Main menu

Background

အညာဒေသတွင် ထန်းလျက်ဈေးကောင်းရနေ

Thu, 04/28/2022 - 15:42 -- journal_editor

အညာဒေသရှိ  ထန်းတက်ရာသီ၌  ထန်းလျက်ဈေးကောင်း ရရှိနေကြောင်း မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဒေသခံများထံက သိရသည်။ ထန်းရည်ချိုကို ပြာသိုလနှင့် တပို့တွဲလတို့တွင် ရာသီစာ အဖြစ် နေ့စဉ် ထန်းလုပ်ငန်း များ လုပ်ငန်းခွင်ဝင်နေသောကြောင့် ထန်းတက် တောင်သူများ ထန်းလျက်ရောင်း ချခြင်းဖြင့် ဝင်ငွေရရှိနေသည်။ ယခုနှစ် ထန်းလျက်အဟောင်း တစ်ပိဿာ  ကျပ် ၂၀ဝ၀ မှ ၂၇၀ဝ အတွင်း ရောင်းခဲ့ရသဖြင့် ယခုနှစ်ထန်းလျက်ဈေးမှာ တစ်ပိသာ ကျပ် ၂၂၀ဝ ကနေ ကျပ်၂၇၀ဝ ရောင်းရကြောင်း ထန်းတက်တောင်သူများထံက သိရသည်။ထန်းလျက်ကို ပုဂ္ဂလိကမုန့်လုပ်ငန်းများနှင့် ရာသီစာအဖြစ် စားသုံးကြကာ ပုံမှန်အရောင်းအဝယ် ပိုသွက်ကြောင်း သိရ သည်။ ရေနံချောင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ခုနှစ်၌ ထန်းပင်စုစုပေါင်း ၁၂၃၆ လုပ်ကိုင် (ရိတ်သိမ်း)ခဲ့ပြီး စုစုပေါင်း ၄၉၇၀ ဒသမ ၇၅ ပိဿာ ထွက်ရှိခဲ့သည့်အပြင်  ယခု ၂၀၂၁-၂၀၂၂  ခုနှစ်၌ ထန်းပင်စုစုပေါင်း ၁၅၆၇ လျာထား၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန စာရင်းအရ သိရသည်။                                                                     

    ဆန်းညွန့် (ရေနံချောင်း)