Main menu

Background

ဗီယက်နမ် လယ်ယာထွက်ကုန်များ ထိုင်းနိုင်ငံသို့ တင်ပို့

Thu, 05/24/2018 - 16:13 -- journal_editor

 

ထိုင်းနိုင်ငံအတွင်းရှိ Big C ဆိုင်ခွဲ ပေါင်း ၇၀၀ ကျော်တွင် ရောင်းချ ရန်အတွက် ဗီယက်နမ်နိုင်ငံရှိ  MM Mega Market

လက်ကားရောင်းဝယ်ရေး စူပါမားကက်က ဗီယက်နမ် လယ်ယာစိုက်ပျိုးရေးထုတ်ကုန် တန်ချိန် ၁၀၀ ကျော်ကို   တင်ပို့ပေး သွားမည်ဖြစ်ကြောင်း ဗီယက်နမ်နယူးစ်သတင်းတွင် ဖော်ပြသည်။

ပထမအသုတ် တင်ပို့မှုတွင် ကန်စွန်း ဥ အဝါ၊ ပန်းရောင် ကန်စွန်းဥ၊ နဂါးမောက်သီး၊ သစ်သီးခြောက် စသည်တို့ ပါဝင်သည်။ ယခုကဲ့သို့  တင်ပို့ နိုင်ခြင်းမှာ အရည်အသွေးပြည့်ဝသော စီးပွားရေးမိတ်ဖက်များ ရရှိရေး အတွက် လမ်ဒေါင်၊ ဘင်သူအန်နှင့် အခြားဒေသများရှိ လယ်သမားများနှင့် စူပါ မားကက်တို့၏ ပူးပေါင်းကြိုးပမ်းဆောင်ရွက်နိုင်မှုကြောင့် ဖြစ်သည်။

“ပို့ကုန်လိုင်စင်ရပြီးတာနဲ့  တစ်ပြိုင်နက် ထိုင်းနိုင်ငံက ကျွန်တော်တို့  စီးပွားဖက်တွေရဲ့ လိုအပ်ချက်ကို  နားလည်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ ပါတယ်။ ပြီးတော့ ယှဉ်ပြိုင်နိုင်မှု အပြည့်အဝနဲ့ ကျွန်တော်တို့ ပေးသွင်းနိုင် မယ့်  ပြည်တွင်းကုန်စည်တွေကို   ကျွန်တော်တို့ ရှာဖွေပါတယ်။ အခုလို ဆောင်ရွက်တဲ့အတွက် ထိုင်းနိုင်ငံမှာရှိတဲ့ Big C အတွက်  ယှဉ်ပြိုင်နိုင်မှုရှိတဲ့ ထုတ်ကုန်အမျိုးမျိုးကို တင်ပို့ပေးနိုင်ရုံမကဘူး၊ ဒေသတွင်းမှာရှိတဲ့ တခြား နိုင်ငံတွေကို အရည်အသွေးပြည့်ဝတဲ့ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်တွေ ကို တင်ပို့နိုင်အောင် ဗီယက်နမ် ပြည်သူတွေကို ကျွန်တော်တို့ အကူအညီ ပေးနိုင်ခဲ့ပါတယ်” ဟု MM Mega Vietnam၏ အုပ်ချုပ်မှုဒါရိုက်တာ ဖစ်ဆာဒူပုန်ဝါတာနာက ပြောသည်။

နဂါးမောက်သီးမှာ အဓိကတင်ပို့သော ပို့ကုန်ဖြစ်သော်လည်း ကန်စွန်းဥ ကိုလည်း ၄၅ တန်ကျော်အထိ  တင်ပို့နိုင်ခဲ့သည်။ ဗီယက်နမ် လယ်ယာထွက်ကုန်များသည် ထူးခြားသော အားသာချက်များ ရှိကြောင်း၊ အထူးသဖြင့် ကန်စွန်းဥမှာ အရည်အသွေးနှင့်  ဘေးကင်းလုံခြုံမှု စံနှုန်း အတွက် စိတ်ချရသည့်အပြင် ပစ္စည်းပေးသွင်းမှု အင်အားအတွက် အား ထားနိုင်သည်ကို တွေ့ရသည်။ ထို့ကြောင့် ဗီယက်နမ် လယ်ယာထွက်ကုန် များသည် အမှာစာအများအပြားကို ရေရှည်ရသွားနိုင်သည့် အခြေအနေ ရှိကြောင်း သိရသည်။