Main menu

Background

ဧရာဝတီတိုင်းရှိ ကဏန်းပျော့ဈေးကွက် ဝယ်လိုအားကောင်းနေ

Fri, 06/10/2022 - 12:03 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်အတွင်းရှိကဏန်းပျော့ဈေးကွက်၌ ပြည်ပဝယ်လက်များကြောင့်အရောင်းအဝယ်တိုးတက်လျက်ရှိကြောင်းဒေသခံမွေးမြူရေးလုပ်ငန်းရှင်တွေထံကသိရသည်။အဆိုပါကဏန်းပျော့ များကို တရုတ်၊ထိုင်ဝမ်၊ဂျပန်၊စင်ကာပူ၊ မလေးရှားအပါအဝင် ဥရောပနိုင်ငံများသို့ပါ  တင်ပို့နေခြင်းဖြစ်ပြီး တစ်ကီလိုကို   အမေရိကန်ဒေါ်လာ ၁၀ မှ ၁၅ ဒေါ်လာကြား ရရှိကြောင်း သိရသည်။လက်ရှိတွင် ဈေးကွက် လိုအပ်ချက်ကြောင့်  ကဏန်းပျော့များကို ပိုမိုတိုးချဲ့မွေးမြူလာကြပြီး ယခင်ကမွေးမြူလုပ်ကိုင်သူ၃၇ဦးခန့်ရှိရာမှ မေလအတွင်း ၅၅ ဦးခန့် ထပ်တိုးမွေးမြူလာ ကြကြောင်း သိရသည်။ထိုကဏန်းပျော့   မွေးမြူရေးလုပ်ငန်းတွင်   မွေးမြူသည့် ကန်တစ် ကန်၌ လုပ်သားအနည်းဆုံး၂၀မှ ၃၀အထိထားရှိပြီးလုပ်ငန်းရှင်များအနေနှင့် တစ်ကန်မှငါးကန်အထိမွေးမြူကြခြင်းဖြစ်သည်။ကဏန်းပျော့များမှာပြည်တွင်း၌ စားသုံးမှုအလွန်နည်းပါးသေးသည့်အတွက် နှစ်စဉ်ပြည်ပသို့ အဓိကထားတင်ပို့နေ ပြီး ပြည်ပနိုင်ငံများကို  နှစ်စဉ် တစ်နှစ်လျှင် တန်ချိန် ၆၀ဝ ကျော် တင်ပို့လျက်ရှိကြောင်း သိရသည်။ထို့ပြင် လက်ရှိတွင်  ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ၌လည်း ကဏန်းပျော့ကို ငါး၊ ပုစွန်ကဲ့သို့ သားဖောက် သုတေ သနလုပ်ငန်း လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။မွေးကန်များတွင်၄၅ ရက်ခန့် မွေးမြူကာအရေခွံလဲချိန်၌ ကဏန်းပျော့ကိုရယူပြီး သံတွဲအအေးခန်းစက်ရုံနှင့် ရန်ကုန်မြို့ရှိ လှိုင်သာယာစက်မှုဇုန်အအေးခန်းစက်ရုံတို့တွင်ထုပ်ပိုးပြုပြင်ပြီး နောက်  ပြည်ပနိုင်ငံများသို့ အအေးခန်းကွန်တိန်နာသင်္ဘောဖြင့် တင်ပို့နေကြောင်း သိရသည်။