ကမ္ဘာ့ကော်ဖီဈေးကွက် မြင့်တက်လာသောကြောင့် မြန်မာနိုင်ငံအနေဖြင့် ကော်ဖီအဓိကထုတ်လုပ်တင်ပို့သည့်နိုင်ငံဖြစ်လာစေရန်စိုက်ဧကများတိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း ကော်ဖီဗဟိုအဖွဲ့မှ သိရသည်။လက်ရှိ ကမ္ဘာ့ကော်ဖီ ကုန်သွယ် မှုတန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံကျော်ရှိကာ International Coffee Organiza tion၏ ခန့်မှန်းချက်များအရ ကမ္ဘာ့ကော်ဖီ သောက်သုံးမှုသည် လာမည့်ငါးနှစ်အတွင်းနှစ်စဉ် ၃ ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်း သိရ သည်။
စီးပွားရေးတိုးတက်သည့် နိုင်ငံတစ်ခု အတွင်းတစ်ဦးချင်းဝင်ငွေ တိုးတက်လာသည်နှင့်အမျှ ကော်ဖီကို ပိုမိုသောက်သုံးလာကြရာ မြန်မာ့ ကော်ဖီအနေဖြင့် နိုင်ငံတကာတွင် ဈေးကွက် ကောင်းတစ်ခုရရှိလာနိုင်သည်ဟု ဆိုသည်။သို့ဖြစ်၍ သီးနှံစုံစိုက်ပျိုးနိုင်သော ဂေဟစနစ်အခြေအနေကောင်းများရှိနေသည့်မြန်မာနိုင်ငံအနေဖြင့်ကော်ဖီစိုက်ဧကများတိုးချဲ့ကာ အရည်အသွေးမြင့်မားသည့်ကော်ဖီများ ထုတ်လုပ်နိုင်ရေး ကို စနစ်တကျ စီမံဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ကော်ဖီကမ္ဘာ့ဈေးကွက် ထိုးဖောက်နိုင်ရေးအတွက်ကော်ဖီဗဟိုအဖွဲ့နှင့်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါ ယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနများနှင့် ကော်ဖီထုတ်လုပ်မှုဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံ အတွင်း အာရေးဗီးကား (ဗမေ-ဘငခေ) ကော်ဖီထုတ်လုပ်နိုင်သည့် တောင်ကုန်း၊ တောင်တန်းဒေသများ၊ ရိုဘတ်စတာ (ျွသဘကျအေ) ကော်ဖီများ ထုတ်လုပ်ရန် သင့်တော်သော မြေပြန့် ဒေသများ ရှိနေသော်လည်းလက်ရှိ ကော်ဖီ ထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်ချိန် ၉၀ဝ၀ ကျော်ခန့် သာ ရှိနေဆဲဖြစ်၍ အထွက်နှုန်း တိုးလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ပြည်တွင်း၌ ကော်ဖီစိုက်ဧက စုစုပေါင်း နှစ်သိန်းကျော်ကို အကောင် အထည်ဖော် စိုက်ပျိုးလျက်ရှိသော်လည်း လက်ရှိတွင် ဧက၅၀ဝ၀ဝကျော် သာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ကော်ဖီကို မြန်မာနိုင်ငံတွင် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့ တွင် အများဆုံး စိုက်ပျိုးပြီး အခြားတိုင်း ဒေသ ကြီး နှင့် ပြည်နယ်အချို့တွင်လည်း အနည်းငယ်စိုက်ပျိုး ကြကြောင်း သိရသည်။
Background