Main menu

Background

ကုလားပဲရွက်များ ဈေးကောင်းရ

Wed, 12/14/2022 - 13:52 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ယာမြေများ ၌ စက်တင်ဘာလတွင်ရွာသော မိုးကြောင့် အောက်တိုဘာလဆန်းတွင် ယာမြေများ၌ ကုလားပဲကို မိုးရေအစိုဓာတ်ဖြင့် စတင်စိုက်ပျိုးကြသည်။ အချို့မှာ မိုးရေအစိုဓာတ် အပြင် ရေစက်များဖြင့် ရေတင်၍ စိုက်ပျိုးကြ ကြောင်း၊ ရေဖြင့် ထပ်မံတင်၍ စိုက်ပျိုးသော ယာမြေများသည် မိုးရေဖြင့် စိုက်ပျိုးသော ယာမြေများထက် ပို၍ကောင်းမွန်ပြီး အထွက်နှုန်းပိုမိုကောင်း မွန်ကြောင်း တောင်သူများထံမှ သိရှိရ သည်။
တောင်သူများသည် ကုလားပဲမျိုးကို မိမိ၏အိမ်တွင် သေချာစွာ သိမ်းဆည်းထားပြီး  မျိုးအဖြစ် အသုံးပြုကြသလို  အချို့တောင်သူများ ကလည်း ဝယ်ယူ၍ စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ် ဧကလျှင် ကျပ် ၂၀ဝ၀ဝ၀ ဝန်း ကျင် ကုန်ကျကြောင်း၊ ကုလားပဲသည် ကုန်ကျစရိတ်သက်သာပြီး အချိန်ကုန် သက်သာခြင်းကြောင့် ဝင်ငွေတိုးပြီး နွေရာသီသုံးငွေအဖြစ် ရရှိခြင်းကြောင့် တောင်သူအများစုမှာ အများဆုံး စိုက်ပျိုးကြကြောင်း၊ ယာမြေများတွင် ကုလားပဲ တစ်ဧကလျှင် တစ်တင်း နှုန်းကြဲပက်ရပြီး လယ်မြေများတွင် တစ်ဧကလျှင် တစ်တင်းခွဲနှုန်း ပိုမို၍ စိုက်ပျိုးရကြောင်း၊ အကြောင်းရင်းမှာ  ယာမြေများသည် လယ်မြေများ ထက် မြေသန်ခြင်းကြောင့် ဖြစ်သည်။
ယခုအခါ ကုလားပဲအပင်ပေါက်များ အောင်မြင်စွာဖြစ်ထွန်းနေပြီး ကုလားပဲရွက်များခူး၍ ဈေးထဲတွင် ရောင်းချလျက်ရှိကြောင်း၊ ကုလားပဲ ရွက် တစ်ပိသာလျှင်  ဖောက်သည်ဈေးအနေဖြင့် ကျပ် ၅၀ဝ၀ ရှိပြီး လက်လီဈေးအနေဖြင့်ကုလား ပဲရွက် ၁၀ ကျပ်သားလျှင် ကျပ် ၆၀ဝ ဖြင့် ရောင်းချလျက်ရှိသည်။ ကုလားပဲဈေးနှုန်းများမှာ ကုလားပဲ(ရိုးရိုး)တစ် တင်းလျှင် ကျပ် ၅၄၀ဝ၀ ၊ ကုလားပဲ (V2) တစ်တင်းလျှင်  ကျပ် ၆၄၀ဝ၀ နှင့် ကုလားပဲဆံတစ်ပိဿာလျှင် ကျပ် ၄၂၀ဝ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။                                                                    

မြင့်မြင့်ဝင်း-၁