Main menu

Background

ပြည် ချင်းနှင့် ကြက်သွန်ဖြူ ဈေးကွက်

Fri, 11/11/2022 - 12:24 -- journal_editor

ယခုတစ်ပတ်တွင် ပြည်ပွဲရုံများသို့ တစ်ရက်လျှင် ချင်းအိတ်  ၅၀၊ ၆၀  ခန့် ဝင်ရောက်နေသည်။ ဝင်ရောက်လာသော ချင်းများမှာ ချင်းအသစ်များဖြစ်ပြီး အရည်အသွေးကောင်းကာ အစိုဓာတ်အနည်းငယ်သာရှိ၍ အရောင်းအဝယ်ပုံမှန် ဖြစ် သည်။ ဝင်ရောက်မှုများသည့်အတွက် ဈေးအနည်းငယ်ကျလာသည်။ ကထိန်ရာသီဖြစ်သည့်အတွက် ဓားလှီးချင်းသမားများ အဝယ်လိုက်နေသည်။ ယခုတစ်ပတ် ချင်း တစ်ပိဿာလျှင် ပွဲရုံဈေး ကျပ် ၁၅၀ဝ-၁၆၀ဝ သည် အိတ်ဆွဲဈေး ဖြစ်ပြီး လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ဖြင့် ရောင်းချလျက်ရှိသည်။ ချင်းဖတ် တစ်ပိဿာလျှင် ကျပ် ၂၁၀ဝ ဈေးဖြစ် ပြီး ယခင်တစ်ပတ်ကထက် ပွဲရုံဈေး တစ်ပိဿာပေါ်တွင် ၁၀ဝ ကျပ် ဈေးထပ်မံကျဆင်းလာသည်။
 ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းမှ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပတ်လျှင် ပိဿာ ၃၀ ဝင်ဆံ့သော အိတ် ၅၀-၁၀ဝ အတွင်း အဝင်ရှိပြီး ကြူကုတ် မှာ ၁၃-၁၄ ပိဿာဝင်ဆံ့ပြီး တစ်ပတ်လျှင် အိတ် ၂၀ဝ - ၃၀ဝ မန္တလေး ဘက်မှ အဝင်ရှိကြောင်း သိရသည်။ ယခုတစ်ပတ်တွင် ကထိန်အလှူများ ရှိနေသည့်အတွက် ပြည်မြို့နယ်အတွင်း ယခင်ထက် အရောင်းအဝယ်သွက်လျက်ရှိပြီး အခြားမြို့များမှလည်း ပုံမှန်ထက်ပို၍ အမှာများရှိကြောင်းသိရသည်။
ပြည်ဈေးကွက်အတွင်း ကြက်သွန်ဖြူ(ကြူကုတ်) လက်ကား (ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ - ၄၂၀ဝ၊ လက်လီဈေး ကျပ် ၄၃၀ဝ - ၄၅၀ဝ၊ ရှမ်းစ လက်ကား (ပွဲရုံ ဈေး)  တစ်ပိဿာလျှင် ကျပ် ၃၂၀ဝ-၃၅၀ဝ-၃၈၀ဝ-၄၂၀ဝ၊ လက်လီဈေး ကျပ် ၄၀ဝ၀-၄၅၀ဝ ဖြင့် ယခင်အပတ်များက ပုံမှန်အရောင်းအဝယ်ဖြစ်နေရာမှ ယခုတစ်ပတ်တွင် အရောင်းအဝယ်သွက်လျက်ရှိသည်။
 ဆုမွန်ဆွေ၊ ဝင်းဝင်းခိုင်(ပြည်)