ပိုးသတ်ဆေးင်း အမြင့်ဆုံးပါဝင်ခွင့်သတ် မှတ်ချက်(Maximum Residue Limit- MRLs)ဆိုသည်မှာ စားသောက်ကုန်များ စိုက်ပျိုးထုတ် လုပ်စဉ် အခါကသုံးစွဲခဲ့သော ပိုးသတ်ဆေးများ ကြွင်းကျန်မှုကန့်သတ်ချက်ဖြစ်ပြီး ယင်း ပမာဏ သည် စားသုံးသောအခါ ကျန်းမာရေးကို မထိခိုက် စေသည့် ပမာဏကို တရားဝင် သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ CODEX အဖွဲ့မှ သတ်မှတ်ခြင်းဖြစ် ပါသည်။ CODEX သည် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(FAO) နှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) တို့မှ ပညာရှင်များနှင့် ပူးပေါင်းဖွဲ့စည်းထားသောအဖွဲ့ ဖြစ်ပြီး၊ ပိုးသတ်ဆေးကြွင်း အမြင့်ဆုံးပါဝင်ခွင့်ကန့် သတ်ချက(MRLs) ကို သတ်မှတ်ပေးထားပြီး အခါအားလျော်စွာ ပြုပြင်ခြင်း၊ ဖြည့်စွက်ခြင်း များ ပြုလုပ်ပါသည်။ ယင်းMRLs များသည် အပြည် ပြည်ဆိုင်ရာမှ လက်ခံကျင့်သုံးသကဲ့သို့ ကျွနု်ပ်တို့ နိုင်ငံမှလည်း လိုက်နာကျင့်သုံးလျက်ရှိပါသည်။သို့ရာတွင် အချို့သောနိုင်ငံများမှလည်း၎င်းတို့နိုင်ငံ ၏ အခြေအနေအရ နိုင်ငံနှင့်ကိုက် ညီသောMRLs များကို သတ်မှတ်ပြဋ္ဌာန်းကြပါ သည်။ EU MRLs, UK MRLs, Japan MRLs, Asean MRLs အစရှိသည်များလည်းရှိကြပါသည်။ ဥပမာအားဖြင့် ပဲသီးနှံအတွက်Acephate ပိုး သတ်ဆေးကို CODEX ၏MRLs မှာ5 ppm ဟုသတ် မှတ်ထားသော်လည်းJapan MRLs တွင်မူ 3 ppm သတ်မှတ်ထားပြီး တရုတ်(တိုင်ပေ)သတ်မှတ်ချက်မှာ 0.05 ppm ဟု သတ် မှတ်ထား ပါသည်။ ယင်းအချက်မှာSPS (Sanitary and Phytosanitary) အရ မိမိနိုင်ငံတွင်း မိမိကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရ ပြုလုပ်ထားခြင်းသာဖြစ်ပြီးယင်းနိုင်ငံ အခြေအနေ အရ ပြဋ္ဌာန်းခြင်းဖြစ်သည့်အတွက် ဥပမာအားဖြင့် တရုတ်(တိုင်ပေ)မှ ငြင်းပယ်ခြင်းခံရသော ကုန်ပစ္စည်း သည်ယင်းနိုင်ငံအခြေ အနေအရသာ ငြင်းပယ်ခံ ရခြင်းဖြစ်ပြီး၊ ကျန်နိုင်ငံများသို့ တင်ပို့ပါက သင့်လျော်သော ကုန်ပစ္စည်းဖြစ်နေမည်ဖြစ်ကြောင်းတွေ့ရှိရ မည်ဖြစ် ပါသည်။ သို့ပါ၍ ပိုးသတ်ဆေးကြွင်း ပါရှိတိုင်းလည်းစားသုံးရန် မသင့်ဟု သတ်မှတ်၍ မရနိုင်ပါ။ထို့အပြင် MRLsများသတ်မှတ်ခြင်းသည် ကူးသန်းရောင်းဝယ်ခြင်း ကိစ္စရပ်များအတွက် သတ်မှတ်ထားခြင်းဖြစ်ပြီး ယင်းသို့သတ်မှတ်ရေး အတွက် ကျန်းမာရေးနှင့်သက်ဆိုင်သော အချက် များ၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး အတွက် အချက်အလက်များအပေါ် မူတည်သတ် မှတ်ထားခြင်းဖြစ်ပါသည်။ကျန်းမာရေးကဏ္ဍ အတွက်မူADI (Acceptable Daily Intake)ပေါ် တွင် အခြေခံထားပါသည်။ ယင်းသည် ပိုးသတ် ဆေး၏ ရူပဂုဏ်သတ္တိ၊ ဓာတုဂုဏ်သတ္တိ၊ အဆိပ် သင့်မှုအခြေအနေပေါ်မူတည်၍ Milligram per Kilogram body weight (mg/kbw) အနေဖြင့် သတ်မှတ်ခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ 1 Kilo- gram အလေးချိန်ရှိသော သတ္တဝါအနေဖြင့် စားသုံးထိတွေ့မှုတွင် တစ်ရပ်မဟုတ်ကြောင်း တင်ပြခြင်း ဖြစ်ပါ သည်။အထက်မှတင်ပြခဲ့သည်များမှာ ပိုးသတ်ဆေး သုံးစွဲတိုင်း ဆေးကြွင်းကျန်မည် မဟုတ်သကဲ့သို့ ပိုးသတ်ဆေးသုံးစွဲ ထားသော ကုန်ပစ္စည်းတို့သည် လည်း စားသုံးရန်မသင့်သော အနေအထား ရောက်ရှိမည်မဟုတ်ကြောင်း တင်ပြခြင်းဖြစ်ပါ သည်။ ကျွနု်ပ်တို့နိုင်ငံ၏ ပဲစိုက်ပျိုးထုတ်လုပ်တင် ပို့မှုကို လေ့လာကြည့်မည်ဆိုပါကQuality Market ဖြစ်သော အီးယူနိုင်ငံများကိုပါ တင်ပို့ခဲ့ပြီး ယခုအခြေအနေတွင် လည်း တင်ပို့နေဆဲဖြစ် ပါသည်။ ယနေ့တင်ပို့မှုလျော့သော ပဲစင်းငုံ၏ တင်ပို့မှုကို လေ့လာကြည့်ပါက၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တွင် အမေရိကန် ဒေါ်လာ ၁၅၉ ဒသမ ၇၈၈ သန်းကို တင်ပု့ိခဲ့ကာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင် အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၁၈၇ သန်း သာ တင်ပို့နိုင်ခဲ့ခြင်းမှာ အိန္ဒိယနိုင်ငံ၏ ဝယ်လို အား လျော့ကျမှုကြောင့်ဖြစ်ပြီး အခြားဥရောပ၊ အာရှနိုင်ငံများ သို့ တင်ပို့နေဆဲဖြစ်ပါသည်။ ပိုးသတ်ဆေးကြွင်းကျန်မှုမြင့်မားနေမည်ဆိုပါ က EU ကဲ့သို့သောနိုင်ငံများသို့ တင်ပို့နိုင်မည်မဟုတ် ပါ။ အခြားပဲမျိုးစုံကိုလည်း တင်ပို့နေဆဲဖြစ်ပါသည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဌာနခွဲ တစ်ခုဖြစ်သောသတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲအောက် ရှိ ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည် အသွေး စီမံခန့်ခွဲမှုဌာနစုရှိ ပိုးသတ်ဆေးကြွင်း ဓာတ်ခွဲခန်းတွင် ပြည်ပပို့ကုန်သီးနှံများအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးလျက်ရှိရာ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်၌ သီးနှံနမူနာ ၇၁ ခု စမ်းသပ် ခဲ့ရာ ပဲမျိုးစုံနမူနာ ၃၉၉ ခုစစ်ဆေးခဲ့ပါသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် နမူနာပေါင်း ၇၅၄ ခုစမ်းသပ်စစ်ဆေးခဲ့ရာ ပဲမျိုးစုံနမူနာ ၃၅၉ ခုပါဝင် ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၏ (ဧပြီလမှဒီဇင်ဘာလအထိ) နမူနာပေါင်း ၆၅၇ ခု စစ်ဆေးခဲ့ရာ ပဲမျိုးစုံနမူနာ ၂၆၁ခု ပါဝင်ခဲ့ပါ သည်။ ယင်းသို့ စမ်းသပ်စစ်ဆေးခဲ့ရာတွင် ခေတ်မီကိရိ ယာဖြင့် စမ်းသပ်စစ်ဆေးခြင်းဖြစ်ပြီး ပိုးသတ်ဆေးကြွင်းကျန်မှုCODEXစံချိန်စံညွှန်းထက်ကျော် လွန် ခြင်း မရှိပါကြောင်းနှင့် ယနေ့ ပြည်တွင်းမှ စိုက်ပျိုး ထုတ်လုပ်သော ပဲစဉ်းငုံအပါ အဝင် ပဲမျိုးစုံကို ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။