Main menu

Background

သီဟိုဠ် စိုက်ပျိုးထုတ်လုပ်သောတောင်သူများနှင့်တွေ့ဆုံဆွေးနွေး

Mon, 03/21/2022 - 13:28 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်  စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်နှင့် သီဟိုဠ်စိုက်ပျိုးသူ တောင်သူများအား မြေယာပိုင်ဆိုင်မှုလျှောက်ထားမှုအခြေအနေနှင့် ဈေးကွက်ဈေးနှုန်း စိုက်ပျိုး ထုတ် လုပ်မှုနှင့် ဆက်လက်တိုးချဲ့စိုက်ပျိုးမည့်အခြေအနေများကို သီဟိုဠ်လုပ်ငန်းရှင်များအသင်းရုံး၌ မတ် ၇ ရက် နံနက်ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန    မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ် က မိမိတို့ဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှု  ဖွံ့ဖြိုးတိုး တက်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် သီဟိုဠ်စိုက်ပျိုးတောင်သူများ၏ မြေယာပိုင်ဆိုင်ခွင့်ရရှိရေး၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင် ရွက် ရမည့်ကိစ္စရပ်များ၊ ထုတ်ကုန်များကို ပိုမို ထုတ်လုပ်နိုင်ရေး၊ အသင်းရေရှည်ရပ်တည်နိုင်ရေး၊   နည်းပညာများရရှိရေး၊ သီဟိုဠ်ဈေးနှုန်း၊ အထွက်နှုန်းများအခြေအနေ၊ သီဟိုဠ်အဝယ်ဒိုင်များ အခြေ အနေများကို ဆွေးနွေးခဲ့ပြီးစားသုံးသူ ရေးရာဦးစီးဌာန၏လုပ်ငန်းဆောင် ရွက်ချက်များ၊ စားသုံးသူရေးရာဥပဒေပါ ပြဋ္ဌာန်းချက်များအား ရှင်းလင်းပြော ကြား ဆွေးနွေးခဲ့သည်။ဆက်လက်၍ သီဟိုဠ်အသင်းဥက္ကဋ္ဌ   ဦးတင်ဦးက  ပြောကြားရာတွင် အသင်းသားများ၏မြေယာပိုင် ဆိုင်မှု အတွက်   အစွမ်းကုန် ဆောင်ရွက်နေ ကြောင်း၊ တစ်ဦးတစ်ယောက်အင်အားဖြင့် ရပ်တည်၍မရနိုင်ကြောင်း၊အသင်း သားများ  စည်းလုံးညီညွတ်မှသာ အသင်းပိုမိုဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း၊ နိုင်ငံတော်သို့ သတ်မှတ်ထားသည့် အခွန်အခများလည်း ပေးသွင်းရန် လိုအပ် ကြောင်း၊ သီဟိုဠ်ဈေးနှုန်း၊ ဈေးကွက် အဝယ်ဒိုင်များ အခြေအနေနှင့်အသင်းမှ ဦးဆောင်၍တောင်သူများနှင့်ချိတ်ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များလည်း ဆွေးနွေးခဲ့သည်။                               

ထွန်းမင်းလတ်(သာပေါင်း)