက်အကျ အမျိုးမျိုး ရှိပါတယ်။
တောင်ကိုရီးယားဝမ်
ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ သူများက တောင်ကိုရီးယား ရှယ်ယာ များကို ရောင်းထုတ်လာကြတဲ့အတွက် ဇူလိုင် ၈ ရက်မှာ တောင်ကိုရီးယား ရှယ် ယာတန်ဖိုးက သုညဒသမ ၆၁ ရာခိုင် နှုန်းကျဆင်းခဲ့
ပါတယ်။ ပြည်တွင်း ဝမ်ငွေ ကြေးကတော့ အမေရိကန်တစ်ဒေါ်လာ ကို ၁၁၅၈ ဒသမ ၉၀ ဝမ်နှုန်းရှိပြီး ဇူလိုင် ၇ ရက်ဈေးပိတ်ချိန်က ရှိခဲ့တဲ့နှုန်း အောက် ၄ ဒသမ ၃၀ ဝမ်တန်ဖိုး ကျ ဆင်းခဲ့ပါတယ်။
ထိုင်းဘတ်
ရိုက်တာသတင်းဌာနက ပြုစု ထားတဲ့ ကိန်းဂဏန်းများအရ ဘတ်ငွေ တန်ဖိုးက ဇူလိုင် ၇ ရက်မှာ အမေရိ ကန် တစ်ဒေါ်လာကို ၃၅ ဒသမ ၁၈ ဘတ်နှုန်း ရှိခဲ့ရာမှ နောက်တစ်နေ့မှာ သုညဒသမ ၀၄
ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၃၅ ဒသမ ၁၉ ဘတ် နှုန်းရှိခဲ့ပါတယ်။