Main menu

Background

မိုးကောင်းပေမယ့်လည်း နယ်အပို့ကောင်းနေတဲ့ ပြည်မန်ကျည်းမှည့်

Fri, 06/29/2018 - 12:56 -- journal_editor

ပြည်မန်ကျည်းမှည့်(ပွဲရုံ) တွင် မန်ကျည်းမှည့်ဝင်ရောက် မှုဆက်တိုက်ရှိနေပြီး ရွှေတောင်၊ ကျီးသဲ၊ မြန်အောင်၊ ထုံးဘို တို့မှ အစေ့မပါ မန်ကျည်းမှည့်တွေ ဝင်ရောက်နေပါတယ်။အရောင်းအဝယ်အနေနဲ့ကတော့    ပြည်မှာမိုးဆက် ရွာပြီး မိုးကောင်းနေပေမယ့် ရခိုင်နှင့်  ရန်ကုန်တို့မှ မန်ကျည်း မှည့် အဝယ်ရှိတာကြောင့် ပြည်မန်ကျည်းမှည့် ပွဲရုံသမားများ အရောင်းအဝယ် ဖြစ်လျက်ရှိနေကြောင်း သိရပါတယ်။

မန်ကျည်းမှည့်တစ်ပိဿာ   ပေါက်ဈေး(ပွဲရုံဈေး) ကျပ် ၂၂၀၀ မှ ကျပ် ၂၅၀၀ ထိဖြစ်ပြီး လက်လီ (ဒေသတွင်း) တစ် ပိဿာ ကျပ် ၂၈၀၀ ၊ ကျပ် ၃၀၀၀ တို့ဖြင့် အရောင်းအဝယ်ပြုလုပ် လျက်ရှိနေပါတယ်။ ရခိုင်၊ တောင်ကုတ်၊   ရန်ကုန်ဝယ်လက် များသို့ တစ်ပတ်အတွင်း မန်ကျည်းမှည့် ၂၅ ပိဿာဝင် အိတ် ၇၀ နီးပါး တင်ပို့ရကြောင်း သိရပါတယ်။

နီနီဝင်း