Main menu

Background

ရေနံချောင်းမြို့နယ်၌ ပဲနောက် ဈေးကောင်းရနေ

Fri, 11/11/2022 - 10:37 -- journal_editor

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ယာမြေများတွင်စိုက်သည့် ပဲနောက်ပင်များ ဆွတ်ခူးနေကြပြီဖြစ်သောကြောင့် စိုက်တောင်သူများ ဝင်ငွေရနေကြောင်း သိရသည်။ မိုးသီးနှံ နှမ်းနှင့် မြေပဲများ စိုက်ပျိုးရိတ်သိမ်း ပြီးနောက် သီးထပ်အဖြစ် မြေပြုပြင်ကာ နွားချေး၊ မြေသြဇာများချ၍ ထွန်ရေး၌ သီးထပ်အဖြစ် ပဲနောက်ကိုစိုက်ကြကြောင်း၊ တောင်သူများအနေဖြင့် မူလသီးနှံနှမ်းနှင့် မြေပဲအပြင် ပဲနောက်ကလည်း ဝင်ငွေရသည့်အပြင် နွားစာအဖြစ် ဖူလုံကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။ "ပဲနောက် လှိုင်လှိုင် ဆွတ်ခူးနေကြပါတယ်။ ယခုနှစ်စိုက် သီးထပ် တွေဖြစ်တဲ့ ပဲနောက်ကနေ ဝင်ငွေရတဲ့အပြင် အပင်အရို  နွားစာအဖြစ် အသုံးဝင်တယ်"ဟု လင်ပင်လျှိကျေးရွာအုပ်စုနေ တောင်သူ တစ်ဦးကပြော သည်။
လက်ရှိ ပဲနောက်ပဲ တစ်တင်းလျှင် ကျပ် ၅၀ဝ၀ဝ ရောင်းရပြီး ရံဖန် ရံခါ ကျပ် ၄၈၀ဝ၀ ဝန်းကျင်ဖြင့် ရောင်းရကြောင်း သိရသည်။ ဒေသတွင်း ပဲနောက်စေ့ကို ပဲပင်ပေါက်အဖြစ်ကြော်၊ ချက်ပြုတ်စားသုံးကြပြီး ပဲပင်ချဉ် အဖြစ် စားသုံး ကြကြောင်း၊   အလှူပွဲလမ်းများတွင် ဝက်သား သို့မဟုတ် အသားဟင်း၊ ငရုတ်သီးကြော်၊ ပဲဟင်းများနှင့် ပဲပင်ချဉ်ကို ဟင်းတစ်မယ်အဖြစ် ဧည့်ခံကျွေးမွေးကြသည်။                                 

ဆန်းညွန့် (ရေနံချောင်း)