Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 11/28/2022 - 13:58 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင်  International  Rice Market Website   ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၀ ဖြင့်လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၃ ဒေါ်လာဖြင့် လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန် ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၇ ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၃ ဒေါ်လာဖြင့်လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၅ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၄ဒေါ်လာ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့ သည်ကို လေ့လာသိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၃ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၈ ဒေါ်လာဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၃ ဒေါ်လာဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌  ၁၀ဝ ရာခိုင် နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း  ဆန်ဈေးနှုန်းများမှာ မြင့်တက် နေခဲ့ပြီး ပါကစ္စတန်နိုင်ငံတွင် ဆန်ဈေးနှုန်းမှာ ကျဆင်းခဲ့ကာ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဆန် ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်ကို သိရှိရသည်။
ပြည်ပဆန်ဈေးကွက် သတင်းများအနေဖြင့် အာရှဆန်ဈေးကွက်တွင် ဗီယက်နမ် ၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းသည် ယခင်တစ်ပတ်အတိုင်း အပြောင်းအလဲမရှိ ဆက်လက်တည်ရှိနေကြောင်း သိရှိရ သည်။ ထိုင်းဆန် ၅ ရာခိုင်နှုန်း ဈေးနှုန်းမှာ ဝယ်လိုအား  နည်းနေခြင်းတို့ကြောင့် ဈေးနှုန်းတည်ငြိမ်နေ ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံတွင် ရိတ်သိမ်းရာသီဖြစ်၍ ဆန်သစ်များ ဈေးကွက်ထဲဝင်လာသည့် အခါ ဆန်ဈေးနှုန်း ကျရိပ်ရှိနေကြောင်း ထိုင်းဆန်ကုန်သည်များ၏ ပြောကြားချက်အရ သိရှိရသည်။ 
ဆန်ဈေးကွက်နှင့်ပတ်သက်သည့် ပြည်တွင်းသ တင်းများအနေဖြင့် ရန်ကုန်ဈေးကွက်တွင် ဆန် ကြမ်းဈေးနှုန်း အနည်းငယ် တက်လာသော်လည်း ဆန်ချောဈေးနှုန်းမှာ တည်ငြိမ်နေကြောင်း သိရှိရ သည်။ ယခုတစ်ပတ်တွင် ဧည့်မထ ၂၅ မှတ်တန် ဆန်တစ်အိတ်လျှင် ၄၁၅၀ဝ-၄၂၀ဝ၀ ပေါက်ဈေးရှိ ပြီး သီးထပ်ဆန်တစ်အိတ်လျှင် ၄၄၀ဝ၀-၄၅၀ဝ၀ ပေါက်ဈေးရှိကြောင်း သိရှိရသည်။ ဧရာဝတီတိုင်း ဆန်ဈေးကွက်မှာ ရက်အတန်ကြာ ဈေးမဖွင့်ခဲ့သော်လည်း ယခုတစ်ပတ် ဧရာဝတီကုန်သွယ်မှုဗဟိုဌာန ၏ ထုတ်ပြန်ချက်အရ အသစ်ထွက်ရှိသည့် စပါးဈေးနှုန်းမှာ အမြင့်ဈေးနှုန်းဖြင့် ရှိနေကြောင်း သိရှိရ သည်။ ဧည့်မထဆန်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှုရှိနေသည့်အတွက် ဈေ မြင့်တက်နေခြင်း ဖြစ်ပြီး ရန်ကုန်ဈေးကွက်တွင် ဆန်အဝင် ပုံမှန်ရှိသော်လည်း အရောင်းအဝယ်အေးနေကြောင်း သိရှိရ သည်။ စပါးဈေးနှုန်းများမှာ ဆက်လက် မြင့်တက်နိုင်ခြေရှိသောကြောင့် သိုလှောင်ဝယ်ယူမှုများ ရှိနေ ကြောင်းလည်း  ဆန်ကုန်သည်များထံမှ သိရှိရသည်။
လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၇၁၀၂၂၃ ဒသမ ၇၀၄ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၆၅ ဒသမ ၂၆၈ သန်း၊ ဆန်ကွဲတန်ချိန် ၄၇၉၁၇၆ ဒသမ ၆၁၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၈ ဒသမ ၆၅၄ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်မှု တန်ချိန် ၁၁၈၉၄၀ဝ ဒသမ ၃၁၄ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၂၃ ဒသမ ၉၂၂ သန်း ရရှိထားပြီး၊ ယခင် နှစ်ကာလတူတွင် ဆန် တန်ချိန် ၅၇၀၁၉၅ ဒသမ ၉၁၃ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၆ ဒသမ ၉၉၄ သန်း၊ ဆန်ကွဲတန်ချိန် ၄၃၈၄၀၅ ဒသမ ၄၈၀ တန်၊ တန် ဖိုး အမေရိကန်ဒေါ်လာ ၁၃၈ ဒသမ ၅၀၆ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၀ဝ၈၆၀၁ ဒသမ ၃၉၃ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ  သန်းပေါင်း ၃၅၅ ဒသမ ၅၀ဝ သန်းဖြစ်ကြောင်း ကုန်သွယ်မှု စာရင်းများအရ သိရှိရသည်။
ယခင်နှစ်ကာလတူနှင့်  နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၁၄၀ဝ၂၇ ဒသမ ၇၉၁ တန်၊ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၄၈ ဒသမ ၂၇၄ သန်း၊ ဆန်ကွဲတင်ပို့မှုအနေဖြင့် ဆန်ကွဲ တန်ချိန် ၄၀၇၇၁ ဒသမ ၁၃၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၁၄၈ သန်း ပိုမို တင်ပို့ခဲ့သည်ကို သိရှိရသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့၌ နိုဝင်ဘာ ၁၅ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပ ငွေလဲနှုန်း တစ်ယွမ်လျှင် ၂၉၇ ကျပ်နှုန်းရှိပြီး၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်အိတ်လျှင် ၃၄၁၅၅ ကျပ်မှ ၃၅၆၄၀ ကျပ် ကြား ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ် ဒေသဖြစ်သော မြဝတီမြို့တွင် နိုဝင်ဘာ ၁၅ ရက်တွင် ဖြစ်ပေါ် နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် တစ် ဘတ်လျှင် ၈၀ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့ စဉ်ဖြစ် ပေါ် နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ် ၃၂၀ဝ ဖြင့် အမြင့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး ပြည်၊ ပဲခူး၊ ဘားအံနှင့် စစ်တွေမြို့တို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၁၈၀ဝ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။
Trading Economics Website  တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်း ယှဉ်ပါက ၁ ဒသမ ၅၃ ရာခိုင်နှုန်း ဈေးနှုန်း ကျဆင်းလျက်ရှိခဲ့ ကြောင်း သိရှိရသည်။ နိုဝင်ဘာလ ဒုတိယပတ်တွင် နိုင်ငံ တကာ ဆန်ဈေးနှုန်းများ အတက်၊ အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်၊ အကျ ပြောင်း လဲမှုများဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ်တင်ပြအပ်ပါသည်။