Main menu

Background

ဘဏ္ဍာနှစ်အကုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ မျှော်မှန်းထားသည့်အတိုင်း ပြည့်မီနိုင်သည်ဟုဆို

Wed, 01/13/2016 - 12:10 -- journal_editor

ယခုဘဏ္ဍာနှစ်အကုန်တွင်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ မျှော်မှန်းထားသည့်အတိုင်းအမေရိကန်ဒေါ်လာခြောက်ဘီလီယံအထိ ရောက်ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏  သတင်းထုတ်ပြန်ချက်များအရသိရသည်။ ယခုဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်ဆုံးချိန်တွင်ရင်းနှီးမြှုပ်နှံမှုပမာဏမှာအမေရိကန်ဒေါ်လာလေးဘီလီယံ အထိရောက်ရှိနေပြီဖြစ် ပြီး ဘဏ္ဍာနှစ် ကုန်ဆုံးချိန်ဖြစ်သည့် ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်တွင်မျှော်မှန်းထားသည့် အမေရိကန်ဒေါ်လာခြောက်ဘီလီယံ အထိရောက်ရှိလာမည်ဖြစ်ကြောင်းသိရ သည်။ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာလေးဘီလီယံအနက် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ပိုမိုတိုးတက်လာကြောင်းမြန်မာနိုင်ငံရင်းနှီးြ မှုပ်နှံမှုကော်မရှင် မှသိရ သည်။ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုများတွင် ကုန်ထုတ်လုပ်မှု ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုတွင် ယခင်ကထက် ပိုမိုတိုးတက်လာကြောင်းြ မန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။နိုင်ငံခြားရ င်းနှီးမြှုပ်နှံ မှုကဏ္ဍတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှာအများဆုံးဖြစ်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှု ပ်နှံမှုများတိုးမြှင့်လာကာ ရင်းနှီးမြှုပ်နှံမှုပမာဏတွင် တတိယနေရာသို့ ရောက်ရှိလာကြောင်းသိရသည်။ယင်းသို့ကုန် ထုတ်လုပ်မှုကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမှုပမာဏ တိုး တက်လာခြင်းကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှု ကိုတိုးတက်စေပြီး အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း တိုးတက်လာစေနိုင်သည်ဟု ဆိုသည်။၂၀၁၆ ခုနှစ်မ တ်လနောက်ပိုင်း တွင်တာဝန်ယူမည့် အစိုးရသစ်လက်ထက်တွင် ရင်းနှီးမြှုပ်နှံမှုများပိုမိုများပြားလာနိုင်ပြီး နိုင်ငံရေးတည်ငြိမ်မှုရှိလာသည်နှင့်အမျှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များမှာလည်းယခုထက်ပိုမိုတိုးတက်လာနိုင်မည်ဟု မျှော်မှန်းထားကြောင်းသိရ သည်။
မယ်သီတာ