Main menu

Background

ပြည်ကြက်သွန်ဖြူပွဲရုံများတွင် ရှမ်းစများဈေးကျလာ

Thu, 05/17/2018 - 10:50 -- journal_editor

ပြည်ကြက်သွန်ဖြူပွဲရုံများတွင် ကြက်သွန်ဖြူအိတ်များ ဝင်ရောက်လာတာ တွေ့ရပါတယ်။ ကြူကုတ်စများကတော့ ပုံမှန်ဝင်ရောက်နေပြီး   မေလ(ဒုတိယပတ်)မှာတော့  ရှမ်းစ တွေဈေးကျပြီး ဝင်ရောက်လာပါတယ်။ သို့သော် ပွဲရုံများမှ တစ်ဆင့် ပြန်ရောင်းချသူများနှင့် စားသုံးသူများသုံးစွဲဝယ်ယူရာ တွင် ဈေးနှုန်းမှာအနည်းငယ်သာကျပြီး ဈေးနှုန်းကွာဟလျက်ရှိ ကြောင်းသိရပါတယ်။  ယခုတစ်ပတ်ရဲ့ ကြက်သွန်ဖြူဈေးနှုန်း တွေကတော့ (ပွဲရုံဈေး) ရှမ်းစတစ်ပိဿာလျှင် ကျပ် ၁၅၀၀နှင့် (ကြူကုတ်စ) ဈေးမှာ ကျပ် ၁၂၅၀ ဈေးတို့ဖြင့်ရောင်းချလျက်ရှိ နေပါတယ်။ ဒေသတွင်းလက်လီဈေးများမှာတော့(ကြူကုတ်စ) တစ်ပိဿာ ကျပ် ၁၅၀၀နှင့် (ရှမ်းစ)ကိုတော့ ကျပ် ၂၀၀၀ ဈေး တို့ဖြင့်ရောင်းဝယ်လျက်ရှိကြပါတယ်။  ပြည်မြို့ဈေးကြီးနှင့်ပွဲရုံ များတွင် ရောင်းချသောဈေးနှုန်းများကတော့ ဈေးကျနေတာ ဖြစ်ပေမယ့် ကြက်သွန်ဖြူထွက်ရှိရာဒေသမှ  ဝင်ရောက်တဲ့ လက်ကားဈေးကဲ့သို့ တိုက်ရိုက်မရောင်းချဘဲ  စားသုံးသူနှင့် အရောင်းအဝယ်သမားများထံသို့သန့်စင်ပြီး အစိုဓာတ် များ လွန်းလျှင် အခြောက်ခံခြင်း၊ အခွံနှင့်အမှိုက်များဖယ်ရှားခြင်း တို့ကြောင့် အလုပ်သမားစရိတ်နှင့်အလေအလွင့်  အလျော့ တွက်များစရိတ်တွက်ချက်ပြီး (ပြန်လည်သန့်စင်ပြီး)မှ  အရည် အသွေးကောင်းအောင် ပြုပြင်ရောင်းချရတဲ့အတွက် စရိတ် စကများရှိတာကြောင့် ယခုဈေးနှင့်ချိန်ကိုက်ကာ ပြန်လည် ဖြန့်ဖြူးရောင်းချမှသာ အရောင်းအဝယ်သွက်မှာဖြစ်ကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးကပြောပြပါတယ်။

တိုက်ရိုက်ရောင်းချခြင်းသည် ဈေးကျပေမယ့် အစို ဓာတ်များခြင်းကြောင့် အထားမခံနိုင်ဟုထင်ကာ အနည်းငယ် သာဝယ်ယူခြင်းတို့ကြောင့် အရောင်းမသွက်ဘဲ  ဆုံးရှုံးလာ နိုင်ကြောင်းကိုလည်း သိရပါတယ်။   ယခုဈေးသည်လည်း စားသုံးသူအတွက်ပါ ဈေးကျပြီးအရောင်းအဝယ်ဖြစ်လျက်ရှိ ပါတယ်။ 

 

နီနီဝင်း