Main menu

Background

စပျစ်စိုက်ပျိုး ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိနေ

Thu, 06/09/2022 - 11:37 -- journal_editor

စားသုံးသူဈေးကွက်တွင်လူကြိုက်များလာသည့်စပျစ်စိုက်ပျိုးခြင်းကို နတ်မောက်မြို့ပေါ်နှင့်ပတ်ဝန်းကျင်ကျေးရွာများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်မိသားစုဝင်ငွေရရှိ နေ ကြောင်းသိရှိရသည်။နတ်မောက်မြို့နှင့်နှစ်မိုင်ခန့်ဝေးကွားသည့်အနောက်လက္ခုပ္ပင်ကျေးရွာတွင်လည်း စပျစ်စိုက်ပျိုးလျက်ရှိ၍နတ်မောက်မြို့ ပေါ်သို့ဈေးကွက်တ င်ပို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။စပျစ်များကိုစတင်စိုက်ပျိုးလာသည်မှာသုံးနှစ်ရှိပြီဖြစ်ကြောင်း၊စိုက်ပျိုးပြီးရှင်သန်ဖြစ်ထွန်းနေသေ စပျစ်ပင်များကိုဇန်နဝါရီလတွင်ကိုင်း ဖြတ် ပြီး ခြောက်လ အကြာမေလတွင်စပျစ်သီးများကိုခူးဆွတ်ရောင်းချ၍ ရပြီဖြစ်ကြောင်း၊ တစ်ပိဿာလက်ကားဈေး ကျပ် ၃၅၀ဝ၊ လက်လီဈေး ကျပ် ၄၀ဝ၀ ရောင်းချရကြောင်း၊ ယခုနှစ်တွင်စိန်တလုံးသရက်သီးများလှိုင်လှိုင်ပေါ်နေသည့်အတွက်စပျစ်သီးရောင်းအားနည်းသည်ဟုအနောက်လက္ခုပ္ပင်ကျေးရွာမှာစပျစ်ပိုင်ရှင်ဦးဝေယံစိုးထံမှသိရှိရသည်။စပျစ်အမျိုးအစား အမျိုးမျိုးရှိပြီး ဘလက်ကွင်း၊ သီးချွန်၊ ရွှေနီ၊ သခွားမွှေး၊ ဘောဘလက်၊ အာဂျီ(ပန်းရောင်) တို့အနက် စားသုံးသူဈေးကွက်အကြိုက် အမျိုးအစားများ ကို ရွေးချယ် စိုက်ပျိုးရပြီး ဘလက်ကွင်းနှင့် ဘောဘလက်၊ စပျစ်မျိုးတို့ကို အများ ဆုံးစိုက်ပျိုးကြကြောင်း သိရှိရသည်။
ရဲမင်းသာ