Main menu

Background

ရေနံချောင်းမြို့နယ်၌ ပဲလွမ်းကို ကိုင်းမြေများ၌ အဓိကစိုက်ပျိုးလျက်ရှိ

Fri, 11/11/2022 - 10:44 -- journal_editor

ကိုင်းမြေများ၌ ဆီထွက်သီးနှံ မြေပဲ၊ နေကြာအပြင် ပဲမာများအဖြစ် ကုလားပဲ၊ စားတော်ပဲ၊ ပဲတီစိမ်းအပြင် ပဲလွမ်းကိုလည်း အဓိက စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။
ယခုလက်ရှိ  ကိုင်းမြေများတွင် ပဲလွမ်းကို စိုက်နေကြပြီး ပဲလွမ်းမှာ စိုက်ပျိုးစရိတ် သက်သာသည့်အပြင် အသစ်ပေါ်ချိန်၌ ဈေးကောင်းရရှိသဖြင့်  ပဲလွမ်းကို  အဓိကသီးနှံအဖြစ်  စိုက်ပျိုးကြကြောင်း ရေနံချောင်းမြို့နယ် ပဲစိုက်တောင်သူ ဦးထွန်းအေးထံမှ သိရသည်။
ပဲလွမ်းကို မြေပဲစိုက်ခင်းများရိတ်သိမ်းအပြီး၌ သီးထပ်အဖြစ် ယာမြေများ၌ စိုက်ကြကြောင်း၊ လက်ရှိ ပဲလွမ်းအသစ်များမှာ တစ်တင်းလျှင် ကျပ် ၄၇၀ဝ၀ ပေါက်ဈေးရှိကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်တွင် မိုးသီးနှံကို ဇွန်လမှစ၍ မိုးရွာသွန်းမှု အခြေအနေကိုကြည့်ကာ ယာမြေများ၌ ဆီထွက်သီးနှံ  မြေပဲ၊ နှမ်းအပြင်  ပဲမာ အဖြစ် ပဲစင်းငုံ၊ ပဲနောက်၊ ပဲလွမ်းတို့ကို စိုက်ကြပြီး ဆောင်းသီးနှံအဖြစ် အောက်တိုဘာလမှစ၍ ကိုင်းမြေများ၌ ဆီထွက်သီးနှံများအပြင် ပဲမာ အဖြစ် စားတော်ပဲ၊ ကုလားပဲ၊ ပဲလွမ်း၊ ပဲထောပတ်များကို ရာသီမပြတ်  စိုက်ပျိုးကြကြောင်း၊ ယခုကာလတွင် ယာမြေစိုက် ပဲလွန်းအသစ်ပေါ်ချိန်ဖြစ် ကြောင်း၊ ကိုင်းသီးနှံ ပဲလွမ်းများ စိုက်ပျိုး ရာသီဖြစ်ကြောင်း သိရသည်။
ရွှေဇင်