ဧပြီ ၂၈ ရက်မှ မေ ၄ ရက်အထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများနဲ့ မြန်မာ-ဘင်္ဂလား ဒေ့ရှ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉၅၉သန်းတန်ဖိုးရှိ ဆန် ၃၂၇၈၅ တန် တင်ပို့ခဲ့ပါ တယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများဖြစ် သော မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဧည့်မထဆန် တန်ချိန် ၂၇၂၅၀၊ ငစိန်ဆန် ၆၂ တန်၊ ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းမှ ငစိန်ဆန် တန်ချိန် ၈၀ တန်ကျော်၊ လွယ်ဂျယ်ကုန် သွယ်ရေးစခန်းမှ ဧည့်မထဆန် ၅၀၉၈ တန်ကျော် တင်ပို့ခဲ့ပါ တယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တော ကုန်သွယ် ရေးစခန်းမှ ဧည့်မထဆန် ၂၉၅ တန် တင်ပို့ပြီး ကုန်သွယ်ရေး စခန်းများရဲ့ ယခင်တစ်ပတ် ဆန်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ယခု တစ်ပတ်မှာ ၃၄၉၈ တန် ပိုမိုတင်ပို့နိုင်ကြောင်း သိရှိရပါတယ်။
ဧပြီ ၁ ရက်မှ ၂၇ ရက်အထိ တစ်လနီးပါးအတွင်း အမေ ရိကန်ဒေါ်လာ ၂၈ ဒသမ ၁၀၁ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၇၇၈၈၀ကျော်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး မတ်လတင်ပို့မှုထက် ၆၆၅၁၈တန် လျော့ကျခဲ့ကြောင်းသိရပါတယ်။ ဧပြီလက သြင်္ကန်ကာလအတွင်း တင်ပို့မှုလျော့ကျခဲ့တာကြောင့် ဖြစ်ပါတယ်။
ယခုတစ်ပတ်မှာ မူဆယ်နဲ့လွယ်ဂျယ်မှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၂၄ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၃၈၆၀ ကျော် တင်ပို့ခဲ့ရာ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ ၃၃၆၇ တန်ကျော်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ၄၉၃တန် ကျော်တင်ပို့ခဲ့ပါတယ်။ ဧပြီ ၁ ရက်မှ ၂၇ ရက်အထိ ကာလ အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၉၈၆ သန်း တန်ဖိုးရှိ ဆန်ကွဲ ၃၁၆၈ တန်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး မတ်လတင်ပို့ မှုနဲ့ နှိုင်းယှဉ်ပါက ဧပြီလမှာ ၆၁၈ တန်လျော့နည်းခဲ့ကြောင်း သိရှိရ ပါတယ်။ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဧပြီ ၂၉ ရက်မှ မေ ၅ရက်အထိ ကာလအတွင်း အမေရိကန် ဒေါ်လာ ၈ ဒသမ ၄၇၁သန်းတန်ဖိုးရှိ ဧည့်မထဆန်၊ ငစိန်ဆန်နဲ့ ပေါင်းဆန် ၂၄၇၇၃ တန် တင်ပို့ခဲ့ကြောင်း သိရှိရပါတယ်။ အိုင်ဗရီကို့စ် နိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၁၉၀၀၀ နဲ့ ငစိန်ဆန် တန်ချိန် ၅၀၀ ၊ အီးယူနိုင်ငံများသို့ ဧည့်မထဆန် ၃၂၇၆ တန်၊ ပေါင်းဆန် ၅၁၉ တန်နဲ့ ငစိန်ဆန် တန်ချိန် ၅၀၀ တင်ပို့ခဲ့ပြီး ရုရှား၊ ဗီယက်နမ်၊ တရုတ်နိုင်ငံများသို့ပါ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှု ထက် ၂၃၉၂၉ တန် ပိုမိုတင်ပို့ နိုင်ခဲ့တာတွေ့ရပါတယ်။
ရေကြောင်းကုန်သွယ်မှုအနေဖြင့် ဧပြီ ၁ ရက်မှ ၂၈ ရက်အထိ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၂၉၆ သန်းတန်ဖိုးရှိ ဆန် ၄၀၃၅၆ တန်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံးမတ်လ တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ထက်ဝက်ကျော် လျော့ကျခဲ့ကြောင်း သိရှိရပါ တယ်။
ယခုတစ်ပတ်အတွင်း ဆန်ကွဲတင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၈၉၂ သန်းဖိုးနဲ့ ဆန်ကွဲ ၉၈၇၅တန် တင်ပို့ခဲ့ ရာ အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၂၀၀၀ နဲ့ အီးယူနိုင်ငံများသို့ ၇၈၇၅တန်တင်ပို့ခဲ့ကြောင်း သိရှိရပါတယ်။ ဧပြီ ၁ ရက် ၂၈ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၉၇ သန်းတန်ဖိုးရှိ ဆန်ကွဲ တန်ချိန် ၂၂၁၃၀ တင်ပို့ခဲ့ပါတယ်။ မတ် လအတွင်းက ၃၈၂၇၁ တန် တင်ပို့ခဲ့တဲ့အတွက် ဧပြီလတင်ပို့ မှုမှာ ၁၆၁၄၁တန် လျော့ကျခဲ့ပါတယ်။
ဧပြီလအတွင်း ဆန်နဲ့ဆန်ကွဲတင်ပို့မှုမှာ မတ်လ တင်ပို့ မှုနဲ့ နှိုင်းယှဉ်ပါက နယ်စပ်စခန်းများရော ပင်လယ်ရေကြောင်း မှပါ တင်ပို့မှုလျော့ကျခဲ့တာ စာရင်းဇယားများအရ သိရှိရပါ တယ်။
ယဉ်ယဉ်အေး