Main menu

Background

အင်ဒိုနီးရှားနှင့် ကုန်သွယ်မှု စဉ်ဆက်မပြတ်တိုးတက်‌စေရေး ပို့ကုန်အမယ်တိုးမြှင့်ရန် အိန္ဒိယ တိုက်တွန်း

Thu, 07/25/2019 - 14:44 -- journal_editor

         အင်ဒိုနီးရှားနှင့် ကုန်သွယ်မှုလိုငွေ တိုးလာနေသည့်အပေါ် အိန္ဒိယ၏ စိုးရိမ်ပူပန်မှု မြင့်တက်နေကြောင်းနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ စဉ်ဆက်မပြတ် တိုးတက်စေရန်အတွက် ပို့ကုန်အမယ် တိုးမြှင့်ရေးဆောင် ရွက်ရန် အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီး Shri Piyush Goyal က အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်အတွင်း တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရှိရသည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယသည် အင်ဒို နီးရှားနှင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၇ ဘီလီယံထိ ရှိခဲ့သည့်အပေါ် အိန္ဒိယက စိုးရိမ်ပူပန်ကြောင်း၊ လက်ရှိတွင် နှစ်နိုင်ငံ ကုန်သွယ်မှု ချိန်ခွင်ရှာ၌ အင်ဒိုနီးရှား ဘက်က သိသိသာသာ အလေး သာနေရာ နှစ်နိုင်ငံ ကုန်သွယ်မှုစဉ်ဆက်မပြတ် တိုးတက်ရေးအတွက် နှစ်ဘက်စလုံးက ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိုသို့ တိုးမြှင့်ရန်အတွက် စိုက်ပျိုးရေးပစ္စည်း၊ မော်တော်ယာဉ်ပစ္စည်း၊ အင်ဂျင် နီယာလုပ်ငန်းသုံးပစ္စည်းများ၊  IT ပစ္စည်းများ၊ ဆေးဝါး များ၊ ဇီဝနည်းပညာနှင့် ကျန်းမာရေးကဏ္ဍတို့သည်  အလား အလာအတော် ရှိသည်ဟု အိန္ဒိယကုန်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရ သည်။

        ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း  အိန္ဒိယနှင့် အင်ဒိုနီးရှားတို့၏ နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ အမေ ရိကန်ဒေါ်လာ ၂၁ ဒသမ ၂၃ ဘီလီယံထိရှိခဲ့ပြီး၊ အာဆီယံဒေသအတွင်း စင်ကာပူပြီးနောက် အိန္ဒိယ နှင့် တတိယအများ ဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်လာခဲ့ ကြောင်း သိရှိရသည်။ဆွေးနွေးပွဲတွင် အိန္ဒိယကုန်သွယ်ရေးဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံရှိ အိန္ဒိယမော်တော်ယာဉ်နှင့် အစိတ် အပိုင်းထုတ်လုပ်သူ လုပ်ငန်းရှင်များ ရင်ဆိုင်နေရသည့် သွင်းကုန် ခွဲတမ်း ကန့်သတ်ချက်ဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့ပြင် အိန္ဒိယကုန်သွယ်ရေးဝန်ကြီးက အိန္ဒိယ နိုင်ငံထုတ် အေးခဲကျွဲသား (Halal)များကို အင်ဒိုနီးရှား ဆိပ်ကမ်းများမှ တစ်ဆင့် သွင်းကုန် လုပ်ငန်းရှင်များထံ ကန့်သတ်ချက်မရှိ လွတ်လပ်စွာ တိုက်ရိုက်တင်ပို့ ရောင်းချနိုင်ရေး ခွင့်ပြုပေးရန် ကိုလည်း အင်ဒိုနီးရှားဘက်သို့ အဆိုပြုတောင်းဆိုခဲ့ရာ အရည်အသွေး ပြည့်မီသည့် ကာလတစ်လျှောက်လုံး တရားဝင် ခွင့်ပြု ထားသည့် ပို့ကုန်လုပ်ငန်းရှင်များထံမှ ပမာဏအကန့် အသတ်မရှိ ဝယ်ယူတင်သွင်းရန် ခွင့်ပြုမည်ဟု အင်ဒို နီးရှားဘက်က အတည်ပြုပြောကြားခဲ့ကြောင်း သိရှိ ရသည်။

     ထို့ပြင် အိန္ဒိယနိုင်ငံထွက် သံပရာ၊ ကြက်ဟင်း ခါး၊ စပျစ်နှင့် ဖရုံကဲ့သို့သော စိုက်ပျိုး ရေး ထွက်ကုန်ပစ္စည်းများနှင့် နို့ထွက်ပစ္စည်းများ ဈေးကွက်ပိုမိုရရှိရန် ကိုလည်း တောင်းဆိုခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် အင်ဒိုနီးရှားဘက် က အိန္ဒိယသို့ တင်ပို့ နေသည့် စားအုန်းဆီပို့ကုန်များအတွက် မလေးရှား စားအုန်းဆီများနည်းတူ အခွန်နှုန်းထားတန်းတူ ခွင့်ပြုပေးရန် တောင်းဆိုခဲ့ကြောင်း၊ လက်ရှိတွင် အိန္ဒိယသို့ တင်ပို့နေသည့် အင်ဒိုနီးရှားစားအုန်းဆီများ သည် မလေးရှားစားအုန်းဆီများထက် အခွန်  ၅ ရာခိုင်နှုန်း ပိုမိုပေးဆောင်နေရ ကြောင်း၊ အင်ဒိုနီးရှား၏ ယင်းအဆိုပြုချက်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် ညှိနှိုင်းဖြေရှင်းပေးသွားမည်ဟု အိန္ဒိယကုန် သွယ်ရေးဝန်ကြီး က ပြန်လည်ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရှိရသည်။

 

ယဉ်ယဉ်နွယ်