Main menu

Background

ခုတစ်ပတ် ရော်ဘာတန်ချိန် သုံးထောင်နီးပါးတင်ပို့

Tue, 08/30/2022 - 14:46 -- journal_editor

ဇူလိုင် ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ၃ဒသမ၆၀၂ သန်းတန်ဖိုးရှိရော်ဘာတန်ချိန် ၂၃၅၀ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရော်ဘာတန်ချိန် ၁၅၃၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၃၀၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ တန်ချိန် ၆၃၀ နှင့် အင်ဒိုနီးရှားနိုင်ငံသို့  ရော်ဘာတန်ချိန် ၆၀ တင်ပို့ခဲ့ကြောင်း သိရသည်။
ယခုတစ်ပတ် မြန်မာ-ထိုင်းနယ်စပ်မှ  ရော်ဘာတန်ချိန် ၄၃၀ နှင့် မြန်မာ-တရုတ် နယ်စပ်မှ ရော်ဘာတန်ချိန် ၁၂၀ တင်ပို့ခဲ့သဖြင့် နယ်စပ်မှ ရော်ဘာတန်ချိန် စုစုပေါင်း ၅၅၀ တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၁၈ သန်းရရှိခဲ့ သည်။ ယခုတစ်ပတ် ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ ရော်ဘာတင်ပို့မှုတန်ချိန် ၂၉၀ဝ နှင့် တန်ဖိုးအမေရိကန် ဒေါ်လာ၄ဒသမ ၂၂သန်းရရှိခဲ့ကြောင်းသိရသည်။
ယခင်တစ်ပတ် ရော်ဘာတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၉၀ ကျော် တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ၁၀၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။
                                                                                                                                                                  အေးအေးသန့်(CJ)