Main menu

Background

ပြည်ဈေးကွက်အတွင်း ကြက်သွန်နီအဝင်ပုံမှန်ရှိသော်လည်း အရောင်းအဝယ်အေး၍ ပစ္စည်းလက်ကျန်များနေ

Fri, 06/29/2018 - 12:55 -- journal_editor

ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်သို့ ပခုက္ကူ၊ဆိပ်ဖြူ၊ ရေနံချောင်း စတဲ့နယ်များမှ  ကြက်သွန်နီများ   တစ်ရက်ကို ပိဿာ  ၃၀ ဝင်အိတ် ၄၀၀ မှ ၅၀၀ ခန့်နေ့စဉ်ပုံမှန်အဝင်ရှိကြောင်း သိရပါတယ်။ အဝင်ပုံမှန် ရှိသော်လည်း  အရောင်းအဝယ်မှာ ပုံမှန်ဈေးကွက်ဖြစ်သော   ဒေသတွင်းဝယ်လက်သမားများ၊ အိတ်ဆွဲ သမားများ၊ ဧရာဝတီတိုင်းဒေသကြီးနှင့်  ရခိုင်ပြည် နယ်တို့သို့နယ်ကျော်တင်ပို့မှုများဖြင့်သာ အရောင်းအဝယ် ရှိပြီး အဝင်ရှိသလောက် အရောင်းအဝယ်မဖြစ်သည့်အတွက် အရောင်းအဝယ်အေး နေကြောင်း သိရပါတယ်။

ဈေးနှုန်းအနေနဲ့လည်း   သြင်္ကန်ကာလအတွင်းမှစ၍ ဈေးနှုန်းများအကျဘက်သို့ဦးတည်ပြီး   ဈေးငြိမ်နေသည့် အတွက် စားသုံးသူများမှ   ကြက်သွန်နီသီးနှံ၏ဈေးနှုန်း အပြောင်းအလဲမြင့်တက်မှုအပေါ်  စိတ်ပါဝင်စားမှု မရှိတော့ သဖြင့်အရောင်းအဝယ်မှာ အေးနေခြင်းဖြစ်ပြီး  ဈေးကွက် အတွင်း ပစ္စည်းလက်ကျန်လည်း များနေတယ်လို့ ပွဲရုံဈေးကွက် မှ စုံစမ်းသိရှိရပါတယ်။

ဈေးနှုန်းအားဖြင့် ပြည်ပွဲရုံများ၌ လက်ကားဈေး တစ် ပိဿာကို အရည်အသွေးပေါ်မူတည်၍  ကျပ် ၅၂၅-၅၅၀-၆၀၀-၆၅၀-၆၇၅ စသည်ဖြင့် ခွဲခြားရောင်းချပြီး   လက်လီ ဈေးများတွင် (ကြီး) ကျပ် ၇၀၀၊ (လတ်)  ကျပ် ၈၀၀၊ (သေး) ကျပ် ၆၀၀ မှ ၆၅၀ နှုန်းတို့ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိကာ  လက်ကားဈေးနှုန်းရော လက်လီဈေး နှုန်းများပါ ဈေးငြိမ်လျက် ရှိနေတာတွေ့ရပါတယ်။

ဝင်းလဲ့ဝါ(ပြည်)