Main menu

Background

မတ်လအတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှု အခြေအနေ

Mon, 04/24/2023 - 15:14 -- journal_editor

ရော်ဘာ    
မတ်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာ တန်ချိန် ၁၆၅၆၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ဝ၇၆ သန်းရရှိခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာ ၁၃၀၈၅ တန်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၉၈၀၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၅၁၉ တန်၊ ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၈၀ ကျော်၊ တောင်ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ကျော်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝကျော်နှင့် ထိုင်ဝမ်သို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။
ယခုလအတွင်း မြန်မာ-ထိုင်း  နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာ ၂၃၁၈ တန်နှင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာ ၁၂၀၄ တန် တင်ပို့သဖြင့် စုစုပေါင်း ရော်ဘာတန်ချိန် ၃၅၂၀ ကျော်တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၀၉ သန်းရရှိသည်။ နည်းလမ်းနှစ်သွယ်မှ ရော်ဘာတင်ပို့မှု စုစု ပေါင်းတန်ချိန် ၂၀ဝ၈၀ ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ဝ၈၅ သန်းရရှိသည်။ ယခင်လက ရော်ဘာတန်ချိန် ၂၂၉၀ဝ ကျော် တင်ပို့နိုင်သဖြင့် ယခုလတွင် ရော်ဘာတန်ချိန်၂၈၀ဝ ကျော် လျော့နည်း တင်ပို့ခဲ့သည်။
ပြောင်း
မတ် ၁ ရက်မှ ၃၁ ရက်ထိ  ကာလအတွင်း  ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၆၃၃ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၂၁၄၀ဝ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် ထိုင်း နိုင်ငံသို့ ပြောင်းတန်ချိန် ၁၁၄၈၆၀ ကျော်၊ တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် ၃၇၅၀ခန့်၊ ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၂၇၈၄ တန်၊ စင်ကာပူနှင့် နီပေါနိုင်ငံတို့သို့လည်း အနည်းငယ်တင်ပို့ခဲ့သည်။
ယခုလအတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၆၈၇၇၀ ကျော်နှင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၁၂၄၉၀ ခန့်တင်ပို့ခဲ့သဖြင့် စုစုပေါင်းပြောင်းတန်ချိန် ၈၁၂၆၀ ကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၆ ဒသမ ဝ၅၁ သန်း ရရှိသည်။  နည်းလမ်းနှစ်သွယ်မှ ပြောင်းတင်ပို့မှု  စုစုပေါင်းတန်ချိန် ၂၀၂၆၆၀ တင်ပို့နိုင်သဖြင့် အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၆၈၄ သန်း ရရှိသည်။ ယခင်လ ပြောင်းတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ပြောင်းတန်ချိန် ၂၄၀ ကျော် လျော့နည်းတင်ပို့ခဲ့ ကြောင်း သိရသည်။                                                                                     
အေးအေးသန့် (DOT)