Main menu

Background

ရှမ်းပြည်နယ်ထွက် အော်ဂဲနစ်လက်ဖက်ခြောက် ဥရောပဈေးကွက်ရလာ

Mon, 11/28/2022 - 13:51 -- journal_editor

ရှမ်းပြည်နယ်မှ ထွက်ရှိသည့် အော်ဂဲနစ်လက်ဖက်ခြောက်များကို ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ ကြိုက်နှစ်သက်မှု များလာ၍ ဈေးကွက်နေရာရလာကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
ပြည်တွင်း၌ လက်ဖက်ကို ရှမ်းပြည်နယ် ကျောက်မဲ၊ နမ့်စန်၊ ပင်းတယ၊ ပင်လောင်း၊ မိုင်းကိုင်၊ မိုင်းရှူး စသည့်မြို့နယ်များ၌ အဓိကစိုက်ပျိုးပြီး ထွက်ရှိ လာသည့် လက်ဖက်အစိုနှင့်လက်ဖက်ခြောက်များကို ပြည်တွင်းဈေးကွက်သို့ အဓိကထား ရောင်းချနေခြင်းဖြစ်ကာ  အော်ဂဲနစ်လက်ဖက်ခြောက်ကိုတော့ ဂျာမနီနိုင်ငံအပါအဝင် ဥပရောပဈေးကွက်သို့ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။  အော်ဂဲနစ်လက်ဖက်ခြောက်ကို  ပင်းတယမြို့နယ်ဘက်မှ  တင်ပို့နေခြင်း ဖြစ်ပြီး ဘလက်တီး(black tea)၊ ဂရင်းတီး (green tea)စသည့် လက်ဖက်အမျိုးအစားများကိုလည်း ဥရောပဈေးကွက်သို့ အနည်းငယ် တင်ပို့လျက်ရှိကြောင်း သိရသည်။
ထို့ပြင် လက်ဖက်အစိုကိုလည်း ကောင်းမွန်သော ထုပ်ပိုးမှုစနစ်ဖြင့် အမေရိကန်၊ အင်္ဂလန် စသည့် နိုင်ငံများသို့ အနည်းငယ်  စမ်းသပ်တင်ပို့လျက်ရှိ ကြောင်း သိရသည်။ လက်ဖက်ကို မြန်မာနိုင်ငံ  ရှမ်းပြည်နယ်တွင် အဓိက စိုက်ပျိုးပြီး ချင်းပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင်လည်း  အနည်းငယ် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။ မြန်မာ့လက်ဖက် စိုက်ပျိုးရာတွင် ဓာတုဓာတ်မြေသြဇာသုံးစွဲမှုမရှိဘဲ မိရိုးဖလာနည်းဖြင့် စိုက်ပျိုးသည့်အတွက် ရှမ်းပြည်နယ် ဒေသထွက် လက်ဖက်များသည် ပြည်တွင်းသာမက ပြည်ပဈေးကွက်တွင်ပါ ကြိုက်နှစ်သက်မှုများသည့် စိုက်ပျိုးရေးထုတ်ကုန်အဖြစ် ရပ်တည်လျက်ရှိ ကြောင်း သိရသည်။
ပန်းဆု