Main menu

Background

ဧရာဝတီတိုင်းဒေသကြီး ဆန်/စပါးဈေးကွက်တွင် မြို့နယ်အချို့၌ မိုးဧည့်မထနှင့် နွေစပါးဈေးအနည်းငယ်ကျဆင်း

Wed, 05/16/2018 - 16:04 -- journal_editor

       ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စပါးဈေးကွက်တွင် မြို့နယ်အချို့၌   မိုးဧည့်မထစပါးနှင့်နွေစပါးဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း ဈေးကွက်သတင်းများမှသိရသည်။ယခုတစ်ပတ်အတွင်း ဟင်္သာတ၊ ဇလွန်မြို့နယ်များတွင်   ယခင်ဧည့်မထ စပါး ၄၆ ပေါင် တင်း  ၁၀၀ ကို ကျပ် ၅၈၀၀၀၀ - ၅၉၀၀၀၀ မှ ယခု ကျပ် ၅၇၀၀၀၀ - ၅၈၀၀၀၀ ဈေးနှုန်းဖြစ်သွား၍ စပါးတင်း ၁၀၀ ကို ကျပ် ၁၀၀၀၀ ဝန်းကျင် ဈေးနှုန်း ကျဆင်း သွားပြီး    နွေဧည့်မထ စပါးဈေးနှုန်းမှာ ဟင်္သာတ၊ လေးမျက်နှာမြို့နယ်များတွင် ယခင် ၄၆ ပေါင် တင်း ၁၀၀ကို ကျပ် ၅၂၀၀၀၀ မှ ယခု ကျပ် ၅၁၅၀၀၀   ဖြစ်သွား၍ စပါးတင်း ၁၀၀ ကို    ကျပ် ၅၀၀၀ ဝန်းကျင်ဈေးနှုန်း ကျဆင်း သွားကြောင်း၊ နွေဆန်ဈေးမှာ  ဟင်္သာတမြို့နယ်တွင် ယခင် ၁၀၈ ပေါင်ဆန်တစ်အိတ်ကို ကျပ် ၂၀၀၀၀ မှ ယခု ကျပ် ၁၉၅၀၀ဖြစ်၍ ဆန်တစ်အိတ်ကို ကျပ် ၅၀၀ ခန့်ဈေးနှုန်း ကျဆင်း သွားကြောင်း ဆန် စပါးဈေးကွက် အရောင်း အဝယ် အေးသည့် မြို့နယ်အချို့၌ ဈေးနှုန်းကျဆင်းလျက် ကျန်မြို့နယ်များတွင် ဈေးနှုန်းအပြောင်းအလဲမရှိဘဲ  ပုံမှန်ရောင်းဝယ် လျက်ရှိကြောင်း ဆန်၊ စပါးဈေးကွက်သတင်းများမှသိရသည်။            

မင်းမင်းဦး(ပုသိမ်)