Main menu

Background

နိုဝင်ဘာလအတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှုအခြေအနေ  

Tue, 12/20/2022 - 11:22 -- journal_editor

နိုဝင်ဘာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၈၄ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၇၅၀ဝ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၆၇၀ဝ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၅၆၀ နှင့် အီရန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၄၀ ကျော် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး အောက်တိုဘာလနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၅၁၅၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။
နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း  မြန်မာ-တရုတ်နှင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုများမှ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၃၈၃ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၄၀၅၀ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုများမှာ တရုတ်နိုင်ငံသို့ ရော်ဘာ တန်ချိန် ၂၂၂၆၀ ကျော်နှင့် ထိုင်းနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၇၉၀ ကျော် တင်ပို့ခဲ့သည်။ အနီးစပ်ဆုံး အောက်တိုဘာလနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၁၃၇၃၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။
နိုဝင်ဘာလအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှ  ရော်ဘာတန်ချိန် ၃၁၅၅၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၆၆၇ သန်း ရရှိခဲ့ သည်။
နိုဝင်ဘာလအတွင်း ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၁၄၇ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၂၂၁၂၇၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။ နိုင်ငံအလိုက် တင်ပို့မှုများမှာ ဗီယက်နမ်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၂၆၆၈၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၄၁၉၄၀ ကျော်၊ တရုတ်နိုင်ငံသို့ ပြောင်း တန်ချိန် ၃၀၄၇၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၆၂၀ဝ၊ သီရိလင်္ကာနိုင်ငံသို့ ပြောင်းတန်ချိန် ၃၀ဝ၀ ခန့်၊ မလေးရှားနိုင်ငံသို့ ပြောင်းတန်ချိန် ၁၉၂၀ ကျော်နှင့် စင်ကာပူနိုင်ငံသို့ ပြောင်း ၄၆ တန် တင်ပို့ခဲ့ပြီး တောင်အမေရိကတိုက်ရှိ ဆူရာနမ်နိုင်ငံသို့  ပြောင်းတန်ချိန် ၁၀ဝ၀ တင်ပို့ခဲ့ကြောင်း  သိရသည်။ အောက်တိုဘာလ  ပြောင်းတင်ပို့မှုနှင့် တန်ချိန် ၄၆၀ဝ၀ ပိုမို တင်ပို့ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၀၂သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၂၅၂၂၀ ကျော် တင်ပို့ခဲ့သည်။ ယခင်လ တင်ပို့မှုထက် တန်ချိန် ၂၂၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ပြောင်းတန်ချိန် ၂၄၆၄၉၀ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၃၄၉ သန်း ရရှိခဲ့သည်။ 
အေးအေးသန့် (DOT)