Main menu

Background

သတ္တုနှင့်တွင်းထွက်တင်ပို့မှုမှ ၁၀လအတွင်း ကန်ဒေါ်လာ ၂၃၅ သန်းကျော် ရရှိခဲ့

Wed, 02/15/2023 - 14:43 -- journal_editor

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၀လအတွင်း  သတ္တုနှင့် တွင်းထွက် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၅ သန်းကျော် ရရှိခဲ့ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန် သွယ်ရေးဦးစီးဌာနမှ သိရသည်။
၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ်  ဇန်နဝါရီလကုန် အထိ စာရင်းများအရ ပြည်ပသို့ သတ္တုနှင့်တွင်းထွက်ပစ္စည်း တင်ပို့ မှုမှ အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၄၇၇ သန်း ရရှိထားခြင်းဖြစ် သည်။        
နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ၂၃ ဒသမ ၄၃ သန်း၊ ပုဂ္ဂလိကပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၁၂ ဒသမ ဝ၄ သန်း ရရှိခဲ့ခြင်းဖြစ်ပြီး   သတ္တုတွင်းထွက်ပစ္စည်းကဏ္ဍအနေဖြင့် အဓိက တင်ပို့သည့် ပြည်ပနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း သိရသည်။      
တင်ပို့လျက်ရှိသည့်သတ္တုအမျိုးအစားများမှာခဲမဖြူ၊အဖြိုက် နက်၊ ခနောက်စိမ်း၊ ကြေးနီ၊ ကြေးဝါ စသည်တို့ဖြစ်ကြောင်းသိရ သည်။
အများဆုံး တင်ပို့လျက်ရှိသည့် ခဲမဖြူနှင့် အဖြိုက်နက် သတ္တု များကို ကယားပြည်နယ်နှင့်   တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိကထုတ်လုပ်နေခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးနှင့်စစ်ကိုင်း တိုင်းဒေသကြီးတို့တွင်လည်းထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
မြန်မာ့သတ္တုနှင့်တွင်းထွက်ပစ္စည်းများ  ပြည်ပသို့တင်ပို့ရာ တွင် ရွှေ၊ ကျောက်စိမ်း၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ စိန်၊ ခဲ၊ ခဲမဖြူ၊ အဖြိုက် နက်၊ ငွေ၊ ကြေးနီ၊ သွပ်၊ ကျောက်မီးသွေးနှင့် အခြားတွင်း ထွက်ပစ္စည်းအမျိုးမျိုးတို့ကိုပါ တင်ပို့နေခြင်းဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ဧပြီလမှ ဇန်နဝါရီလ ၂၇ ရက်အထိ သတ္တုတွင်းထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၆၄ ဒသမ ၄၅၇ သန်းအထိ ရရှိခဲ့ကြောင်း သိရသည်။

ပန်ဆု