Main menu

Background

ကဏန်းတင်ပို့မှုအခြေအနေ

Tue, 03/29/2022 - 15:32 -- journal_editor

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစားသုံးသူရေးရာဦးစီးဌာနစစ်တွေခရိုင်ပေါက်တောမြို့နယ်တာဝန်ခံဦးကျော်သိန်းအောင်နှင့်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမောင်တင်တို့သည် မတ် ၈ရက်နံနက် ၈နာရီခွဲတွင် ပေါက်တောမြို့အရှေ့ပိုင်းရပ်ကွက်အတွင်းရှိ ထူးချွန်ကဏန်းရောင်းဝယ်ရေး အဝယ်ဒိုင်သို့သွား ရောက်ကာ ပိုင်ရှင်ဦးခိုင်ကျော်လှနှင့် တွေ့ဆုံကာကဏန်းတင်ပို့မှုနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရာထူးချွန်ကဏန်း ရောင်းဝယ်ရေးအဝယ်ဒိုင်အနေဖြင့်ပြည်ပနိုင်ငံများ သို့ ကဏန်းတင်ပို့ခြင်းကို၂၀၁၀ခုနှစ်ဇန်နဝါရီလမှစ၍ ဆောင်ရွက်လျက်ရှိသည်။ရေထွက်ပစ္စည်းများထုတ်လုပ်မှုမှာ ရေချို၊ရေငန်၊ငါး၊ပုစွန် ထုတ်လုပ်မှုအ ပြင် သဘာဝရေ အရင်းအမြစ်ထဲမှ နိုင်ငံခြားဝင်ငွေရှာပေးနေသည့် ကဏန်းတင်ပို့မှုမှာလည်းအဓိကအခန်းကဏ္ဍာမှပါဝင်နေပေသည်။ ကမ္ဘာ့ပေါ်တွင်ကဏန်းရှစ်မျိုး ရှိသည့်အနက် ကျွန်တော် တို့ ပေါက်တောမြို့နယ်မှာ တောရွှံ့ကဏန်းနှင့် ဒီရေတော ကဏန်း နှစ်မျိုးသာ အထွက်မျာသည်။ပေါက်တောမြို့နယ် ကဏန်းအဝယ်ဒိုင် များတွင် ကဏန်း ရောင်းချလျှင် ရှယ်နှင့်(Joy) ဆိုပြီး နှစ်မျိုးခွဲခြား ဝယ်ယူလေ့ရှိသည်။ ကဏန်းဝယ်ဈေး၊ရောင်းဈေးသည် ဝယ်လိုအားအပေါ်မူတည်ပြီး အတက်/အကျရှိပြီး၊ ယခုရက် ၁၀ဝ-ဂရမ် အထက်အဆင့် (1kg) လျှင် ဈေးနှုန်း ကျပ်၃၀ဝ၀နှင့် ၁၀ဝ-ဂရမ်အောက် (1kg)လျှင် ကျပ်၉၀ဝ ပေးဝယ်ရပြီး ဝယ်ယူရရှိသော ကဏန်းများကို ဒိုင်တွင် ထားပြီး ရန်ကုန်သို့ ကားဖြင့် တင်ပို့ကြသည်။ ကဏန်းများကို ရေငန်ထဲသို့တစ်နေ့ နှစ်ကြိမ်၊တစ်ကြိမ်လျှင်ငါးမိနစ်ခန့်စိမ်ပေးရသည်။ဒေသအခေါ်တောရေကျွေးတယ်လို့ခေါ်သည်။ကဏန်းများကို ရေတစ်ခါကျွေးလျှင် ‌‌ခြောက်ရက်မှ ခုနစ်ရက်ထိခံ နိုင်ရည် ရှိပြီး ရန်ကုန်ဒိုင်အရောက်၁၀ဝ-ဂရမ်အထက် (1kg)လျှင် ဈေးနှုန်း ကျပ် ၆၀ဝ၀နှင့် ၁၀ဝ-ဂရမ်အောက် (1kg)လျှင် ကျပ် ၁၆၀ဝထိ ရရှိကာ ကဏန်းတင်ပို့ လုပ်ကိုင် သူ များအနေဖြင့် အဆင်ပြေ တွက်ခြေကိုက် သလို ကဏန်းရောင်းဝယ် တင်ပို့မှုလုပ်ငန်းသည် ကဏန်းကို သက်ရှိ အတိုင်း ကိုင်တွယ်လုပ်ကိုင်ရသဖြင့် အမြတ်ကြီးသလို အရှုံးကြမ်းသည့် လုပ်ငန်းမျိုးဖြစ်သည်။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်သည် ငါး၊ ပုစွန်၊ ကဏန်း မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် ရေမြေသဘာဝ ကောင်းမွန်ပြီး မြေလွတ်၊ မြေရိုင်း၊ မြစ်ချောင်းများပွားများခြင်း၊ရာသီဥတုမျှတခြင်း၊ကုန်ကြမ်းရရှိမှုလွယ်ကူခြင်း၊ရခိုင်ပြည်နယ်အတွက်အမယ်သစ်(Value added)ပြည်ပပို့ကုန်တိုးမြှင့်လာခြင်းများဖြစ်ပေါ်လာကာနိုင်ငံအကျိုးပြု၊ ပြည်သူအကျိုးပြု ကုန်ထုတ်လုပ်ငန်းများတိုးမြှင့် လာခြင်း တို့ကြောင့် ကဏန်းတင်ပို့ ရောင်းချမှုလုပ်ငန်းအပြင်ငါး၊ပုစွန်သား ပေါက် မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများရရှိနိုင်ပါ၍ ပြည်တွင်း/ ပြည်ပမှစီးပွားရေး လုပ်ငန်းရှင်များ၊ကုမ္ပဏီများ အနေဖြင့်စိတ်ပါဝင်စားစွာရခိုင်ပြည်နယ်သို့ လာရောက်ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ဆောင်ရွက်ပါက အလုပ် လက်မဲ့များအလုပ်အကိုင်အခွင့်အလမ်းရရှိကာ စီးပွားရေး အကျိုးကျေးဇူးများ ခံစားနိုင်မည်ဖြစ်ပါကြောင်း လေ့လာတင်ပြ အပ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊(ပေါက်တောမြို့)