Main menu

Background

ပြန်လည်ဆန်းသစ်လာသည့် ဟန်းမိတ်သိုးမွေးချည်ထည်များ

Wed, 02/16/2022 - 15:56 -- journal_editor

သိုးမွေးထိုးခြင်း လက်မှုပညာဟာ လွန်ခဲ့တဲ့ ရှေးနှစ်ပေါင်းများ စွာက ထွန်းကားလာတဲ့ လက်မှုပညာတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအပါ အဝင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှာလည်း  ထင်ရှားတဲ့ လက်မှုပညာ (ံညေိ ြေိန) တစ်ခုဖြစ်ပါတယ်။ သိုးမွေးထိုးခြင်း လက်မှုပညာကို အမျိုးသမီးမှမဟုတ်ဘဲ အချို့အမျိုးသားများပါ စိတ်ပါဝင်စားစွာလုပ် ကိုင်ကြတာကိုလည်း တွေ့ရှိရပါတယ်။ သိုးမွေးထိုးခြင်းဆိုတာ အရမ်း လှပတဲ့ လက်မှုပညာတစ်ခုလည်းဖြစ်ပါတယ်။ ၎င်းလက်မှု ပညာဟာ ဘယ်တော့မှ တိမ်ကောသွားခြင်းမရှိတဲ့ လက်မှုပညာတစ်ခု ဖြစ်ပါ တယ်။ ကမ္ဘာ့အနောက်ခြမ်း နိုင်ငံတွေမှာရှိတဲ့ လူတော်တော်များများ ဟာ လက်တစ်စုံနဲ့ ဖန်တီးပြုလုပ်ထားတဲ့ သိုးမွေးထည် (ံညေိ ြေိန) များကို မြတ်မြတ်နိုးနိုး တန်ဖိုးထားကြလို့ ရယ်ဒီမိတ် အထည်များထက် ဟန်းမိတ်အထည်များက ဈေးကောင်းပိုရကြပါတယ်။
လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကစပြီး မြန်မာနိုင်ငံရဲ့ ခေတ်ကာလ၊ ခေတ်ရေစီးတွေ ပြောင်းလဲလာတဲ့ ကာလတစ်ခုမှာ ရယ်ဒီမိတ်ပစ္စည်း များရဲ့ လွှမ်းမိုးမှုကိုခံခဲ့ရလို့ သိုးမွေးထိုးခြင်း လက်မှုပညာမှာ မှေးမှိန် သွားခဲ့ပါတယ်။ ခုချိန်မှာ သိုးမွေးထိုးခြင်း လက်မှုပညာမှာ တစ်ဖန် ပြန်လည်ခေတ်စားလာခဲ့ပါတယ်။  ယခုလို ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွား မှုကာလအတွင်း လုပ်ငန်းလည်ပတ်မှုများ ခေတ္တရပ်နားထားရချိန်မှာ စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ်၊ ဝါသနာကြောင့်ပဲဖြစ်ဖြစ် သိုးမွေးထိုးခြင်း လက်မှုပညာလုပ်ကိုင်သူများ   များပြားလာခဲ့ပါတယ်။  ယခင်က သိုးမွေးထည် (ဟန်းမိတ်) စစ်စစ်ကို ဝယ်ချင်ရင် အေးတဲ့ဒေသတွေ ဖြစ်တဲ့ တောင်ကြီး၊ ပြင်ဦးလွင် စတဲ့ ဒေသတွေမှာသာ ရနိုင်ပြီး ယခု အချိန်မှာတော့  သိုးမွေးချည်ထည်များဖြင့်  ဖန်တီးပြုလုပ်ထားတဲ့ ဟန်းမိတ်သီးသန့်သာ  ရောင်းချတဲ့ဆိုင်များ ပေါ်ထွက်လာခဲ့သလို ခေတ်စနစ်ရဲ့  နည်းပညာအရ ဥညူငညန မှတစ်ဆင့် မိမိလိုချင်တဲ့ သိုးမွေးထည် (ဟန်းမိတ်)တွေကို မိမိစိတ်ကြိုက် မှာယူဝယ်ယူနိုင်ပါ တယ်။ သိုးမွေးထိုးခြင်း လက်မှုပညာမှာ အင်္ကျီတစ်ခုတည်း မဟုတ်ဘဲ ခြုံထည်(တဘက်)၊ အိတ်၊ ပဝါ၊ ဦးထုပ်၊ ဖိနပ်၊ အိမ်အလှဆင် ပစ္စည်း၊ ကလစ်၊ ခေါင်းစည်းကြိုး၊ အရုပ် စသည်ဖြင့် အမျိုးမျိုးလိုအပ်သလို ဖန်တီးထားတဲ့ အထည်၊ အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူလို့ရပါ တယ်။ သိုးမွေးချည်ထည်များဖြင့် အဝတ်အထည်၊ အသုံးအဆောင် ဖန်တီးတဲ့အခါမှာ ကုန်ကြမ်းဖြစ်တဲ့ သိုးမွေး၊ ယုန်မွေးများမှာ အမျိုး အစား အများကြီးရှိတာကြောင့် အင်္ကျီတစ်ထည်လျှင် အသုံးပြုရတဲ့ ချည်၊ ဖန်တီးပြုလုပ်ရတဲ့ အနုစိတ်ပညာပေါ် မူတည်ပြီး အင်္ကျီတစ် ထည်လျှင် မြန်မာကျပ်ငွေ သောင်းဂဏန်းမှ သိန်းဂဏန်းထိ ဈေးရရှိ ပါတယ်။ အိတ်တစ်လုံးလျှင် ပုံစံ၊ ဒီဇိုင်း၊ အသုံးပြုတဲ့ချည်ပေါ်မူတည် ပြီး တစ်လုံးလျှင် ကျပ် ၁၅၀ဝ၀ မှ ၇၀ဝ၀ဝ၊ ၈၀ဝ၀ဝ အထိ ရရှိပါ တယ်။  ဖိနပ်တစ်ရန်လျှင် ပုံစံ၊ ဒီဇိုင်းအလိုက်  တစ်ရန်လျှင် ကျပ် ၈၀ဝ၀ မှ ၁၅၀ဝ၀ အထိ  ဈေးရှိပါတယ်။  အမျိုးသမီးသုံး အလှဆင် ပစ္စည်းများဖြစ်တဲ့  ကလစ်၊ ခေါင်းစည်းကြိုးများမှာလည်း တစ်ခုလျှင် အမျိုးအစားအလိုက် ကျပ် ၁၀ဝ၀ မှ ၅၀ဝ၀ အထိ ဈေးရှိပါတယ်။
ချည်ထိုးခြင်း ပညာမှာ သိမ်မွေ့တဲ့လက်မှုပညာဖြစ်သလို လက် တစ်စုံတည်းနဲ့ ဖန်တီးပြုလုပ်ရတဲ့ အနုစိတ် အနုပညာတစ်ခုလည်း ဖြစ်ပါတယ်။ ယခုအခါမှာ အဲဒီလို အနုပညာဆန်တဲ့ ချည်ထည်ပစ္စည်း တွေကို အမြတ်တနိုး  တန်ဖိုးထားပြီး ဝယ်ယူတဲ့သူတွေ ပြန်လည် များပြားလာတာကြောင့် ချည်ထိုးခြင်း လက်မှုပညာလုပ်ငန်းမှာ စက်မှုသို့ ပြောင်းခဲ့သည့် တခြားလုပ်ငန်းများ နည်းတူ ယခုအခါ ကြီး ကျယ်သည့် လုပ်ငန်းကြီးတစ်ခုဖြစ်လာနေတာကြောင့် လက်တစ်စုံနဲ့ ဖန်တီးပြုလုပ်တဲ့ ချည်ထည်(ဟန်းမိတ်)များက ရောင်းတန်းဝင်သည့် ပစ္စည်းများ ဖြစ်လာနေပြီး မြန်မာနိုင်ငံရဲ့ ဈေးကွက်မှာလည်း ခိုင်မာ တဲ့ ဈေးကွက်တစ်ခု ဖြစ်လာနိုင်စေဖို့ မျှော်လင့်မိပါတယ်။ှ.့.ံ (ွှါင)