Main menu

Background

၂၀၂၄ ပထမ ကိုးလတာ ကာလတွင် ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၃၅ သန်း ကမ္ဘောဒီးယားရရှိခဲ့

Tue, 11/05/2024 - 12:09 -- journal_editor

ကမ္ဘောဒီးယားနိုင်ငံသည် ယခု ၂၀၂၄ ခုနှစ်၏ ပထမကိုးလတာ ကာလ တွင်   ဆန်တန်ချိန် ၄၄၅၉၁၃ တန် တင်ပို့ခဲ့ပြီး ဝင်ငွေ အမေ ရိကန်ဒေါ်လာ ၃၃၅ သန်း ရရှိခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံ ဆန်စပါးအသင်းချုပ် CRF က အောက်တိုဘာ ၁၄ရက်က ပြောကြားခဲ့ သည်။ တင်ပို့ခဲ့သည့် ဆန်များတွင် ပရီ မီယမ်ဆန်မွှေး၊ ရနံ့သင်းသော ဆန်၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန် တို့ ပါဝင်ကြောင်း သိရသည်။ 
ကမ္ဘောဒီးယားသည်   အဆိုပါ ကိုးလတာကာလတွင် ဆန်များကို နိုင်ငံ များနှင့် ဒေသများ ၆၅ ခုကို တင်ပို့ခဲ့ ကြောင်းသိရသည်။ တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၅၆ သန်းတန် ကြေးရှိသည့်   ဆန်တန်ချိန် ၈၁၄၂၃ တန်ကို ကမ္ဘောဒီးယားထံမှ ဝယ်ယူခဲ့ပြီး ထိပ်ဆုံးက တင်သွင်းသူအဖြစ် ရပ်တည် နေကြောင်းသိရသည်။ 
ထို့ပြင်  ဥရောပသမဂ္ဂနိုင်ငံများ သို့ အမေရိကန်ဒေါ်လာ ၁၈၆ သန်း တန်ဖိုးရှိသည့် ဆန်တန်ချိန် ၂၂၈၇၃၁ တန် တင်ပို့ခဲ့ပြီး အာဆီယံသို့ အမေ ရိကန် ဒေါ်လာ ၅၂ သန်း တန်ဖိုးရှိသည့် ဆန်တန် ချိန် ၈၆၀၄၃ တန် တင်ပို့ခဲ့ ကြောင်း သိရသည်။    ထုတ်လုပ်မှုနှင့် သိုလှောင်နိုင်စွမ်း  မြင့်တက်လာခြင်း နှင့် ဆန်အရည်အသွေး စံနှုန်းမြှင့်တင် နိုင်ခဲ့ခြင်းကြောင့် ကမ္ဘောဒီးယားဆန် နိုင်ငံတကာ   ဈေးကွက်များသို့ အရှိန် အဟုန်ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း CRF ၏ ဥက္ကဋ္ဌဖြစ်သူ Chan Sokheang  က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား နိုင်ငံ ဆန်စပါးအသင်းချုပ်သည် ၂၀၂၅ ခုနှစ်တွင် အနည်းဆုံး ဆန်တန်ချိန် တစ် သန်း တင်ပို့ရန် ရည်မှန်းထားကြောင်း သိရသည်။  ကမ္ဘောဒီးယားနိုင်ငံတွင် စပါးစိုက်ခင်း   ဟက်တာ ၃ဒသမ၅၄ သန်းရှိပြီး နှစ်စဉ် စပါး ၁၂ဒသမ၄၉ သန်း ပုံမှန်ထုတ်လုပ်နိုင်ကြောင်း သိရ သည်။ 
နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သူHun Manet  ကလည်း လာအိုတွင် ကျင်းပခဲ့ သည့် အာဆီယံညီလာခံတွင် ဆန်ကုန် သွယ်မှုနှင့် ပတ်သက်၍ ဖိလစ်ပိုင်အပါ အဝင် ပြည်ပခေါင်းဆောင်များနှင့် သီး ခြား တွေ့ဆုံဆွေးနွေးပွဲလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Source : Khmer Times

 

မြသူ(DOCA YGN)